Wednesday, January 29, 2020

ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးအမြင်မျိုး မိဘများကို မဖြစ်စေလို အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ အရည်အသွေးကွာဟမှု နည်းရန်လိုအပ်


Image may contain: one or more people
ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးပညာရေးကို ပေးနိုင်သည်ဆိုသော အမြင်မျိုး မိဘများကို မဖြစ်စေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နေပြည်တော် MICC-2 တွင် ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် "ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ"အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့တစ်တွေ အစိုးရကျောင်းတွေကို ခိုင်မာအောင် တည်ဆောက်ကြရမှာဖြစ် သလို ပုဂ္ဂလိကကျောင်းတွေ တိုးတက်လာတာကိုလည်း အားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးပညာရေးကို ပေးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ မိဘ တွေကို မဖြစ်စေချင်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေး ကွာဟမှု နည်းလာအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရုန်းကန်နေရသေးသည့်အတွက် ပညာရေး အသုံးစရိတ်ကိုမျှော်မှန်းသေလာက် မရသေးကြောင်း ၎င်းက ပြောဆိုသည်။

"ကျွန်မတို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရုန်းကန်တာဖြစ်နေသေးတဲ့အတွက် ပညာရေးရဲ့ အသုံးစရိတ်ကို မျှော်မှန်းထားသလောက် မရပါဘူး။ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တတ်နိုင်သလောက် ကျခံသုံးစွဲနေရပါတယ်။ပညာရေး အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတေွနဲ့အညီ သုံးစွဲဖို့လိုအပ်နေဆဲဖြစ်ပါတယ်"ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

အခမဲ့ပညာရေးစနစ်လက်ရှိတွင် အခြေခံကျောင်းများ၌ ကျောင်းထောက်ပံ့ကြေးများ ပေးနေသည့်အပြင် အခမဲ့ပညာရေးစနစ်ကိုအကောင်အထည်ဖော်နေသည့် အတွက်မိဘများအနေဖြင့် မိမိတို့ကလေးများအတွက် ပညာရေးတွင် သုံးစွဲရမည့်အသုံးစရိတ်များ ယခင်ကထက် သိသိသာသာလျော့ကျပြီး အခမဲ့ပညာရေးစနစ်၏ အကျိုးကျေးဇူးကို ခံစားနေကြ ရပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လူသားအရင်းအမြစ် တည်ဆောက်ရာတွင် နိုင်ငံအတွက် မည် သည့်လူသားအရင်းအမြစ်ကို တည်ဆောက်မည် ဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင်ဆရာများသည် အခရာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

"ဘယ်လို အရည်အသွေးရှိတဲ့ဆရာမျိုးဖြစ်သင့်သလဲ။ အရည်အသွေးရှိအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားပြီး အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဆရာတွေဟာ ကလေးတွေကို အတွေးအခေါ် မြင့်မားအောင်လေ့ကျင့် ပျိုးထောင်နိုင်ဖို့ ဆိုရင် ကိုယ်တိုင်စာပေဖတ်ရှုလေ့လာဖို့ လိုပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဆရာများသည် တစ်သက်တာ လေ့လာသင်ယူနေသူများ ဖြစ်သကဲ့သို့ ပညာရပ်ဆိုင်ရာ အရည်အသွေး၊ဆရာအတတ်ပညာဆိုင်ရာ အရည်အသွေး၊ အင်္ဂလိပ်စာ၊ ICT ကျွမ်းကျင်မှုများကိုလည်း ဘဝတစ်သက်စာ ကိုယ်တိုင်လေ့လာသင်ယူပြီး မြှင့်တင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

