Friday, January 31, 2020

ဆရာဆရာမများ အတွက် ရှာပါးစရိတ်လိုချင်ခြင်းသည် လောဘတက်တာမဟုတ်ဟု မင်းကင်း ပြည်ခိုင်ဖြိုးအမတ်ပြော


Image may contain: 7 people, people sitting and indoor
ဝေးလံခေါင်သီသည့်ဒေသများ တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ အနေဖြင့် ရှာပါးစရိတ်လိုချင်ခြင်းသည်လောဘတက်တာမဟုတ်ဘဲ ရပိုင်ခွင့်မရရှိသဖြင့်တောင်းဆိုခြင်းသာ ဖြစ်ကြောင်း မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ကပြောဆိုလိုက်သည်။
"လုပ်ဖော်ကိုင်ဖက်တွေ ရှားပါးစရိတ်ရရင် မနီးမဝေးမှာ Criteria တူတဲ့နေရာမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဆရာဆရာမတွေလည်း ရှားပါးစရိတ် လိုချင်တယ်ဆိုတာ လောဘတက်တာမဟုတ်ဘဲနဲ့ Right ကိုမရလို့တောင်းဆိုတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ Mismanagement နဲ့ Misconduct ကြောင့် အခုလိုနစ်နာနေရတဲ့ ဝန်ထမ်းတွေရဲ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တင်ပြခြင်း၊ တနည်းအားဖြင့် Check and balance လုပ်ခြင်းဟာလည်း အစိုးရကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးဆိုတာ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော့မဲဆန္ဒနယ်လိုပဲ အခြားမဲဆန္ဒနယ်များမှာလည်း အခုလိုမှားယွင်းမှုတွေ ရှိနေနိုင်တာကို ဂရုပြုစေလိုပါတယ်"ဟု ပြောကြားခဲ့သည်။

ယမန်နေ့ ကျင်းပသည့် အစည်းအဝေးတွင် ဦးမောင်မြင့်မှ ''မင်းကင်းမြို့နယ်ရှိ ဝေးလံခေါင်ဖျား ဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် အထက်ပါ အတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့မေးမြန်းမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်၍ ''ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသ သတ်မှတ်ထားသည့် မြို့နှင့်ကျေးရွာအုပ်စုများတွင် ၂နှစ်လျှင် တစ်ကြိမ် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေကိုစိစစ်၍ ဒေသစရိတ်ခံစားခွင့်ရှိသည် ဒေသအဖြစ်မှ ပယ်ဖျက်ခြင်း အဆင့်လျော့ချခြင်း ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသည့် ဒေသအဖြစ်ထပ်မံ သတ်မှတ်ပေးနိုင်ရန် တင်ပြလာ ပါက အခြေခံ အချက်၁၁ချက်နှင့် ညီညွတ်မှုရှိမရှိစိစစ်ဆောင်ရွက်ပြီး တင်ပြရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ဖြေကြားခဲ့မှုနှင့်ပတ်သက်၍ ဦးမောင်မြင့်ကဆက်လက်၍ '' အခုဟာက ချွတ်ချော်မှုကြောင့် ကျန်နေခဲ့တဲ့ ကိစ္စတွေဖြစ်တယ်။ အဲ့ဒါတွေကို အထူးကိစ္စအနေနဲ့ စဉ်းစားပေးဖို့လိုတယ်ဆိုတာကို တင်ပြချင်တာ၊ လက်ရှိအစိုးရကို တော်တော်များများလူတွေက ပြောနေကြတယ်၊ ပြည်သူ့အစိုးရ ပြည်သူ့တွေအတွက် ကျန်နေခဲ့လို့ပြောတာ။ နစ်နာတဲ့သူတွေအတွက် တင်ပြရမယ်၊ အဲ့ဒါကိုခင်ဗျားတို့ရဲ့သတ်မှတ်ထားတဲ့ ၂နှစ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လာမတိုင်းပါနဲ့၊ လာတိုင်းရင် နစ်နာတဲ့သူတွေက ၂ နှစ်အတွင်းမှာသေဖို့ပဲရှိတယ်။ ဒါကြောင့် မို့လို့ ဒီကိစ္စက ချွတ်ချော်မှုတွေနဲ့ ၂ နှစ်ဆိုတာကို မစောင့်နိုင်ဘူး၊ မစောင့်နိုင်လို့ဒီဟာကို ပြန်လည်ပြီးတော့မှ စဉ်းစားပေးနိုင်ခြင်းရှိမရှိ ထပ်ဆင့်မေးခွန်းနဲ့တင်ပြရပါတယ်''ဟု ထပ်မံမေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းခဲ့မှုအပေါ် ဒုတိယဝန်ကြီးမှ ''ယခင်ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးရဲ့ တင်ပြချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယခင် အုပ်ချုပ်ရေးအဖွဲ့တွေအားနည်းချက်၊ ချွတ်ချော်ချက်တွေနဲ့ပတ်သက်ပြီး ဒါရှိရင်ရှိမယ် မရှိရင်မရှိဘူး။ သို့သော်လည်း ခုဏတင်ပြသလိုပဲ ပြည်သူ့အစိုးရ ယနေ့နိုင်ငံတော်မှာ ပြည်သူ့အစိုးရသည်သာ ပြည်သူအများအတွက်ကော ဝေးလံခေါင်သီတဲ့ ဝန်ထမ်းများအားလုးံ အတွက်ရော စဉ်းစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သတ်မှတ်တဲ့ ၂ နှစ်တာကာလတစ်ကြိမ် ပြန်လည်စိစစ်ဆောင်ရွက်မယ် ဆိုတဲ့ကိစ္စကကျတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဒီအပေါ်မှာဒါကိုချက်ချင်းပြန်လုပ်ပေးဖို့အစား သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြ ပြီးတော့ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျ'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒေသစရိတ် ခံစားခွင့်မရှိသောဒေသများမှ ဆရာဆရာမများ သည် တစ်လလျှင်ကျပ် ၇သောင်းခန့် လစဉ် နစ်နာမှုရှိနေကြောင်းသိရသည်


