Thursday, January 30, 2020

မုံရွာ ကျောက္ကာရွာ၌ ရေနံချက်ဖို မီးလောင်၊ သုံးဦး ဒဏ်ရာရ


Image may contain: one or more people, sky, cloud and outdoor
မုံရွာမြို့နယ်၌ ကန်အတွင်းမှ ဒီဇယ်ဆီများကို ဆီဘောက်ဆာယာဉ်အတွင်း ပိုက်ဖြင့်ထည့်စဉ် မီး လောင်မှုဖြစ်ပွားခဲ့ရာ လုပ်သားသုံးဦး မီးလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် မုံရွာမြို့နယ် ကျောက္ကာ (မြောက်)ကျေးရွာ၏ အရှေ့ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေနံကုန်း၌ ဦးနန်း မောင်(၆၂)နှစ်ပိုင် ရေနံချက်ဖိုတွင် မန်နေဂျာ ဇင်နိုင် ဦး(၃၅)နှစ်သည် ဆီခြံလုပ်သားများဖြစ်သည့် မင်းကိုနိုင် အသက်(၃၀)ပါ သုံးဦးနှင့်အတူ ကန်အတွင်းမှ ဒီဇယ်ဆီ များအား YGN 4Q/---- ၂၂ဘီး ဆီဘောက်ဆာယာဉ် အတွင်း ပိုက်ဖြင့်ထည့်စဉ် ဆီဘောက်ဆာအတွင်း ကျန် ရှိနေသည့်အောက်တိန်းဆီငွေ့နှင့် ဓာတ်ပြုရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဒီဇယ်ဂါလန် ၁၅၀၀ ခန့်၊ ရေအေးစက်တစ်လုံး၊ အဲကွန်းတစ်လုံးနှင့် သွပ်မိုး/ကပ်ကာ/မြေစိုက်အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသည်။

မီးလောင်မှုကြောင့် မင်းကိုနိုင် အပါအဝင် ဆီခြံလုပ်သား သုံးဦးတွင် ခန္ဓာကိုယ် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ညနေ ၅ နာရီတွင် မုံရွာပြည်သူ့ ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ဇင်နိုင်ဦး(ဖမ်းမိ)အား မုံရွာနယ်မြေရဲစခန်းက (ပ)၅၆/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၃၈/၂၈၅ (ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်းစိုး
(Unicode Version)
မုံရွာ ကျောက္ကာရွာ၌ ရေနံချက်ဖို မီးလောင်၊ သုံးဦး ဒဏ်ရာရ

မုံရွာမြို့နယ်၌ ကန်အတွင်းမှ ဒီဇယ်ဆီများကို ဆီဘောက်ဆာယာဉ်အတွင်း ပိုက်ဖြင့်ထည့်စဉ် မီး လောင်မှုဖြစ်ပွားခဲ့ရာ လုပ်သားသုံးဦး မီးလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီ ၂၅ မိနစ်တွင် မုံရွာမြို့နယ် ကျောက္ကာ (မြောက်)ကျေးရွာ၏ အရှေ့ မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ ရေနံကုန်း၌ ဦးနန်း မောင်(၆၂)နှစ်ပိုင် ရေနံချက်ဖိုတွင် မန်နေဂျာ ဇင်နိုင် ဦး(၃၅)နှစ်သည် ဆီခြံလုပ်သားများဖြစ်သည့် မင်းကိုနိုင် အသက်(၃၀)ပါ သုံးဦးနှင့်အတူ ကန်အတွင်းမှ ဒီဇယ်ဆီ များအား YGN 4Q/---- ၂၂ဘီး ဆီဘောက်ဆာယာဉ် အတွင်း ပိုက်ဖြင့်ထည့်စဉ် ဆီဘောက်ဆာအတွင်း ကျန် ရှိနေသည့်အောက်တိန်းဆီငွေ့နှင့် ဓာတ်ပြုရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ ဒီဇယ်ဂါလန် ၁၅၀၀ ခန့်၊ ရေအေးစက်တစ်လုံး၊ အဲကွန်းတစ်လုံးနှင့် သွပ်မိုး/ကပ်ကာ/မြေစိုက်အဆောက်အအုံ တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသည်။

မီးလောင်မှုကြောင့် မင်းကိုနိုင် အပါအဝင် ဆီခြံလုပ်သား သုံးဦးတွင် ခန္ဓာကိုယ် မီးလောင်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် ညနေ ၅ နာရီတွင် မုံရွာပြည်သူ့ ဆေးရုံမှတစ်ဆင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ မီးလောင်မှုနှင့် ပတ်သက်၍ ဇင်နိုင်ဦး(ဖမ်းမိ)အား မုံရွာနယ်မြေရဲစခန်းက (ပ)၅၆/၂၀၂၀၊ ပြစ်မှုဥပဒေပုဒ်မ-၃၃၈/၂၈၅ (ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နိုင်ဝင်းစိုး

No comments:

Post a Comment

My Blog List