Friday, January 31, 2020

KIA အဖွဲ့မှ အဖွဲ့ဝင် ၂၁ ဦး တပ်မတော်ထံ အလင်းဝင်ရောက်

Image may contain: one or more people, people standing and outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ (၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိလာခြင်း၊ တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မုံးကိုးတပ်နယ်မှ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

[Unicode]
KIA အဖွဲ့မှ အဖွဲ့ဝင် ၂၁ ဦး တပ်မတော်ထံ အလင်းဝင်ရောက်

နေပြည်တော် ၊ ဇန်နဝါရီ - ၃ဝ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စခန်းသို့ ယနေ့နံနက်ပိုင်းတွင် KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိသူ (၃)ဦးအပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁ဝ လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

၎င်းတို့အနေဖြင့် ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေးရရှိရန် အမှန်တကယ် ဆန္ဒရှိလာခြင်း၊ တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မုံးကိုးတပ်နယ်မှ တာဝန်ရှိသူများက လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

My Blog List