Wednesday, January 29, 2020

စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်းလုပ်ငန်းများ အွန်လိုင်းဖြင့် စတင်လျှောက်ထားနိုင်မည်

Image may contain: 1 person, standing
မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဗီဇာ သက်တမ်းတိုး ထောက်ခံခြင်းလုပ်ငန်းများ (Business Visa Extension) ကို လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ Online Application form အသုံးပြု၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
လက်ရှိအချိန်တွင် ခေတ်စနစ်နှင့် ပိုမိုလိုက်လျော ညီထွေဖြစ်စေပြီး လာရောက်လျှောက်ထားသူ မြန်မာနိုင်ငံ သားများ၊ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီများ၊ Branch Office များ ပိုမိုအဆင်ပြေ လွယ်ကူစေရေးအတွက် အဆိုပါသက်တမ်းတိုး ထောက်ခံချက်ကို Online Application Form အသုံးပြု၍ လျှောက်ထားသည့် စနစ်အား ၂၀၂၀ ခုနှစ်တွင် အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ရာ လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်းသိရသည်။

"ကုမ္ပဏီတွေအနေနဲ့ Business Visa Extension ထောက်ခံချက်ကို Online ကလျှောက်ထားနိုင်တဲ့အတွက် အချိန်ကုန်သက်သာခြင်း၊ လွယ်ကူလျှင်မြန်ခြင်းနဲ့ ကုန်ကျစရိတ် သက်သာစေမှာ ဖြစ်ပါတယ်။ ထောက်ခံချက် ထုတ်ယူချိန် တစ်ကြိမ်ပဲ ရုံးကိုလာရောက်ရမှာ ဖြစ်ပါတယ်။ ဒီလို လျှောက်ထားရာမှာလည်း ပထမစမ်းသပ် ကာလဖြစ်သည့် ဖေဖော်ဝါရီလအတွင်း လူကိုယ်တိုင် လျှောက်ထားတဲ့စနစ်ကိုပါ လက်ခံဆောင်ရွက်မှာ ဖြစ်ပါတယ်။ မတ်လကုန်မှာ အွန်လိုင်းစနစ်ကိုပဲ အပြီးသတ်ပြောင်းလဲ ကျင့်သုံးသွားရမှာဖြစ်ပါတယ်"ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။

ဗီဇာ သက်တမ်းတိုး ထောက်ခံခြင်းအတွက် လျှောက်ထားရာတွင် ယခင်ကစာရွက်စာတမ်း ၁၆ မျိုး တင်ပြစေ ခဲ့ရာမှ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန တာဝန်ယူချိန်မှစတင်ကာ Online မှ Application form ရယူဖြည့်သွင်းပြီး အထောက်အထား ၄ မျိုးသာတင်ပြစေခြင်းဖြင့် လျော့ချဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အွန်လိုင်းစနစ်ဖြင့် Business Visa ထောက်ခံချက်ကို လျှောက်ထားရာတွင် သက်ဆိုင်ရာ နိုင်ငံခြားသား၏ နိုင်ငံ ကူးလက်မှတ်ပါ အချက်အလက်များ၊ လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစား အပြည့်အစုံနှင့် ဝင်ငွေခွန်ပြေစာများ အပါအဝင် သက်ဆိုင်ရာ အချက်အလက်များကို ဖြည့်သွင်းလျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။

"ဒီလိုလျှောက်ထားရာမှာလည်း မြန်မာနိုင်ငံမှာ ကုန်သွယ်ရေး လုပ်ငန်း လုပ်နေတဲ့ နိုင်ငံခြားသား ပိုင်ကုမ္ပဏီ၊ ဖက်စပ်ကုမ္ပဏီနဲ့ ပြည်တွင်းကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေအားလုံး အွန်လိုင်းကနေ လျှောက်ထားနိုင်ပါတယ်"ဟု ၎င်းကပြောသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အနေဖြင့်လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကိုယ်စား ကုန်သွယ်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် မြန်မာ၊ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများ၊ နိုင်ငံ ခြားသားပိုင် ကုမ္ပဏီများ၊ Branch Office များမှပညာရှင်များ၊ အကြံပေးများနှင့် အဆင့်မြင့် နိုင်ငံခြားသား ဝန်ထမ်းများ၏ စီးပွားရေးဗီဇာသက်တမ်းတိုး ထောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

-----------------------------------------------------------------

(Zawgyi)

စီးပွားရေးဗီဇာ သက်တမ်းတိုးထောက်ခံခြင်းလုပ်ငန်းများ အွန်လိုင်းဖြင့် စတင်လျှောက်ထားနိုင်မည်

ဇန္နဝါရီ ၂၈
ဝေဝေဖြိုး

#TheFifthWaveNews

No comments:

Post a Comment

My Blog List