Wednesday, January 29, 2020

အသက်ကြီးပိုင်း တပ်မတော်သားနှစ်ဦးကို ပထမအသုတ်အနေဖြင့် အေအေပြန်လွှတ်


Image may contain: 2 people, outdoor
တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့်အထဲမှ အသက်ကြီးပိုင်း တပ်မတော်သားနှစ်ဦးကို လူသားချင်းစာနာထောက်ထား၍ ၂၀၂၀ပြည့်နှစ်အတွင်း "ပထမအသုတ်"အနေဖြင့် ပြန်လည်လွှတ်ပေးလိုက် ပြီဖြစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
ယင်းထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ် ပကာဝရွာ အနောက်ဘက်ရှိ ကာမချောင်း၊ (ဒေသအခေါ် - ကောရမ ချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်၌ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မ (၇၇) လက်အောက်ခံမှော်ဘီအခြေစိုက် ခမရ(၃၁၃)မှ အရာရှိတစ်ဉီးအပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၁၃ဦးအား အေအေလက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိသူများအား စည်းကမ်းနှင့်အညီ ထိန်းသိမ်းထားသည်မှာ ယခုအချိန်တွင် နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပါရှိသည်။

အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးရမိထားသည့် ၁၃ဦးထဲမှ အသက်အရွယ်ကြီးကာ နဂိုကျန်းမာရေးအားနည်းသူ နှစ်ဦးဖြစ်သော တပ်ကြပ် ဦးမောင်ထွေး (၄၉)နှစ်နှင့် တပ်ကြပ် ဦးဇော်ဇော် (၅၃)နှစ်တို့ကို လူသားချင်း စာနာထောက်ထားသောအားဖြင့်၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပလက်ဝမြို့နယ် ကင်းတလင်းရွာရှိ ရပ်မိရပ်ဖများ၏ လက်ထဲသို့ ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီးပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူ ၁၃ ဦးထဲမှ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း ပါရှိသည်။

ထို့ပြင် တပ်မတော်က အေအေလက်နက်ကိုင်အဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော စစ်ဆင်ရေး ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ဆင်ရေးနယ်မြေများအတွင်း ဖမ်းဆီးရမိထားသော မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္များကို ဖမ်းဆီးထိန်းသိမ်းထားဆဲပင်ြဖစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပုဒ်မ အမျိုမျိုးတပ်ကာ ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူများနှင့် အေအေလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို မြန်မာအစိုးရဘက်မှ လွှတ်ပေးမည်ဆိုပါက အေအေလက်နက်ကိုင်အဖွဲ့က ထိန်းသိမ်းထားသည့် မြန်မာ့အစိုးရ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို အပြုသဘောဆောင် ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်းတတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သတင်း - နောင်လေး
The Standard Time Daily
(Unicode Version)
အသက်ကြီးပိုင်း တပ်မတော်သားနှစ်ဦးကို ပထမအသုတ်အနေဖြင့် အေအေပြန်လွှတ်

တိုက်ပွဲများအတွင်း ဖမ်းဆီးရမိထားသည့်အထဲမှ အသက်ကြီးပိုင်း တပ်မတော်သားနှစ်ဦးကို လူသားချင်းစာနာထောက်ထား၍ ၂၀၂၀ပြည့်နှစ်အတွင်း "ပထမအသုတ်"အနေဖြင့် ပြန်လည်လွှတ်ပေးလိုက် ပြီဖြစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။

ယင်းထုတ်ပြန်ချက်တွင် ပလက်၀မြို့နယ် ပကာ၀ရွာ အနောက်ဘက်ရှိ ကာမချောင်း၊ (ဒေသအခေါ် - ကောရမ ချောင်း) အနောက်ဘက်ရှိ တောင်တန်းပေါ်၌ ၂၀၁၉ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း တပ်မ (၇၇) လက်အောက်ခံမှော်ဘီအခြေစိုက် ခမရ(၃၁၃)မှ အရာရှိတစ်ဉီးအပါအဝင် စုစုပေါင်း တပ်ဖွဲ့ဝင် ၁၃ဦးအား အေအေလက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း လက်ရဖမ်းဆီးရမိခဲ့ပြီး ၎င်းဖမ်းဆီးရမိသူများအား စည်းကမ်းနှင့်အညီ ထိန်းသိမ်းထားသည်မှာ ယခုအချိန်တွင် နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပါရှိသည်။

အေအေလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးရမိထားသည့် ၁၃ဦးထဲမှ အသက်အရွယ်ကြီးကာ နဂိုကျန်းမာရေးအားနည်းသူ နှစ်ဦးဖြစ်သော တပ်ကြပ် ဦးမောင်ထွေး (၄၉)နှစ်နှင့် တပ်ကြပ် ဦးဇော်ဇော် (၅၃)နှစ်တို့ကို လူသားချင်း စာနာထောက်ထားသောအားဖြင့်၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပလက်၀မြို့နယ် ကင်းတလင်းရွာရှိ ရပ်မိရပ်ဖများ၏ လက်ထဲသို့ ကောင်းမွန်စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီးပြန်လည်လွှတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဖမ်းဆီးရမိသူ ၁၃ ဦးထဲမှ ၁၁ ဦးသာ ကျန်ရှိတော့ကြောင်း ပါရှိသည်။

ထို့ပြင် တပ်မတော်က အေအေလက်နက်ကိုင်အဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော စစ်ဆင်ရေး ဒေသအသီးသီးတို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် စစ်ဆင်ရေးနယ်မြေများအတွင်း ဖမ်းဆီးရမိထားသော မြန်မာအစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ဖမ်းဆီးထိန်းသိမ်းထားဆဲပင်ဖြစ်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံရေးနှင့်ဆက်စပ်ပြီး ပုဒ်မ အမျိုမျိုးတပ်ကာ ဖမ်းဆီးထားသည့် အပြစ်မဲ့ ရခိုင်ပြည်သူများနှင့် အေအေလက်နက်ကိုင်တပ်ဖွဲ့ဝင်များကို မြန်မာအစိုးရဘက်မှ လွှတ်ပေးမည်ဆိုပါက အေအေလက်နက်ကိုင်အဖွဲ့က ထိန်းသိမ်းထားသည့် မြန်မာ့အစိုးရ၏ လက်နက်ကိုင် တပ်ဖွဲ့ဝင်များကို အပြုသဘောဆောင် ပြန်လွှတ်ပေးသွားမည်ဖြစ်ကြောင်းတတိယအကြိမ် ထပ်မံကမ်းလှမ်းလိုက်ကြောင်း အေအေလက်နက်ကိုင်အဖွဲ့၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

သတင်း - နောင်လေး

The Standard Time Daily

No comments:

Post a Comment

My Blog List