Monday, January 27, 2020

အိုင်စီဂျေ ဆုံးဖြတ်ချက်များ ပြည်ခိုင်ဖြိုးပါတီ လက်မခံ


Image may contain: 1 person, text
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အမိန့်များကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်မခံကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီ ၂၆ ရက်တွင်ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းြဖစ်သည်။

'ICJ က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ကျွန်တော်တို့ ဥက္ကဋ္ဌလုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ကြောင်း ကျွန်တော် ဒီမှာတရားဝင်ပြောတာ။ ဒါကကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်အခါမှာ ကျွန်တော်တို့ရဲ့ သဘောထား။ ကျွန်တော်တို့ရဲ့ သဘောထားကလည်းပဲ တိုင်းပြည်မှာရှိတဲ့ လူဦးရေ ၅၂သန်းရှိရင် ၅၂ သန်းထဲက လက်တစ်ဆုပ်စာ အမျိုးသားသစ္စာဖောက်များကလွဲ၍ ကျန်တဲ့အားလုံးဟာ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်'ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ICJ ၏ဆုံးဖြတ်ချက်သည် အမျိုးသားအကျိုးစီးပွားကို လည်းပင်စွပ်မည့်ကိစ္စဖြစ်သောကြောင့် တာဝန်ရှိသည့် ခေါင်းဆောင်များအနေဖြင့် ပြတ်ပြတ်သားသား ပြည်သူလူထုထံသတိပေးရန်လိုေြကာင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။

'ကျွန်တော် ဒီနေ့ပြောခဲ့တဲ့စကားတွေဟာ တစ်ခုမှ အမှတ်တမဲ့မပါဘူးနော်။ ကျွန်တော်ပြောတဲ့ စကားကို ကျွန်တော်တာဝန်ယူပါတယ်။ ဥပဒေကြောင်းအရ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်ခုကို တာဝန်ယူတယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့အကျိုးစီးပွားကို ဦးစားပေးလိုပါတယ်။ ဒီခုံရုံးကို သွားတဲ့အချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စကားလုံးတစ်လုံးကို သုံးသွားတယ်။ အမျိုးသား အကျိုးစီးပွားအတွက်ဆိုတဲ့ စကားလုံးကိုသုံးပြီးတော့ ချီတက်သွားတာဖြစ်ပါတယ်။ ဒီနေ့ ICJ က ချမှတ်လိုက်တဲ့ဟာက အမျိုးသား အကျိုးစီးပွားအတွက် အထောက်အကူပြုမှာလား၊ အမျိုးသားအကျိုးစီးပွားကို လည်းပင်စွပ်မယ့်ကိစ္စလားဆိုေတာ့ ကြိုးကွင်းစွပ်မယ့် ကိစ္စဖြစ်နေတယ်။ ဒါကို လိုက်နာစရာမလိုဘူး။ မလိုက်နာဘူးဆိုတဲ့ဥစ္စာကိုလည်း ငြိမ်ငြိမ်လေးနေလို့မရဘူး။ ဒါကိုတာဝန်ယူထားတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ ပြတ်ပြတ်သားသား ပြည်သူလူထုကို သတိပေးဖို့လိုတယ်'ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ House of Orchid ၌ ဇန်နဝါရီ ၂၅ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများစုေပါင်း၍ သဘောထားအမြင် သတင်းစာရှင်းလင်းပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ၎င်းပါတီပြောရေးဆိုခွင့်ရှိသူများက ရှင်းလင်းပြောကြားသည်။

သတင်း - ရဲထက်ကျော်
ဓာတ်ပုံ - နောင်လေး
(Unicode Version)
အိုင်စီဂျေ ဆုံးဖြတ်ချက်များ ပြည်ခိုင်ဖြိုးပါတီ လက်မခံ

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အမိန့်များကို ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လက်မခံကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဇန်နဝါရီ ၂၆ ရက်တွင်ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းကျေးရွာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၀င် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

'ICJ က ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ ကျွန်တော်တို့ ဥက္ကဋ္ဌလုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ လက်မခံနိုင်ကြောင်း ကျွန်တော် ဒီမှာတရားဝင်ပြောတာ။ ဒါကကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်မရှိသေးတဲ့ အချိန်အခါမှာ ကျွန်တော်တို့ရဲ့ သဘောထား။ ကျွန်တော်တို့ရဲ့ သဘောထားကလည်းပဲ တိုင်းပြည်မှာရှိတဲ့ လူဦးရေ ၅၂သန်းရှိရင် ၅၂ သန်းထဲက လက်တစ်ဆုပ်စာ အမျိုးသားသစ္စာဖောက်များကလွဲ၍ ကျန်တဲ့အားလုံးဟာ ကျွန်တော်တို့နဲ့ တစ်ထပ်တည်းဖြစ်လိမ့်မယ်လို့ ကျွန်တော်မြင်တယ်'ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် ICJ ၏ဆုံးဖြတ်ချက်သည် အမျိုးသားအကျိုးစီးပွားကို လည်းပင်စွပ်မည့်ကိစ္စဖြစ်သောကြောင့် တာဝန်ရှိသည့် ခေါင်းဆောင်များအနေဖြင့် ပြတ်ပြတ်သားသား ပြည်သူလူထုထံသတိပေးရန်လိုကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောဆိုသည်။

'ကျွန်တော် ဒီနေ့ပြောခဲ့တဲ့စကားတွေဟာ တစ်ခုမှ အမှတ်တမဲ့မပါဘူးနော်။ ကျွန်တော်ပြောတဲ့ စကားကို ကျွန်တော်တာဝန်ယူပါတယ်။ ဥပဒေကြောင်းအရ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်ခုကို တာဝန်ယူတယ်ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသားရဲ့အကျိုးစီးပွားကို ဦးစားပေးလိုပါတယ်။ ဒီခုံရုံးကို သွားတဲ့အချိန်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စကားလုံးတစ်လုံးကို သုံးသွားတယ်။ အမျိုးသား အကျိုးစီးပွားအတွက်ဆိုတဲ့ စကားလုံးကိုသုံးပြီးတော့ ချီတက်သွားတာဖြစ်ပါတယ်။ ဒီနေ့ ICJ က ချမှတ်လိုက်တဲ့ဟာက အမျိုးသား အကျိုးစီးပွားအတွက် အထောက်အကူပြုမှာလား၊ အမျိုးသားအကျိုးစီးပွားကို လည်းပင်စွပ်မယ့်ကိစ္စလားဆိုတော့ ကြိုးကွင်းစွပ်မယ့် ကိစ္စဖြစ်နေတယ်။ ဒါကို လိုက်နာစရာမလိုဘူး။ မလိုက်နာဘူးဆိုတဲ့ဥစ္စာကိုလည်း ငြိမ်ငြိမ်လေးနေလို့မရဘူး။ ဒါကိုတာဝန်ယူထားတဲ့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ ပြတ်ပြတ်သားသား ပြည်သူလူထုကို သတိပေးဖို့လိုတယ်'ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ House of Orchid ၌ ဇန်နဝါရီ ၂၅ရက် မွန်းလွဲပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အခြားနိုင်ငံရေးပါတီများစုပေါင်း၍ သဘောထားအမြင် သတင်းစာရှင်းလင်းပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ICJ ၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ကြောင်း ၎င်းပါတီပြောရေးဆိုခွင့်ရှိသူများက ရှင်းလင်းပြောကြားသည်။

သတင်း - ရဲထက်ကျော်
ဓာတ်ပုံ - နောင်လေး

No comments:

Post a Comment

My Blog List