------------------------------------------------------------------

(Zawgyi)

ဆရာဆရာမများ အတွက် ရှာပါးစရိတ်လိုချင်ခြင်းသည် လောဘတက်တာမဟုတ်ဟု မင်းကင်း ပြည်ခိုင်ဖြိုးအမတ်ပြော

ဇန္နဝါရီ ၃၁
ယဉ်ကေနွယ်

ဝေးလံခေါင်သီသည့်ဒေသများ တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ အနေဖြင့် ရှာပါးစရိတ်လိုချင်ခြင်းသည် လောဘတက်တာ မဟုတ်ဘဲ ရပိုင်ခွင့်မရရှိသဖြင့်တောင်းဆိုခြင်းသာ ဖြစ်ကြောင်း မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့် ကပြောဆိုလိုက်သည်။

"လုပ်ဖော်ကိုင်ဖက်တွေ ရှားပါးစရိတ်ရရင် မနီးမဝေးမှာ Criteria တူတဲ့နေရာမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဆရာဆရာမတွေလည်း ရှားပါးစရိတ် လိုချင်တယ်ဆိုတာ လောဘတက်တာမဟုတ်ဘဲနဲ့ Right ကိုမရလို့တောင်းဆိုတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ Mismanagement နဲ့ Misconduct ကြောင့် အခုလိုနစ်နာနေရတဲ့ ဝန်ထမ်းတွေရဲ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တင်ပြခြင်း၊ တနည်းအားဖြင့် Check and balance လုပ်ခြင်းဟာလည်း အစိုးရကို အတိုက်အခံလုပ်နေတာ မဟုတ်ဘူးဆိုတာ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော့မဲဆန္ဒနယ်လိုပဲ အခြားမဲဆန္ဒနယ်များမှာလည်း အခုလိုမှားယွင်းမှုတွေ ရှိနေနိုင်တာကို ဂရုပြုစေလိုပါတယ်"ဟု ပြောကြားခဲ့သည်။

