Monday, January 27, 2020

ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက် တရုတ်နှင့် ဆက်ဆံရေး အနှစ်သာရကွာခြားကြောင်း မုံရွာအောင်ရှင်ပြော

ယခင်အစိုးရလက်ထက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနှင့် ယခုအစိုးရ လက်ထက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အနှစ်သာရချင်း ကွာခြားကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“သမ္မတ ဦးသိန်းစိန် လက်ထပ် ဒါမှမဟုတ် အဲဒီအရင်ပေါ့နော်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထပ်က တရုတ်နဲ့ဆက်ဆံရေးနဲ့ ဒီကနေ့ NLD အစိုးရ လက်ထပ်မှာ အနှစ်သာရ အရကွာတယ်။ ဟိုတုန်းကနဲ့ အခုက အခြေအနေအရလည်း ကွာတာပေါ့ ။ ဟို တုန်းကတော့ အနောက် အင်အားကြီး နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ ထားတာတွေ၊ လူရာမသွင်းတာတွေ ရှိလာတဲ့ အခါ ကျတော့ ကျွန်တော်တို့မှာ ဆက်ဆံဖို့က အာဆီယံနဲ့ တရုတ်ပဲရှိတာကို” ဟု NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ဆောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တ ရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများချဲ့ထွင်လာမှုကြောင့် ပြည်သူလူထု၏ ဝေဖန်မှုများကို အစိုးရအဆက်ဆက် ခံခဲ့ရသည့် အ ခြေအနေများလည်းရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖိန်၏ တရားဝင် မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာနဲ့ သဘောတူစာချုပ် ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက် တရုတ်နှင့် ဆက်ဆံရေး အနှစ်သာရကွာခြားကြောင်း မုံရွာအောင်ရှင်ပြော
------ ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန ) ------
ယခင်အစိုးရလက်ထက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးနှင့် ယခုအစိုးရ လက်ထက် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး အနှစ်သာရချင်း ကွာခြားကြောင်း NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
“သမ္မတ ဦးသိန်းစိန် လက်ထပ် ဒါမှမဟုတ် အဲဒီအရင်ပေါ့နော်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထပ်က တရုတ်နဲ့ဆက်ဆံရေးနဲ့ ဒီကနေ့ NLD အစိုးရ လက်ထပ်မှာ အနှစ်သာရ အရကွာတယ်။ ဟိုတုန်းကနဲ့ အခုက အခြေအနေအရလည်း ကွာတာပေါ့ ။ ဟို တုန်းကတော့ အနောက် အင်အားကြီး နိုင်ငံတွေက မြန်မာနိုင်ငံကို ပိတ်ဆို့ ထားတာတွေ၊ လူရာမသွင်းတာတွေ ရှိလာတဲ့ အခါ ကျတော့ ကျွန်တော်တို့မှာ ဆက်ဆံဖို့က အာဆီယံနဲ့ တရုတ်ပဲရှိတာကို” ဟု NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ဆောက်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး တ ရုတ်နိုင်ငံ၏ စီးပွားရေး လုပ်ငန်းများချဲ့ထွင်လာမှုကြောင့် ပြည်သူလူထု၏ ဝေဖန်မှုများကို အစိုးရအဆက်ဆက် ခံခဲ့ရသည့် အ ခြေအနေများလည်းရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်သမ္မတ ရှီကျင့်ဖိန်၏ တရားဝင် မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာနဲ့ သဘောတူစာချုပ် ၃၃ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List