"ယနေ့ ဆရာတွေကို ခေတ်ကိုရင်ပေါင်တန်းနိုင်ဖို့၊ အခြားနိုင်ငံရဲ့ ပညာရေးတွေနဲ့ ဗဟုသုတတွေကို လေ့လာဖို့အတွက် ဝက်ဘ်ဆိုက်တွေသုံးပြီးလေ့လာကြ ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုဝက်ဘ်ဆိုက်တွေသုံးပြီးတဲ့အခါ ဘာသာစကားကျွမ်းကျင်ဖို့ လိုလာမှာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံတကာ အသုံးပြုနေတဲ့ဘာသာစကားကို အသုံးပြုနိုင်အောင်လေ့လာကြပါလို့ မှာချင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အခါတွင် ထူးချွန်ထက်မြက်သည့် လူသားများကိုမွေးထုတ်ပေးရန်အတွက် ကျောင်းသားလူငယ်များကို ကျန်းမာကြံ့ခိုင်အောင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ကျောင်းသားလူငယ်များတွင် ငြိမ်းချမ်းသည့်စိတ်များ ဖြစ်ပေါ်စေရန် ပန်းချီ၊ ဂီတစသည့် အနုပညာ ရသပညာများကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်လူငယ်များနှစ်သက်စွဲလမ်းနေကြသည့် အလွန်အကျွံဂိမ်းကစားခြင်းသည် ကောင်းကျိုးမပြုသည့်အတွက် ဆရာများ၊ မိဘများနှင့်ဆွေးနွေးတိုင်ပင်ရန် ထိန်းသိမ်းလမ်းညွှန်ပေးရန်လည်း လိုအပ်ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများကို သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သတင်း - မင်းမင်းထွန်း
(Unicode Version)
ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးအမြင်မျိုး မိဘများကို မဖြစ်စေလို
အစိုးရနှင့် ပုဂ္ဂလိကကျောင်းများ အရည်အသွေးကွာဟမှု နည်းရန်လိုအပ်

ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးပညာရေးကို ပေးနိုင်သည်ဆိုသော အမြင်မျိုး မိဘများကို မဖြစ်စေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နေပြည်တော် MICC-2 တွင် ဇန်နဝါရီ ၂၈ ရက်က ပြုလုပ်ခဲ့သည့် "ပညာရေးဖွံ့ဖြိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ"အဖွင့်အမှာစကားပြောကြားရာတွင် ၎င်းကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျွန်မတို့တစ်တွေ အစိုးရကျောင်းတွေကို ခိုင်မာအောင် တည်ဆောက်ကြရမှာဖြစ် သလို ပုဂ္ဂလိကကျောင်းတွေ တိုးတက်လာတာကိုလည်း အားပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းကသာ အကောင်းဆုံးပညာရေးကို ပေးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ မိဘ တွေကို မဖြစ်စေချင်ပါဘူး"ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေး ကွာဟမှု နည်းလာအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ အစိုးရအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရုန်းကန်နေရသေးသည့်အတွက် ပညာရေး အသုံးစရိတ်ကိုမျှော်မှန်းသလောက် မရသေးကြောင်း ၎င်းက ပြောဆိုသည်။

"ကျွန်မတို့ အစိုးရအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရုန်းကန်တာဖြစ်နေသေးတဲ့အတွက် ပညာရေးရဲ့ အသုံးစရိတ်ကို မျှော်မှန်းထားသလောက် မရပါဘူး။ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ တတ်နိုင်သလောက် ကျခံသုံးစွဲနေရပါတယ်။ပညာရေး အသုံးစရိတ်တွေကို နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒေသတွင်းနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ သုံးစွဲဖို့လိုအပ်နေဆဲဖြစ်ပါတယ်"ဟု အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

အခမဲ့ပညာရေးစနစ်လက်ရှိတွင် အခြေခံကျောင်းများ၌ ကျောင်းထောက်ပံ့ကြေးများ ပေးနေသည့်အပြင် အခမဲ့ပညာရေးစနစ်ကိုအကောင်အထည်ဖော်နေသည့် အတွက်မိဘများအနေဖြင့် မိမိတို့ကလေးများအတွက် ပညာရေးတွင် သုံးစွဲရမည့်အသုံးစရိတ်များ ယခင်ကထက် သိသိသာသာလျော့ကျပြီး အခမဲ့ပညာရေးစနစ်၏ အကျိုးကျေးဇူးကို ခံစားနေကြ ရပြီဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

