Monday, January 27, 2020

စက်ရုံလေးရုံမှ လုပ်သားအင်အားတစ်ရာကျော် မြို့တော်ခန်းမရှေ့ဆန္ဒထုတ်ဖော်

Image may contain: 3 people, people standing and outdoorImage may contain: 5 people, outdoor
လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာရန် Hunter Myanmar , Gust Myanmar , Thong Thai Textile နှင့် Myanmar Nissenken စက်ရုံများမှ အလုပ်သမား အင်အားတစ်ရာကျော်က ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလုပ်သမားဥပဒေချိုးဖောက်ခြင်းကို ဆန္ဒပြတောင်းဆိုခြင်းကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ အလုပ်ထုတ်ခံရခြင်း၊ နစ်နာမှုများကို တင်ပြခြင်းမပြုလုပ်ရဲအောင် တရားစွဲဆိုခံရခြင်းစသည့် လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာစေရန် ရည်ရွယ်ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်။

မြို့နယ်ညှိနှိူင်းဖျန်ဖြေရေး၌ အဆုံးအဖြတ်မပေးနိုင်ဘဲ လာရောက်ဖြေရှင်းနေသူများကို အလိုမရှိကာ အလုပ်ရှင်ကိုယ်တိုင်လာရောက်ဖြေရှင်းပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန်ပျက်ကွက်သော အလုပ်ရှင်အား (အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ) ဥပဒေအရ အရေးယူပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ထားသော်လည်း စာချုပ်ချိုးဖောက်ပြီး အလုပ်ထုတ်မှူ ပြုလုပ်သော အလုပ်ရှင်အား(အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ)အရေးယူပေးရေး၊ အလုပ်ရုံဥပဒေအား ချိုးဖောက်နေသော အလုပ်ရှင်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အရေးယူပေးရေး၊ ဥပဒေချိုးဖောက်နေသော အလုပ်ရှင်များအား အစိုးရမှစောင့်ကြည့်အရေးယူပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
စုပေါင်းတောင်းဆိုနေစဉ် NO WORK NO PAY ဖြစ်သဖြင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ရုံးဖွင့်ရက်တိုင်းတွင် နေ့စဉ်ဖြေရှင်းပေးရေး၊ စုပေါင်းတောင်းဆိုမှုတွင် အလုပ်သမားများသဘောမတူဘဲခုံသမာဓိအဖွဲ့သို့ တင်ခိုင်းနေခြင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးထားသော်လည်း ဖူလုံရေးကတ်မရ၍ ဆေးကုသမှု အခက်အခဲကြုံနေရသဖြင့် ဖူလုံရေးကတ်အမြန်ဆုံးထုတ်ပေးရေး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ရန်ကုန်တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုချက်မရဘဲလုပ်ငန်းလုပ်ဆောင်နေမှူများအား တာဝန်ရှိသူများက အရေးယူပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
Image may contain: 7 people, people standing, sky and outdoor
Image may contain: 1 person, sky and outdoor
Image may contain: 4 people, sky and outdoor
Image may contain: 9 people, sky and outdoor
Image may contain: 4 people, outdoor
Image may contain: 2 people, sky and outdoor
သတင်းနှင့်ဓာတ်ပုံ - တင့်ဇော်ထွန်း

(Unicode)
စက်ရုံလေးရုံမှ လုပ်သားအင်အားတစ်ရာကျော် မြို့တော်ခန်းမရှေ့ဆန္ဒထုတ်ဖော်
...............................................
လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာရန် Hunter Myanmar , Gust Myanmar , Thong Thai Textile နှင့် Myanmar Nissenken စက်ရုံများမှ အလုပ်သမား အင်အားတစ်ရာကျော်က ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အလုပ်သမားဥပဒေချိုးဖောက်ခြင်းကို ဆန္ဒပြတောင်းဆိုခြင်းကြောင့် အလုပ်သမားသမဂ္ဂခေါင်းဆောင်များ
အလုပ်ထုတ်ခံရခြင်း၊ နစ်နာမှုများကို တင်ပြခြင်းမပြုလုပ်ရဲအောင် တရားစွဲဆိုခံရခြင်းစသည့် လုပ်ငန်းခွင်အခက်အခဲများကို အစိုးရက ပိုမိုသိရှိလာစေရန် ရည်ရွယ်ဆန္ဒထုတ်ဖော်ခြင်းလည်းဖြစ်သည်။

မြို့နယ်ညှိနှိူင်းဖျန်ဖြေရေး၌ အဆုံးအဖြတ်မပေးနိုင်ဘဲ လာရောက်ဖြေရှင်းနေသူများကို အလိုမရှိကာ အလုပ်ရှင်ကိုယ်တိုင်လာရောက်ဖြေရှင်းပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရန်ပျက်ကွက်သော အလုပ်ရှင်အား (အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ) ဥပဒေအရ အရေးယူပေးရေး၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ထားသော်လည်း စာချုပ်ချိုးဖောက်ပြီး အလုပ်ထုတ်မှူ ပြုလုပ်သော အလုပ်ရှင်အား(အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ)အရေးယူပေးရေး၊ အလုပ်ရုံဥပဒေအား ချိုးဖောက်နေသော အလုပ်ရှင်အား အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ အရေးယူပေးရေး၊ ဥပဒေချိုးဖောက်နေသော အလုပ်ရှင်များအား အစိုးရမှစောင့်ကြည့်အရေးယူပေးရေးတို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
စုပေါင်းတောင်းဆိုနေစဉ် NO WORK NO PAY ဖြစ်သဖြင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ ရုံးဖွင့်ရက်တိုင်းတွင် နေ့စဉ်ဖြေရှင်းပေးရေး၊ စုပေါင်းတောင်းဆိုမှုတွင် အလုပ်သမားများသဘောမတူဘဲခုံသမာဓိအဖွဲ့သို့ တင်ခိုင်းနေခြင်း၊ လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးထားသော်လည်း ဖူလုံရေးကတ်မရ၍ ဆေးကုသမှု အခက်အခဲကြုံနေရသဖြင့် ဖူလုံရေးကတ်အမြန်ဆုံးထုတ်ပေးရေး၊ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် ရန်ကုန်တိုင်းရင်းနှီးမြှုုပ်နှံမှုကော်မတီများ၏ ခွင့်ပြုချက်မရဘဲလုပ်ငန်းလုပ်ဆောင်နေမှူများအား တာဝန်ရှိသူများက အရေးယူပေးရေးတို့ကိုလည်း တောင်းဆိုခဲ့ကြသည်။
သတင်း - တင့်ဇော်ထွန်း
ဓာတ်ပုံ - Mar Naw

No comments:

Post a Comment

My Blog List