Friday, January 31, 2020

ဝူဟန်ဗိုင်းရပ်စ်မဖြစ်စေရေးအတွက် ငရုတ်ကောင်း ၇ စေ့ကို အမှုန့်ကြိတ်စားရန် လှူဒန်းဝေငှနေသည့် ဗီဒီယိုဖိုင်ကို ကြည့်ရူ့သူများပြားနေ



တရုတ်နိုင်ငံမှစတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မကူးစက်စေရန် ဆရာတော်ကြီးတစ်ပါး၏ မိန့်ကြားမှုဖြင့် ငရုတ်ကောင်းများလိုက်လံလှူဒါန်းဝေငှနေသည့် ဗီဒီယိုဖိုင်တစ်ခုမှာ လူမှု့ကွန်ရက်တွင် လွန်စွာပျံ ့နှံ့နေကာ ကြည့်ရူ့သူလည်း များပြားနေသည်။
အဆိုပါဗီဒီယိုဖိုင်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မြဖစ်ပွား စေရန် ငရုတ်ကောင်း ၇စေ့ကို အမှုန့်ကြိတ်စားရမည်ဖြစ်ပြီး လာရောက်ယူဆောင်နိုင်သည်ဟုလည်း ကြေညာနေသည်ကို တွေ့ရသည်။

Aung Khin အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးက ဇန်နဝါရီ ၃၀ ရက်နေ့တွင် အဆိုပါဗီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်ပြီး
ဆရာခိုထက်တောင်စွမ်းသွားပြီ

ဝူဟန်မှာဖြစ်နေတဲ့ ဗိုင်းရပ်စ်အတွက်ငြုပ်ကောင်း ၇စေ့ အမှုန့်ကြိတ်စားရင်ေရာဂါမျဖစ္ဘူးလို ့ဆရာတော်ဘုရားကြီးက မိန့်တယ်တဲ့။

ရပ်ကွက်ထဲလှည်းနဲ့ လှည့်အော်နေတာ။ အိပ်ပျော်နေတာတောင် လန့်နိုးသွားတယ်။

စားလိုက်ကြစို့။

ဟု ဟာသနှောရေးသားထားကာ Ha Ha Reacts များအပါအဝင် မှတ်ချက်အမျိုးမျိုးပေးမှုများ ရှိနေသည်။

ယနေ့(ဇန်နဝါရီ ၃၁ ရက်နေ့)လက်ရှှိအချိန်အထိ ကမ႓ာ့နိုင်ငံပေါင်း ၂၃ နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၉၈၄၈ ဦးနှင့်သေဆုံးသူ ၂၁၃ ဦးရှိလာကာ WHO မှ လည်း အရေးပေါ်အခြေအနေကြေညာထားပြီးဖြစ် သည်။

မြန်မာနိုင်ငံတွင်လည်း ယနေ့ဇန်နဝါရီ ၃၁ နံနက်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည့် တရုတ် China Southern Airline မှ CZ-3055 ဖြင့်လိုက်ပါ လာခဲ့သည့် ခရီးသည်တစ်ဦးမှာ ဖျားနေသည့်အတွက် ဝေဘာဂီအထူးကုဆေးရုံသို့ပို့ဆောင်ထားသည်။

အဆိုပါ ခရီးသည်မှာ အသက် ၅၅ နှစ်ရှိ မစ္စတာ ဝမ်ဂျင်ပင်းအမည်ရ ခရီးသည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ကွမ်းကျိုးမှ တစ်ဆင့်လိုက်ပါလာသူဖြစ်ကြောင်းသိရသည်။

ရန်ကုန်လေဆိပ်သို့တရုတ်နိုင်ငံမှ ယနေ့ ဆိုက်ရောက်မည့် လေယာဉ် ၁၀ စီးရှိသည်ဟု သိရသည်။

