Thursday, January 30, 2020

ဗိုင်းရပ်စ်ဖြစ်စဉ်သတင်းနှင့်တွဲကာ မိမိဓာတ်ပုံများကို အသုံးမပြုရန် ဝူဟန်ရောက် ဆရာဝန် မေတ္တာရပ်ခံ

Image may contain: 1 person, standing and car
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသူ ဆရာဝန်တစ်ဦး၏ဓာတ်ပုံများကို ဗိုင်းရပ်စ်ဖြစ်စဉ် သတင်းများနှင့်တွဲကာ မီဒီယာအချို့၌ ဖော်ပြနေမှုများ ထပ်မံမပြုလုပ်ရန် ကာယကံရှင်ဖြစ်သူ ဒေါက်တာခင်သီရိက မေတ္တာရပ်ခံသည်။

ဝူဟန်၌ အခက်အခဲကြုံနေရမှုများကို လူမှုကွန်ရက်မီဒီယာစာမျက်နှာတချို့ကဖော်ပြပေးခြင်းကို ကျေးဇူးတင်သော်လည်း မိမိဓာတ်ပုံများကို ခွင့်ပြုချက်မယူဘဲ အသုံးပြုခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ၎င်းက ဆိုသည်။
“ဒီလိုအသုံးပြုနေတာကို ကျွန်မအနေနဲ့လည်း ဘယ်လိုကန့်ကွက်ရမလဲမသိတော့ဘူး။ သူတို့လည်း သိစေချင်လို့ ကူညီပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့တစ်ခုဖြန့်ဝေတော့ ကျန်တဲ့သူတွေကလည်း Share ကြတော့ မီဒီယာနာမည်နဲ့ စာမျက်နှာတွေတော်တော်များများမှာတွေ့ရတယ်။ တချို့လူမှုကွန်ရက်စာမျက်နှာတွေကိုတော့ စာပို့ထားတာတော့ရှိပါတယ်” ဟု မခင်သီရိက ပြောသည်။
လတ်တလောဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်နှံ့ရာ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစားအသောက်အခက်အခဲကြုံနေရကြောင်း ၎င်းက ဆိုသည်။
ဝူဟန်မြို့၌ ပညာသင်ယူနေသည့် မြန်ကျောင်းသား၊ကျောင်းသူ ၆၃ ဦးကို အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ် ဆောင်ရွက်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
(Unicode Version)

No comments:

Post a Comment

My Blog List