လူသားအရင်းအမြစ် တည်ဆောက်ရာတွင် နိုင်ငံအတွက် မည် သည့်လူသားအရင်းအမြစ်ကို တည်ဆောက်မည် ဆိုသည်ကို စဉ်းစားရမည်ဖြစ်ကြောင်း၊ ထိုသို့ တည်ဆောက်ရာတွင်ဆရာများသည် အခရာဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

"ဘယ်လို အရည်အသွေးရှိတဲ့ဆရာမျိုးဖြစ်သင့်သလဲ။ အရည်အသွေးရှိအောင် ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာ စဉ်းစားပြီး အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။ ဆရာတွေဟာ ကလေးတွေကို အတွေးအခေါ် မြင့်မားအောင်လေ့ကျင့် ပျိုးထောင်နိုင်ဖို့ ဆိုရင် ကိုယ်တိုင်စာပေဖတ်ရှုလေ့လာဖို့ လိုပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် ဆရာများသည် တစ်သက်တာ လေ့လာသင်ယူနေသူများ ဖြစ်သကဲ့သို့ ပညာရပ်ဆိုင်ရာ အရည်အသွေး၊ဆရာအတတ်ပညာဆိုင်ရာ အရည်အသွေး၊ အင်္ဂလိပ်စာ၊ ICT ကျွမ်းကျင်မှုများကိုလည်း ဘ၀တစ်သက်စာ ကိုယ်တိုင်လေ့လာသင်ယူပြီး မြှင့်တင်ထားရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

"ယနေ့ ဆရာတွေကို ခေတ်ကိုရင်ပေါင်တန်းနိုင်ဖို့၊ အခြားနိုင်ငံရဲ့ ပညာရေးတွေနဲ့ ဗဟုသုတတွေကို လေ့လာဖို့အတွက် ဝက်ဘ်ဆိုက်တွေသုံးပြီးလေ့လာကြ ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒီလိုဝက်ဘ်ဆိုက်တွေသုံးပြီးတဲ့အခါ ဘာသာစကားကျွမ်းကျင်ဖို့ လိုလာမှာဖြစ်ပါတယ်။ဒါကြောင့် နိုင်ငံတကာ အသုံးပြုနေတဲ့ဘာသာစကားကို အသုံးပြုနိုင်အောင်လေ့လာကြပါလို့ မှာချင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။

ထို့ပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အခါတွင် ထူးချွန်ထက်မြက်သည့် လူသားများကိုမွေးထုတ်ပေးရန်အတွက် ကျောင်းသားလူငယ်များကို ကျန်းမာကြံ့ခိုင်အောင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် ကျောင်းသားလူငယ်များတွင် ငြိမ်းချမ်းသည့်စိတ်များ ဖြစ်ပေါ်စေရန် ပန်းချီ၊ ဂီတစသည့် အနုပညာ ရသပညာများကို လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်လူငယ်များနှစ်သက်စွဲလမ်းနေကြသည့် အလွန်အကျွံဂိမ်းကစားခြင်းသည် ကောင်းကျိုးမပြုသည့်အတွက် ဆရာများ၊ မိဘများနှင့်ဆွေးနွေးတိုင်ပင်ရန် ထိန်းသိမ်းလမ်းညွှန်ပေးရန်လည်း လိုအပ်ကြောင်း သိရသည်။

ထို့ပြင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွေကို လူထုလှုပ်ရှားမှုအသွင်ဖြင့် တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများကို သင်ကြားပေးနိုင်ရေးဆောင်ရွက်ရန် အထူးလိုအပ်ကြောင်းနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သတင်း - မင်းမင်းထွန်း

No comments:

Post a Comment

My Blog List