Friday, January 31, 2020

မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ယာယီရပ်နား

Image may contain: 6 people, people standing, child, crowd and outdoorImage may contain: one or more people, people on stage, people standing, tree, sky, wedding, crowd, child and outdoor
မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို ချိုးဖောက်ကာ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စနှင့် ပတ်သက်၍သပိတ်မှောက် တောင်းဆိုနေသည့် မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ကို ဇန်နဝါရီလ ၃၀ ရက်မှစတင်၍ ယာယီရပ်နားခဲ့သည်။

အဆိုပါ Food Courtတည်ဆောက်မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်က အငြိမ်းစားပေး အရေးယူခဲ့ပြီးဖြစ်သည်။
“ကျွန်တော်တို့က ဥပဒေချိုးဖောက်ခဲ့သူအားလုံးကို အရေးယူပေးရေးတောင်းတာ။ အခု ပါမောက္ခချုပ်ကိုတော့ အရေးယူပြီးသွားပြီ ပြီးရင်မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှာ တာဝန်ရှိတဲ့သူတွေကို အရေးယူတဲ့ အပိုင်း ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားလုပ်ပေးမယ်လို့ ဒေါက်တာသိန်းဝင်းက ကတိပေးသွားတယ်။ ဒါကို စောင့်ကြည့်ပြီးမှ သပိတ်ကိုလှန်/မလှန်ဆုံးဖြတ်မယ်”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ် မှောက်ကော်မတီမှ ကိုဝေယံထက်က ပြောသည်။
ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့်ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည်။
Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်းက ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည်။
(Zawgyi)
မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ် ယာယီရပ်နား
မန္တလေးတက္ကသိုလ် အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို ချိုးဖောက်ကာ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား Food Court လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စနှင့် ပတ်သက်၍သပိတ်မှောက် တောင်းဆိုနေသည့် မန္တလေးတက္ကသိုလ် ကျောင်းသားသပိတ်ကို ဇန်နဝါရီလ ၃၀ ရက်မှစတင်၍ ယာယီရပ်နား ခဲ့သည်။

အဆိုပါ Food Courtတည်ဆောက်မှုနှင့် စပ်လျဉ်း၍ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်က အငြိမ်းစားပေး အရေးယူခဲ့ပြီးဖြစ်သည်။
“ကျွန်တော်တို့က ဥပဒေချိုးဖောက်ခဲ့သူအားလုံးကို အရေးယူပေးရေးတောင်းတာ။ အခု ပါမောက္ခချုပ်ကိုတော့ အရေးယူပြီးသွားပြီ ပြီးရင်မန္တလေးတက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှာ တာဝန်ရှိတဲ့သူတွေကို အရေးယူတဲ့ အပိုင်း ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နောက်ဆုံးထားလုပ်ပေးမယ်လို့ ဒေါက်တာသိန်းဝင်းက ကတိပေးသွားတယ်။ ဒါကို စောင့်ကြည့်ပြီးမှ သပိတ်ကိုလှန်/မလှန်ဆုံးဖြတ်မယ်”ဟု မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ သပိတ် မှောက်ကော်မတီမှ ကိုဝေယံထက်က ပြောသည်။
ကျောင်းအုပ်ချုပ်ရေး တာဝန်ရှိသူများအနေဖြင့် သမ္မတ၏ ညွှန်ကြားချက်ဖြစ်သည့် ၁/၂၀၁၇ ကို ဖောက်ဖျက်ပြီး Food Court ဆောက်လုပ်သည့်ကိစ္စအား တင်ဒါခေါ်ယူခြင်းမရှိပဲ ဆောင်ရွက်ခဲ့သည်။
Food Court ဆောက်လုပ်မှုအား ကျောင်းသားသမဂ္ဂအနေဖြင့် ထောက်ခံသည့်ပုံစံ အတုအယောင်များ လုပ်ဆောင်ထားခြင်းများလည်းရှိကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်အတွင်း ဆောက်လုပ်ထားသည့် Food Court ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ကတည်းက ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုအခါ ပြီးစီးနေပြီဖြစ်သည်။
#TheFifthWaveNews

No comments:

Post a Comment

My Blog List