ယမန်နေ့ ကျင်းပသည့် အစည်းအဝေးတွင် ဦးမောင်မြင့်မှ ''မင်းကင်းမြို့နယ်ရှိ ဝေးလံခေါင်ဖျား ဒေသတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် ဒေသစရိတ် မညီမျှမှုများကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာတွင် အထက်ပါ အတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့မေးမြန်းမှုအပေါ် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြန်လည်၍ ''ဝေးလံခေါင်သီပြီး လူမှုရေးခက်ခဲသောဒေသ သတ်မှတ်ထားသည့် မြို့နှင့်ကျေးရွာအုပ်စုများတွင် ၂နှစ်လျှင် တစ်ကြိမ် ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေကိုစိစစ်၍ ဒေသစရိတ်ခံစားခွင့်ရှိသည် ဒေသအဖြစ်မှ ပယ်ဖျက်ခြင်း အဆင့်လျော့ချခြင်း ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသည့် ဒေသအဖြစ်ထပ်မံ သတ်မှတ်ပေးနိုင်ရန် တင်ပြလာ ပါက အခြေခံ အချက်၁၁ချက်နှင့် ညီညွတ်မှုရှိမရှိစိစစ်ဆောင်ရွက်ပြီး တင်ပြရကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ထိုသို့ဖြေကြားခဲ့မှုနှင့်ပတ်သက်၍ ဦးမောင်မြင့်ကဆက်လက်၍ '' အခုဟာက ချွတ်ချော်မှုကြောင့် ကျန်နေခဲ့တဲ့ ကိစ္စတွေဖြစ်တယ်။ အဲ့ဒါတွေကို အထူးကိစ္စအနေနဲ့ စဉ်းစားပေးဖို့လိုတယ်ဆိုတာကို တင်ပြချင်တာ၊ လက်ရှိအစိုးရကို တော်တော်များများလူတွေက ပြောနေကြတယ်၊ ပြည်သူ့အစိုးရ ပြည်သူ့တွေအတွက် ကျန်နေခဲ့လို့ပြောတာ။ နစ်နာတဲ့သူတွေအတွက် တင်ပြရမယ်၊ အဲ့ဒါကိုခင်ဗျားတို့ရဲ့သတ်မှတ်ထားတဲ့ ၂နှစ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ လာမတိုင်းပါနဲ့၊ လာတိုင်းရင် နစ်နာတဲ့သူတွေက ၂ နှစ်အတွင်းမှာသေဖို့ပဲရှိတယ်။ ဒါကြောင့် မို့လို့ ဒီကိစ္စက ချွတ်ချော်မှုတွေနဲ့ ၂ နှစ်ဆိုတာကို မစောင့်နိုင်ဘူး၊ မစောင့်နိုင်လို့ဒီဟာကို ပြန်လည်ပြီးတော့မှ စဉ်းစားပေးနိုင်ခြင်းရှိမရှိ ထပ်ဆင့်မေးခွန်းနဲ့တင်ပြရပါတယ်''ဟု ထပ်မံမေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းခဲ့မှုအပေါ် ဒုတိယဝန်ကြီးမှ ''ယခင်ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်ပြီးတော့မှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတိုင်းဒေသကြီးရဲ့ တင်ပြချက်နဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ယခင် အုပ်ချုပ်ရေးအဖွဲ့တွေအားနည်းချက်၊ ချွတ်ချော်ချက်တွေနဲ့ပတ်သက်ပြီး ဒါရှိရင်ရှိမယ် မရှိရင်မရှိဘူး။ သို့သော်လည်း ခုဏတင်ပြသလိုပဲ ပြည်သူ့အစိုးရ ယနေ့နိုင်ငံတော်မှာ ပြည်သူ့အစိုးရသည်သာ ပြည်သူအများအတွက်ကော ဝေးလံခေါင်သီတဲ့ ဝန်ထမ်းများအားလုးံ အတွက်ရော စဉ်းစားဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ သတ်မှတ်တဲ့ ၂ နှစ်တာကာလတစ်ကြိမ် ပြန်လည်စိစစ်ဆောင်ရွက်မယ် ဆိုတဲ့ကိစ္စကကျတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ဒီအပေါ်မှာဒါကိုချက်ချင်းပြန်လုပ်ပေးဖို့အစား သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးကတဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ပြ ပြီးတော့ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်ခင်ဗျ'' ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဒေသစရိတ် ခံစားခွင့်မရှိသောဒေသများမှ ဆရာဆရာမများ သည် တစ်လလျှင်ကျပ် ၇သောင်းခန့် လစဉ် နစ်နာမှုရှိနေကြောင်းသိရသည်။

#TheFifthWaveNews

No comments:

Post a Comment

My Blog List