Monday, January 27, 2020

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ ရှိလာပါက ကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်ထား


Image may contain: 6 people, people standing and indoor
တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် 2019 Novel Coronavirus (2019-nCoV) သံသယလူနာများ၊ ရောဂါအတည်ပြုလူနာများရှိလာပါက ကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများအား ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ရောဂါကာကွယ်မှုဆိုင်ရာ အသိပညာအချက်အလက်များ၊ သတင်းပေးပို့ရမည့် အခြေအနေနှင့် လမ်းကြောင်းများကို ကြိုတင်အသိပေးထားရမည်ဖြစ်ေြကာင်း ကျန်းမာရေးနှင့်အားကစားဝန်ြကီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။

ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများမရှိေသာ်လည်း ၎င်းတို့တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများကို မှတ်သားထားရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာတည်းခိုခန်းနှင့် ဟိုတယ်များသို့ အဆိုပါခရီးသည်များ နာမကျန်းဖြစ်သည်ဟု သံသယရှိပါက ကျန်းမာရေးဌာသို့ အသိပေးအကြောင်းကြားပေးရန် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသည်။

ရောဂါကူးစက်ခံရသူ အများစုသည် ဆီးချို၊ Parkinson’s နှင့် အခြားသောနာတာရှည်ရောဂါများ ခံစားနေရသည့် သက်ကြီးရွယ်အိုများဖြစ်တတ်ြကပြီး ယခုအချိန်အထိ ဆေးဝါးမရှိသေးကြောင်း သိရသည်။

ရောဂါကူးစက်ခံရခြင်းအန္တရာယ်မှ လျော့ကျစေရန် လက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုရှိစေရန်နှင့် လုံခြုံမှုရှိသောစားသောက်နေထိုင်မှု ပုံစံရှိစေရန် ညွှန်ကြားထားသည်။ ထို့ပြင် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ အဖျားရှိသူများ သို့မဟုတ် ၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့ပြီးချိန်၊ အကာအကွယ်မပါဘဲ မွေးမြူရေးတိရစ္ဆာန်များ သို့မဟုတ် သားရိုင်းတိရစ္ဆာန်မများနှင့် ထိတွေ့ပြီးချိန်များ၌ လက်ကို ပုံမှန်ဆေးကြောပေးရန် လိုအပ်သည်ဟု သိရသည်။

နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မူဆယ်၊ ကန်ပိုက်တီး၊ မြဝတီ၊ တာချီလိတ်၊ တမူးအပါအဝင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနှင့် မြန်မာ-အိန္ဒိယနယ်စပ်ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဗဟိုကူးစက်ရောဂါဌာနခွဲ (CEU) မှ ကပ်ရောဂါဗေဒဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးကို လုပ်ငန်းများ ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ချထားမည်ဖြစ်ကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သတင်း - အေးမြတ်မွန်(ယုဇန)
ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
(Unicode Version)
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ ရှိလာပါက ကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်ထား

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ် 2019 Novel Coronavirus (2019-nCoV) သံသယလူနာများ၊ ရောဂါအတည်ပြုလူနာများရှိလာပါက ကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်များရှိဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ၊ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများအား ရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ ရောဂါကာကွယ်မှုဆိုင်ရာ အသိပညာအချက်အလက်များ၊ သတင်းပေးပို့ရမည့် အခြေအနေနှင့် လမ်းကြောင်းများကို ကြိုတင်အသိပေးထားရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီ ၂၅ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သော အစည်းအဝေး၌ ပြောကြားသည်။

ရောဂါဖြစ်ပွားရာဒေသများမှ ဝင်ရောက်လာသော ခရီးသည်များသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ်က သံသယဖြစ်ဖွယ်လက္ခဏာများမရှိသော်လည်း ၎င်းတို့တည်းခိုနေထိုင်မည့် ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများကို မှတ်သားထားရှိပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှတစ်ဆင့် သက်ဆိုင်ရာတည်းခိုခန်းနှင့် ဟိုတယ်များသို့ အဆိုပါခရီးသည်များ နာမကျန်းဖြစ်သည်ဟု သံသယရှိပါက ကျန်းမာရေးဌာသို့ အသိပေးအကြောင်းကြားပေးရန် ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားသည်။

ရောဂါကူးစက်ခံရသူ အများစုသည် ဆီးချို၊ Parkinson’s နှင့် အခြားသောနာတာရှည်ရောဂါများ ခံစားနေရသည့် သက်ကြီးရွယ်အိုများဖြစ်တတ်ကြပြီး ယခုအချိန်အထိ ဆေးဝါးမရှိသေးကြောင်း သိရသည်။

ရောဂါကူးစက်ခံရခြင်းအန္တရာယ်မှ လျော့ကျစေရန် လက်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုရှိစေရန်နှင့် လုံခြုံမှုရှိသောစားသောက်နေထိုင်မှု ပုံစံရှိစေရန် ညွှန်ကြားထားသည်။ ထို့ပြင် ပြင်းထန်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါခံစားနေရသူများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ အဖျားရှိသူများ သို့မဟုတ် ၎င်းတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် တိုက်ရိုက်ထိတွေ့ပြီးချိန်၊ အကာအကွယ်မပါဘဲ မွေးမြူရေးတိရစ္ဆာန်များ သို့မဟုတ် သားရိုင်းတိရစ္ဆာန်မများနှင့် ထိတွေ့ပြီးချိန်များ၌ လက်ကို ပုံမှန်ဆေးကြောပေးရန် လိုအပ်သည်ဟု သိရသည်။

နိုင်ငံတကာဝင်ပေါက်၊ ထွက်ပေါက်များဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မူဆယ်၊ ကန်ပိုက်တီး၊ မြ၀တီ၊ တာချီလိတ်၊ တမူးအပါအဝင် မြန်မာ-တရုတ်၊ မြန်မာ-ထိုင်းနှင့် မြန်မာ-အိန္ဒိယနယ်စပ်ဝင်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ဗဟိုကူးစက်ရောဂါဌာနခွဲ (CEU) မှ ကပ်ရောဂါဗေဒဆိုင်ရာ ဆရာဝန်ကြီးတစ်ဦးကို လုပ်ငန်းများ ကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ချထားမည်ဖြစ်ကြောင်း ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

သတင်း - အေးမြတ်မွန်(ယုဇန)
ဓာတ်ပုံ - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

No comments:

Post a Comment

My Blog List