Monday, January 27, 2020

အခြေခံပညာကျောင်းများ၌ စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း စစ်ကိုင်းမြို့တွင် လက်မှတ်ကောက်

Image may contain: 6 people, people sitting
အခြေခံပညာကျောင်းများ၌ စာသင်ကာလ တိုးမြှင့်လိုက်ခြင်းအား ကန့်ကွက်ကြောင်း သဘောထားလက် မှတ်ကောက်ယူခြင်းနှင့် သုသေတနစစ်တမ်းကောက်ယူခြင်းကို ဇန်နဝါရီလ ၂၆ ရက်က စစ်ကိုင်းမြို့တွင် ပြုလုပ်ခဲ့သည်။

လက်မှတ်ထိုးကောက်ခံကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ဗဟို) မှဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလို ဆန္ဒသဘောထားတွေကောက်ယူပြီးရင် ရန်ကုန်ကိုပို့မယ်။ လူဦးရေဘယ်လောက်က ဘယ်လို ဆန္ဒသဘောထားတယ်ရှိတယ်တွေကို ပညာရေးကော်မတီတွေ လွှတ်တော်တွေနဲ့ တွေ့ဆုံမှာ။ ပညာရေး ဝန်ကြီးဆီကို ဒါတွေ ပို့မှာမဟုတ်ဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆာင်အဖွဲ့ဝင် ဒေါ်ဌေးဌေးဝေက ပြောသည်။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်က စာထုတ်ခဲ့သည်။
အခြေခံပညာ စာမေးပွဲကာလ တိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများကိုလည်း ပညာရေး တက္ကသိုလ်များ၊ ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်က စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လုပ်ဆောင်လျှက်ရှိသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်၍ အသစ်ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
Image may contain: 4 people, people sitting, people eating, table and food
Image may contain: 5 people
Image may contain: 3 people, outdoor
Image may contain: 5 people, outdoor
Image may contain: one or more people and people sitting
(Zawgyi)
အခြေခံပညာကျောင်းများ၌ စာသင်ကာလ တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း စစ်ကိုင်းမြို့တွင် လက်မှတ်ကောက်


အခြေခံပညာကျောင်းများ၌ စာသင်ကာလ တိုးမြှင့်လိုက်ခြင်းအား ကန့်ကွက်ကြောင်း သဘောထားလက် မှတ်ကောက်ယူခြင်းနှင့် သုသေတနစစ်တမ်းကောက်ယူခြင်းကို ဇန်နဝါရီလ ၂၆ ရက်က စစ်ကိုင်းမြို့တွင် ပြုလုပ်ခဲ့သည်။
လက်မှတ်ထိုးကောက်ခံကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် (ဗဟို) မှဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီလို ဆန္ဒသဘောထားတွေကောက်ယူပြီးရင် ရန်ကုန်ကိုပို့မယ်။ လူဦးရေဘယ်လောက်က ဘယ်လို ဆန္ဒသဘောထားတယ်ရှိတယ်တွေကို ပညာရေးကော်မတီတွေ လွှတ်တော်တွေနဲ့ တွေ့ဆုံမှာ။ ပညာရေး ဝန်ကြီးဆီကို ဒါတွေ ပို့မှာမဟုတ်ဘူး”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆာင်အဖွဲ့ဝင် ဒေါ်ဌေးဌေးဝေက ပြောသည်။
အခြေခံပညာအသီးသီး၏ ကျောင်းတွင်းစစ်စာမေးပွဲများအား တက္ကသိုလ်ဝင်တန်းပြီးဆုံးသည့်အချိန်တွင် စစ်ဆေးရမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က ၂၀၁၉ ဒီဇင်ဘာလ ၂၀ ရက်က စာထုတ်ခဲ့သည်။
အခြေခံပညာ စာမေးပွဲကာလ တိုးမြှင့်ခြင်းနှင့်ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများကိုလည်း ပညာရေး တက္ကသိုလ်များ၊ ပညာရေးကောလိပ်များတွင် ဇန်နဝါရီလ ၇ ရက်က စတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လုပ်ဆောင်လျှက်ရှိသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားသမဂ္ဂများနှင့် ညှိနှိုင်းတိုင်ပင်၍ အသစ်ပြန်လည်သတ်မှတ်သည့် အချိန်မှသာ အဆိုပါဖဲကြိုးစိမ်း လှုပ်ရှားမှုကို ရပ်နားသွားမည်ဖြစ်ကြောင်း ဖဲကြိုးစိမ်းလှုပ်ရှားမှုဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
#TheFifthWaveNews

No comments:

Post a Comment

My Blog List