Monday, January 27, 2020

ICJ တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များကသာ လက်ခံလိမ့်မည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္က ဋ္ဌ ပြော

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လက်တစ်ဆုပ်စာ အမျိုးသားသစ္စာ ဖောက်များကသာ လက်ခံကြလိမ့်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၆ ရက်က လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်း ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ICJ က ဆုံးဖြတ်တွေအပေါ်မှာ ကျွန်တော် ဥက္ကဋ္ဌ လုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ကျွန်တော်တို့ လက် မခံဘူး။ လက်မခံနိုင်ကြောင်း ဒီမှာတရားဝင်ပြောတယ်။ ဒါက ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်အခါမှာ ကျွန်တော် တို့ရဲ့ သဘောထား။ ကျွန်တော်တို့ရဲ့ သဘောထားဟာလည်း တိုင်းပြည်မှာ လူဦးရေ ၅၂ သန်းလောက်ရှိရင် လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များက လွဲ၍ ကျန်တဲ့အားလုံးဟာ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းရှိနေမယ်လို့ ယုံကြည်တယ်” ဟု ၎င်း ကပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် နိုဝင် ဘာလတွင် ICJ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံတကာ ရှေ့ နေများ ငှားရမ်းကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် သွားရောက် ဖြေ ရှင်းခဲ့ပြီး ICJ တရားရုံးမှ ၂၀၂၀ ဇန်နဝါရီလ ၂၃ ရက်တွင် ကြားဖြတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
ICJ တရားရုံး၏ ဆုံးဖြတ်ချက်ကို လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များကသာ လက်ခံလိမ့်မည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္က ဋ္ဌ ပြော
------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -------
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အား လက်တစ်ဆုပ်စာ အမျိုးသားသစ္စာ ဖောက်များကသာ လက်ခံကြလိမ့်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၆ ရက်က လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာတွင် ကျင်းပသော လူထုတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်း ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ICJ က ဆုံးဖြတ်တွေအပေါ်မှာ ကျွန်တော် ဥက္ကဋ္ဌ လုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီက ကျွန်တော်တို့ လက် မခံဘူး။ လက်မခံနိုင်ကြောင်း ဒီမှာတရားဝင်ပြောတယ်။ ဒါက ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်အခါမှာ ကျွန်တော် တို့ရဲ့ သဘောထား။ ကျွန်တော်တို့ရဲ့ သဘောထားဟာလည်း တိုင်းပြည်မှာ လူဦးရေ ၅၂ သန်းလောက်ရှိရင် လက်တစ်ဆုပ်စာ အမျိုးသား သစ္စာဖောက်များက လွဲ၍ ကျန်တဲ့အားလုံးဟာ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းရှိနေမယ်လို့ ယုံကြည်တယ်” ဟု ၎င်း ကပြောသည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုများ ရှိနေသည်ဟုဆိုကာ ၂၀၁၉ ခုနှစ် နိုဝင် ဘာလတွင် ICJ တရားရုံး၌ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တရားစွဲဆိုထားမှုနှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ နိုင်ငံတကာ ရှေ့ နေများ ငှားရမ်းကာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ICJ တရားရုံးတွင် သွားရောက် ဖြေ ရှင်းခဲ့ပြီး ICJ တရားရုံးမှ ၂၀၂၀ ဇန်နဝါရီလ ၂၃ ရက်တွင် ကြားဖြတ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

My Blog List