Video Credit း Aung Khin
The Ladies News

ဝူဟန်ဗိုင်းရပ်စ်မဖြစ်စေရေးအတွက် ငရုတ်ကောင်း
၇ စေ့ကို အမှုန့်ကြိတ်စားရန် လှူဒန်းဝေငှနေသည့် ဗီဒီယိုဖိုင်ကို ကြည့်ရူ့သူများပြားနေ
----------- ------- ---------- ------------

တရုတ်နိုင်ငံမှစတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်
မကူးစက်စေရန် ဆရာတော်ကြီးတစ်ပါး၏ မိန့်ကြားမှုဖြင့် ငရုတ်ကောင်းများလိုက်လံလှူဒါန်းဝေငှနေသည့် ဗီဒီယိုဖိုင်တစ်ခုမှာ လူမှု့ကွန်ရက်တွင် လွန်စွာပျံ ့နှံ့
နေကာ ကြည့်ရူ့သူလည်း များပြားနေသည်။

အဆိုပါဗီဒီယိုဖိုင်တွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်မဖြစ်ပွား စေရန် ငရုတ်ကောင်း ၇စေ့ကို အမှုန့်ကြိတ်စားရမည်
ဖြစ်ပြီး လာရောက်ယူဆောင်နိုင်သည်ဟုလည်း ကြေညာနေသည်ကို တွေ့ရသည်။

Aung Khin အမည်ဖြင့် Facebook အသုံးပြုသူတစ်ဦးက ဇန်နဝါရီ ၃၀ ရက်နေ့တွင် အဆိုပါဗီဒီယိုဖိုင်ကို တင်ခဲ့ခြင်းဖြစ်ပြီး

ဆရာခိုထက်တောင်စွမ်းသွားပြီ

ဝူဟန်မှာဖြစ်နေတဲ့ ဗိုင်းရပ်စ်အတွက်
ငြုပ်ကောင်း ၇စေ့ အမှုန့်ကြိတ်စားရင်
ရောဂါမဖြစ်ဘူးလို့
ဆရာတော်ဘုရားကြီးက မိန့်တယ်တဲ့။

ရပ်ကွက်ထဲလှည်းနဲ့ လှည့်အော်နေတာ။
အိပ်ပျော်နေတာတောင် လန့်နိုးသွားတယ်။

စားလိုက်ကြစို့။

ဟု ဟာသနှောရေးသားထားကာ Ha Ha Reacts များအပါအဝင် မှတ်ချက်အမျိုးမျိုးပေးမှုမြား ရှိနသေညျ။

ယနေ့(ဇန်နဝါရီ ၃၁ ရက်နေ့)လက်ရှိအချိန်အထိ ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၉၈၄၈ ဦးနှင့်သေဆုံးသူ ၂၁၃ ဦးရှိလာကာ WHO မှ လည်း အရေးပေါ်အခြေအနေကြေညာထားပြီးဖြစ် သည်။

မြန်မာနိုင်ငံတွင်လည်း ယနေ့ဇန်နဝါရီ ၃၁ နံနက်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည့် တရုတ် China Southern Airline မှ CZ-3055 ဖြင့်လိုက်ပါ လာခဲ့သည့် ခရီးသည်တစ်ဦးမှာ ဖျားနေသည့်အတွက် ဝေဘာဂီအထူးကုဆေးရုံသို့ပို့ဆောင်ထားသည်။

အဆိုပါ ခရီးသည်မှာ အသက် ၅၅ နှစ်ရှိ မစ္စတာ ဝမ်
ဂျင်ပင်းအမည်ရ ခရီးသည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ကွမ်းကျိုးမှ တစ်ဆင့်လိုက်ပါလာသူဖြစ်ကြောင်းသိရသည်။

ရန်ကုန်လေဆိပ်သို့တရုတ်နိုင်ငံမှ ယနေ့ ဆိုက်
ရောက်မည့် လေယာဉ် ၁၀ စီးရှိသည်ဟု သိရသည်။

Video Credit း Aung Khin
The Ladies News

No comments:

Post a Comment

My Blog List