Monday, January 27, 2020

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကို ကုသနိုင်သည့် နည်းစနစ်ကိုတွေ့ရှိပြီ

ဝူဟန်မြို့ကို ဗဟိုပြု၍ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ပြီး နောက် ပထမဆုံး လူနာတစ်ဦး ကုသပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ရှန်ဟိုင်း မြူနီစီပယ် ကျန်းမာရေးကော်မရှင်က ပြောကြားသည်။

ချန်ဟုခေါ်သော အသက် (၅၆)နှစ်အရွယ် အမျိုးသမီးသည် ယင်းရောဂါဖြစ်ပွားနေရာမှ ကုသ ပျောက်ကင်းခဲ့သည်။
အဆုတ်ကို CT Scan ဖြင့် စစ်ဆေးခြင်းနှင့် အမှီအခိုကင်း သော သွေးစစ်ဆေးမှု နှစ်ကြိမ် အပြီးတွင် မစ္စစ်ချန်၏ အသက်ရှူ လမ်းကြောင်းစနစ်အတွင်း သိသာသော တိုးတက်မှုများ တွေ့ရှိ၍ ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု တရုတ် နိုင်ငံပိုင် Beijing Daily သတင်းစာက ဇန်နဝါရီ ၂၆ ရက်တွင် ဖော်ပြသည်။
ရောဂါမပျံ့နှံ့စေရေး နောက် ထပ်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်းလူနာကို ရောဂါခြေချုပ်ထားရာမှ ပြန်ခွင့်ပြုခဲ့ကြောင်း သတင်းက ဖော်ပြသည်။
မစ္စစ်ချန်သည် ယင်းဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့တွင် နေထိုင်သူဖြစ်ပြီး ဇန်နဝါရီ ၁၀ ရက်က တုပ်ကွေးကဲ့သို့ ရောဂါ လက္ခဏာများ ခံစားခဲ့ရကာ ဇန်န ဝါရီ ၁၂ ရက်က ၎င်းကို ဆေးရုံ တင်ခဲ့သည်။
ဆေးဝါးကုသမှု သီတင်းနှစ် ပတ်နီးပါး ခံယူပြီးနောက် ရောဂါ ကင်းစင်ပြီဖြစ်ကာ ၎င်းကို ဆေးရုံ မှ ဆင်းခွင့်ပြုလိုက်ပြီဟု ရှန်ဟိုင်း ကျန်းမာရေးကော်မရှင်က ပြော သည်။
တရုတ်ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် (အိတ်အိုင်ဗွီ) ဆေးများဖြင့် ကုသနေပြီး အခြား ဆဲလ်များသို့ ရောဂါမပျံ့နှံ့အောင် တားဆီးနိုင်ကြောင်း Nelfinavir ဟုခေါ်သောဆေးက ဆဲလ်များမှ ဗိုင်းရပ်စ်ပိုး ထုတ်လုပ်မှုများကို လျော့ပါးစေနိုင်ကြောင်း လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။
ထိုအတောအတွင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဝူဟန်မြို့မှ ဂျပန်နိုင်ငံသားများ ပြန်လာနိုင်ရေး ကူညီပေးမည်ဟု ပြောကြားသည်။ဝူဟန်မြို့တွင် ဂျပန်နိုင်ငံ သား ၇၁၀ ခန့်ရှိသည်ဟု ဂျပန် အစိုးရက ပြောသည်။
Ref: The Star/Kyodo News

No comments:

Post a Comment

My Blog List