Wednesday, January 29, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၁၃၂ ဦး မြင့်တက်လာပြီး ကူးစက်ခံရသူလူနာ ၆၀၅၂ ဦး အထိ တဟုန်ထိုးတိုးနေ၊ တိဘက်တွင်လည်း ကူးစက်ခံရသူ ၁ ဦးတွေ့

No photo description available.
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၃၂ ဦးရှိလာနေပြီး ကူးစက်ခံရသူအရေအတွက်မှာလည်းလူနာ ၆၀၅၂ ဦး ရှိလာကြောင်း တရုတ်South China Morning Post သတင်းဌာနက သတင်းဖော်ပြသည်။

လက်ရှိ တရုတ်ပြည်တွင် ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှု အခြေအနေသည် ကမ္ဘာတဝှမ်းတွင်လူပေါင်း ၆၀၀ ကျော်သေဆုံးစေခဲ့သော ၂၀၀၂-၂၀၀၃ တွင်ဖြစ်ပွားခဲ့သည့် Sarsဗိုင်းရပ်စ်ပိုးကူးစက်မှု အခြေအနေ ထက်ကျော်လွန်သောပမာဏဖြစ်လာနေသည်။
Sars ဗိုင်းရပ်စ်ပိုးသည် တရုတ်ပြည်တွင် လူဦးရေ ၅၃၂၇ ဦး ကူးစက်ခဲ့ကာ လူဦးရေ ၃၄၉ ဦး သေဆုံးစေခဲ့ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုသည် ယမန်နေ့က စာရင်းဖြစ်သော သေဆုံးသူ ၁၀၆ ဦး ၊ ကူးစက်ရောဂါပိုး ခံစားရသူ ၄၆၀၀ ထက်ပိုမို၍ အရေအတွက် ခုန်တက်လာခြင်း မြင့်တက်လာခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။
ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုး ကြောင့် ဆုံးမှုနှုန်းသည်ဆက်လက်မြင့်တက်နေပြီးသေဆုံးမှုပိုမိုများပြားနိုင်ပြီး သေဆုံးသွားသောလူနာအများစုမှာအသက် ၆၀ ကျော်သူများနှင့် ရောဂါအခံရှိသူများဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။
တိဘက်တွင်လည်း ပထမဦးဆုံးသော ဝူဟန်ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတစ်ဦး တွေ့ရှိကြောင်း တရုတ်အာဏာပိုင်များဘက်က ကြေညာသည်။
ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို လေ့လာရန် WHO မှ ကျွမ်းကျင်သူများ စေလွှတ်မည်ဖြစ်သည့်အပြင် အမေရိကန်ကလည်း ကျန်းမာရေးအဖွဲ့စေလွှတ်ရန် တရုတ်အစိုးရထံ ကမ်းလှမ်းထားကြောင်း သိရှိရသည်။
လက်ရှိတွင် ဝူဟန်ကေ်ရိုနာဗိုင်းရပ်စ်ပိုးသည် လေထဲမှ ပျံ့နှံ့ခြင်းအပြင် ပိုးစက်ခံထားရသူကိုထိတွေ့ခြင်းနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်းလည်း ဖော်ပြထားသည်။
Image may contain: one or more people
Photo -AFP

No comments:

Post a Comment

My Blog List