Wednesday, January 29, 2020

ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားနေချိန်တွင် mask တွေကို စျေးအဆမတန်တင်ကာ ခါတော်မီလုပ်စားခဲ့သည့် ဆေးဆိုင်ကြီးအား ဒေါ်လာ ၄ သိန်းကျော် ဒဏ်ရိုက်

Image may contain: one or more people, sunglasses and closeupImage may contain: one or more people and people standing
တရုတ်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေချိန်မှာ ရောဂါကာကွယ်ရေး mask တွေကို အွန်လိုင်းစျေးနှုန်းထက် ၆ ဆ ထိတက်ကာ ရောင်းချခဲ့တဲ့ မြို့တော်ပေကျင်းရှိ ဆေးဆိုင်ကြီးကို ယွမ် ၃ သန်း (ကန်ဒေါ်လာ ၄၃၄၅၃၀) ဒဏ်ငွေရိုက်လိုက်ကြောင်း ပေကျင်း မြူနီစီပယ် စျေးကွက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အလယ်ပိုင်းမြို့ ဝူဟန်ကနေ စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ယင်း ဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၂ ဦးနဲ့ ပိုးကူးစက်သူ ၆၀၀၀ နီးပါးရှိလာပြီလို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။
N 95 mask တွေကို အဆမတန် စျေးမြှင့်ခဲ့တာကြောင့် Beijing Jimin Kangtai ဆေးဆိုင်ကို ဒဏ်ရိုက်ခဲ့တာဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ယင်း ဆေးပစ္စည်း စတိုးဆိုင်ဟာ 3M တံဆိပ် mask တစ်ဗူးကိုလည်း အွန်လိုင်းစျေး ၁၄၃ ယွမ်သာရှိပေမယ့် ၈၅၀ ယွမ်အထိ တိုးမြှင့်ရောင်းချခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဟာ ကြာသပတေးနေ့ကစလို့ စည်းကမ်းချိုးဖောက်မှုဖြစ်စဉ် ၃၁ ခုကို စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေရဲ့ စျေးနှုန်းကို ကြီးကြပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေကာ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်တွေကို အပြစ်ပေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။
စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာလည်း စံနှုန်းနိမ့်တဲ့ mask တွေ ရောင်းချနေတဲ့ ဆေးပစ္စည်းစတိုးဆိုင် တွေကို ပိတ်ပင်ဖို့ စျေးကွက်ထိန်းညှိရေးအဖွဲ့က အမိန့်ပေးခဲ့ကြောင်း မြို့တော်အစိုးရအဖွဲ့က ပြောဆိုပါတယ်။
ဝယ်ယူပြီးသူတွေကို ပိုငွေပြန်အမ်းဖို့နဲ့ မရောင်းဘဲ သိမ်းထားတဲ့ mask တွေကို ဖြန့်ဖြူးရောင်းချဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆေးဆိုင်ကို ညွှန်ကြားခဲ့ကြောင်း ၎င်းတို့ရဲ့ Weibo အကောင့်မှာ ဖော်ပြခဲ့ ပါတယ်။

Ref : CNA
ကိုလင်း ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားနေချိန်တွင် mask တွေကို ဈေးအဆမတန်တင်ကာ ခါတော်မီလုပ်စားခဲ့သည့် ဆေးဆိုင်ကြီးအား ဒေါ်လာ ၄ သိန်းကျော် ဒဏ်ရိုက်

တရုတ်နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားနေချိန်မှာ ရောဂါကာကွယ်ရေး mask တွေကို အွန်လိုင်းဈေးနှုန်းထက် ၆ ဆ ထိတက်ကာ ရောင်းချခဲ့တဲ့ မြို့တော်ပေကျင်းရှိ ဆေးဆိုင်ကြီးကို ယွမ် ၃ သန်း (ကန်ဒေါ်လာ ၄၃၄၅၃၀) ဒဏ်ငွေရိုက်လိုက်ကြောင်း ပေကျင်း မြူနီစီပယ် ဈေးကွက်ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက အလယ်ပိုင်းမြို့ ဝူဟန်ကနေ စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ယင်း ဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်နိုင်ငံမှာ သေဆုံးသူ ၁၃၂ ဦးနဲ့ ပိုးကူးစက်သူ ၆၀၀၀ နီးပါးရှိလာပြီလို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုထုတ်ပြန်ထားပါတယ်။
N 95 mask တွေကို အဆမတန် ဈေးမြှင့်ခဲ့တာကြောင့် Beijing Jimin Kangtai ဆေးဆိုင်ကို ဒဏ်ရိုက်ခဲ့တာဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ ယင်း ဆေးပစ္စည်း စတိုးဆိုင်ဟာ 3M တံဆိပ် mask တစ်ဗူးကိုလည်း အွန်လိုင်းဈေး ၁၄၃ ယွမ်သာရှိပေမယ့် ၈၅၀ ယွမ်အထိ တိုးမြှင့်ရောင်းချခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမှာ ဖော်ပြခဲ့ပါတယ်။
စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဟာ ကြာသပတေးနေ့ကစလို့ စည်းကမ်းချိုးဖောက်မှုဖြစ်စဉ် ၃၁ ခုကို စုံစမ်းစစ်ဆေးခဲ့ကြောင်းနဲ့ ရောဂါကာကွယ်ရေး အသုံးအဆောင်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ကြီးကြပ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်နေကာ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်တွေကို အပြစ်ပေးမှုလုပ်ခဲ့ကြောင်း သိရပါတယ်။
စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာလည်း စံနှုန်းနိမ့်တဲ့ mask တွေ ရောင်းချနေတဲ့ ဆေးပစ္စည်းစတိုးဆိုင် တွေကို ပိတ်ပင်ဖို့ ဈေးကွက်ထိန်းညှိရေးအဖွဲ့က အမိန့်ပေးခဲ့ကြောင်း မြို့တော်အစိုးရအဖွဲ့က ပြောဆိုပါတယ်။
ဝယ်ယူပြီးသူတွေကို ပိုငွေပြန်အမ်းဖို့နဲ့ မရောင်းဘဲ သိမ်းထားတဲ့ mask တွေကို ဖြန့်ဖြူးရောင်းချဖို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဆေးဆိုင်ကို ညွှန်ကြားခဲ့ကြောင်း ၎င်းတို့ရဲ့ Weibo အကောင့်မှာ ဖော်ပြခဲ့ ပါတယ်။

Ref : CNA
ကိုလင်း ( အကုန်သိ သတင်းဌာန )

No comments:

Post a Comment

My Blog List