Monday, January 27, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အသံတိတ်နေရန်အတွက် တပ်မတော်က ၎င်းတို့ကို ပုဒ်မ ၅၀၅(က) နှင့် တရားစွဲခြင်းဖြစ်ကြောင်း ရှေ့ နေ ဦးကြီးမြင့်ပြော


Image may contain: 1 person, text
တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် ဟောပြောသည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုထားခြင်းသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အသံတွေ တိတ်သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်က အိုလံပစ်တာဝါတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်က ကျွန်တော်တို့ အသံတွေ တိတ်အောင်လုပ်တယ်လို့ ကျွန်တော်က စွပ်စွဲပါတယ်။ ဒါက ကျွန်တော်တို့ကို တမင်လုပ်တာပေါ့။ ကျွန်တော်တို့ တပ်မတော် ထိခိုက်အောင်မပြောဘူး။ ကော့သောင်းကို အကြောင်းပြပြီးတော့ ကျွန်တော်ကို သီးခြား စိတ်သဘောထားနဲ့ ၅၀၅(က) နဲ့ စွဲတယ်လို့ ခံစားရပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ထောက်ခံပွဲကျင်းပစဉ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ဟောပြောခဲ့သည်ဟုဆိုကာ တရးလွှတ်တော်ရှေ့နေ ဦးကြီး မြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို ကော့သောင်းမြို့နယ် ခမောက်ကြီးတပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး ဇော် ဇော်က တရားလိုပြုလုပ်၍ ပုဒ်မ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“လူ့ရပိုင်ခွင့်အရ ကဗျာဆရာတစ်ဦး ဟောပြောခြင်းကို စစ်တပ်မှ တရားစွဲဆိုခြင်းသည် လူ့ရပိုင်ခွင့်ကို ဟန့်တားနှောက်ယှက်ခြင်း ဟု ထင်မြင်ယူဆပါသည်။ တပ်ထားသော ဥပဒေ ပုဒ်မ ၅၀၅(က)သည်လည်း မတရားသလို ယခုချိန်ထိလည်း တရားဥပဒေလမ်း ကြောင်းမှ သံမန်စာရောက်ရှိခြင်းမရှိသေးဘဲ ဖမ်းဝရမ်းထုတ်ခြင်း ခံရသည်မှာလည်း တရားဥပဒေကို စစ်တပ်က ထင်သလိုလုပ် နေသည်ဟု အများက ထင်မြင်ယူစပါသဖြင့် လုပ်ထုံးလုပ်နည်းနှင့် မညီသော ၎င်းပုဒ်မကို ပယ်ဖျက်ပေးရန် သတင်းမီဒီယာများမှ တစ်ဆင့် နိုင်ငံသူနိုင်ငံသားများကို အသိပေးအပ်ပါသည်ဟုလည်း တရားစွဲဆိုခြင်း ခံထားရသည့် ကဗျာဆရာစောဝေကလည်း ၎င်း၏ သဘောဆန္ဒကို ပြောကြားထားသည်။
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

၂၀၂၀ ရွေးကောက်ပွဲတွင် အသံတိတ်နေရန်အတွက် တပ်မတော်က ၎င်းတို့ကို ပုဒ်မ ၅၀၅(က) နှင့် တရားစွဲခြင်းဖြစ်ကြောင်း ရှေ့ နေ ဦးကြီးမြင့်ပြော

တပ်မတော်အား ဂုဏ်သိက္ခာကျဆင်းစေရန် ဟောပြောသည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)နှင့် တရားစွဲဆိုထားခြင်းသည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် အသံတွေ တိတ်သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း တရားလွှတ်တော် ရှေ့နေဦးကြီးမြင့်က ပြောသည်။
ဇန်နဝါရီလ ၂၅ ရက်က အိုလံပစ်တာဝါတွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ရွေးကောက်ပွဲမှာ တပ်မတော်က ကျွန်တော်တို့ အသံတွေ တိတ်အောင်လုပ်တယ်လို့ ကျွန်တော်က စွပ်စွဲပါတယ်။ ဒါက ကျွန်တော်တို့ကို တမင်လုပ်တာပေါ့။ ကျွန်တော်တို့ တပ်မတော် ထိခိုက်အောင်မပြောဘူး။ ကော့သောင်းကို အကြောင်းပြပြီးတော့ ကျွန်တော်ကို သီးခြား စိတ်သဘောထားနဲ့ ၅၀၅(က) နဲ့ စွဲတယ်လို့ ခံစားရပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
၂၀၁၉ ခုနှစ်အတွင်း တနသာၤရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ထောက်ခံပွဲကျင်းပစဉ် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ဟောပြောခဲ့သည်ဟုဆိုကာ တရးလွှတ်တော်ရှေ့နေ ဦးကြီး မြင့်၊ ကဗျာဆရာစောဝေ၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်တို့ကို ကော့သောင်းမြို့နယ် ခမောက်ကြီးတပ်နယ်မှ ဒုတိယ ဗိုလ်မှူးကြီး ဇော် ဇော်က တရားလိုပြုလုပ်၍ ပုဒ်မ၅၀၅(က) ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
“လူ့ရပိုင်ခွင့်အရ ကဗျာဆရာတစ်ဦး ဟောပြောခြင်းကို စစ်တပ်မှ တရားစွဲဆိုခြင်းသည် လူ့ရပိုင်ခွင့်ကို ဟန့်တားနှောက်ယှက်ခြင်း ဟု ထင်မြင်ယူဆပါသည်။ တပ်ထားသော ဥပဒေ ပုဒ်မ ၅၀၅(က)သည်လည်း မတရားသလို ယခုချိန်ထိလည်း တရားဥပဒေလမ်း ကြောင်းမှ သံမန်စာရောက်ရှိခြင်းမရှိသေးဘဲ ဖမ်းဝရမ်းထုတ်ခြင်း ခံရသည်မှာလည်း တရားဥပဒေကို စစ်တပ်က ထင်သလိုလုပ် နေသည်ဟု အများက ထင်မြင်ယူစပါသဖြင့် လုပ်ထုံးလုပ်နည်းနှင့် မညီသော ၎င်းပုဒ်မကို ပယ်ဖျက်ပေးရန် သတင်းမီဒီယာများမှ တစ်ဆင့် နိုင်ငံသူနိုင်ငံသားများကို အသိပေးအပ်ပါသည်ဟုလည်း တရားစွဲဆိုခြင်း ခံထားရသည့် ကဗျာဆရာစောဝေကလည်း ၎င်း၏ သဘောဆန္ဒကို ပြောကြားထားသည်။
ကျော်ကြားဟိန်း ( အကုန်သိ သတင်းဌာန )

No comments:

Post a Comment

My Blog List