Thursday, January 30, 2020

ချေးငွေထဲက စီမံကိန်းဘယ်နှစ်ခု အကောင်အထည်ဖော်နိုင်ပြီလဲဆန်းစစ်ရန် လွှတ်တော်အမတ်ထောက်ပြ


Image may contain: 4 people, people sitting
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ချေးငွေရယူသည်ပြီးဆောင်ရွက်သည့် စီမံကိန်းဘယ်နှစ်ခုကို အကောင် အထည်ဖော်နိုင်ပြီလဲဟု ဆန်းစစ်ရန် ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးစိုးသိန်းက ထောက်ပြပြောဆိုလိုက်သည်။
“တိုင်းဒေသကြီးအစိုးရတွေအနေနဲ့လည်း ဘက်ဂျက်သုံးစွဲတာ အများဆုံးလို့မြင်မိပါတယ်။ ချေးငွေထဲက ဘယ် နှစ်ခု အကောင်အထည်ဖော်ပြီးပြီလဲ ဆန်းစစ်ဖို့လိုပါတယ်”ဟု ဦးစိုးသိန်းကပြောသည်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း စွန့်ပစ်အ မှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေး ငွေယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးစိုးသိန်းက အထက်ပါ အတိုင်းထည့်သွင်းပြော ဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ချေးငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခုချေးငွေ ချေးမည်ဆိုပါက အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းကပြောကြားခဲ့သည်

ထိုသို့ ချေးယူမှုအပေါ် ပြန်ဆပ်နိုင်မည်ဆိုသော်လည်း တိုင်းဒေသကြီးတခုတည်း ချေးယူနေမှုသည် များနေ ကြောင်းကိုလည်းစဉ်းစားသင့်ကြောင်း ၎င်းကထောက်ပြပြောဆိုသည်။

ထို့ပြင် အမှိုက်ပြဿနာသည် လူဦးရေထူထပ်သည့်မြို့များတွင် ကြုံတွေ့နေရခြင်းဖြစ်ပြီး အမှိုက်ပြဿနာကို အစိုးရနှင့်ပြည်သူ ရှင်းကြရမည်ဖြစ်ကာ နိုင်ငံတစ်ဝှမ်း အမှိုက်မှစွမ်းအင်ထုတ်သည့် စက်ရုံများစွာလိုအပ်နေ ကြောင်း ပြောဆိုသည်။

ယင်းအတွက်ကြောင့် ချေးငွေချေးယုူမည့် အစိုးရအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြချက်များကို နားထောင်ကြည့်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အမှိုက်သိမ်းစနစ်အတွက် နိုင်ငံခြားငွေ ယူရိုသန်း ၅၀ ချေးကာ နှစ် ၆၀ ကျော်အကြွေးပြန်ဆပ်ရမည့်ကိစ္စ မဖြစ်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။


-----------------------------------------------------------------------

(Zawgyi)

ချေးငွေထဲက စီမံကိန်းဘယ်နှစ်ခု အကောင်အထည်ဖော်နိုင်ပြီလဲ ဆန်းစစ်ရန် လွှတ်တော်အမတ်ထောက်ပြ

ဇန်နဝါရီ ၃၀
ယဉ်ကေနွယ်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ချေးငွေရယူသည်ပြီးဆောင်ရွက်သည့် စီမံကိန်းဘယ်နှစ်ခုကို အကောင် အထည်ဖော်နိုင်ပြီလဲဟု ဆန်းစစ်ရန် ကယားပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)၊ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးစိုးသိန်းက ထောက်ပြပြောဆိုလိုက်သည်။

“တိုင်းဒေသကြီးအစိုးရတွေအနေနဲ့လည်း ဘက်ဂျက်သုံးစွဲတာ အများဆုံးလို့မြင်မိပါတယ်။ ချေးငွေထဲက ဘယ် နှစ်ခု အကောင်အထည်ဖော်ပြီးပြီလဲ ဆန်းစစ်ဖို့လိုပါတယ်”ဟု ဦးစိုးသိန်းကပြောသည်။

ဇန်နဝါရီ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအေ၀းတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း စွန့်ပစ်အ မှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေး ငွေယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ဦးစိုးသိန်းက အထက်ပါ အတိုင်းထည့်သွင်းပြော ဆိုလိုက်ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ချေးငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရှိပြီး ယခုချေးငွေ ချေးမည်ဆိုပါက အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်သွားမည်ဖြစ်ကြောင်း ဦးစိုးသိန်းကပြောကြားခဲ့သည္။

ထိုသို့ ချေးယူမှုအပေါ် ပြန်ဆပ်နိုင်မည်ဆိုသော်လည်း တိုင်းဒေသကြီးတခုတည်း ချေးယူနေမှုသည် များနေ ကြောင်းကိုလည်းစဉ်းစားသင့်ေကြာင်း ၎င်းကထောက်ပြပြောဆိုသည်။

ထို့ပြင် အမှိုက်ပြဿနာသည် လူဦးရေထူထပ်သည့်မြို့များတွင် ကြုံတွေ့နေရခြင်းဖြစ်ပြီး အမှိုက်ပြဿနာကို အစိုးရနှင့်ပြည်သူ ရှင်းကြရမည်ဖြစ်ကာ နိုင်ငံတစ်ဝှမ်း အမှိုက်မှစွမ်းအင်ထုတ်သည့် စက်ရုံများစွာလိုအပ်နေ ကြောင်း ပြောဆိုသည်။

ယင်းအတွက်ကြောင့် ချေးငွေချေးယုူမည့် အစိုးရအနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေး တင်ပြချက်များကို နားထောင်ကြည့်ရန် လိုအပ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။

ပုလဲမဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အမှိုက်သိမ်းစနစ်အတွက် နိုင်ငံခြားငွေ ယူရိုသန်း ၅၀ ချေးကာ နှစ် ၆၀ ကျော်အကြွေးပြန်ဆပ်ရမည့်ကိစ္စ မဖြစ်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။

#TheFifthWaveNews

No comments:

Post a Comment

My Blog List