Friday, January 31, 2020

ရေးမြို့ အာဇာနည်ဗိမာန် ဖျက်ဆီးခံရ


Image may contain: people sitting, shoes and outdoor
မွန်ပြည်နယ် ရေးမြို့နယ် အာဇာနည်ဗိမာန်ကို ဇန်နဝါရီ ၂၉ ရက်ညပိုင်းက လူတစ်စု၏ချိုးဖဲ့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ကျူးလွန်သူများကို အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။
အဆိုပါဗိမာန်မှာ ရေးမြို့ ရန်မျိုးအောင်ရပ်ကွက်၌ တည်ရှိပြီး ဘောလုံးကွင်းနံဘေးတွင် ကွန်ကရစ်ကျောက်ခုံ အမြင့်ပေါ် တည်ဆောက်ထားခြင်းဖြစ်ရာ အနီးအနားတွင် ဘုန်းကြီးကျောင်းသာရှိကာ လူနေအိမ်များမရှိသည့်အတွက် လာရောက် ဖျက်ဆီးသူ မည်သူမည်ဝါဆိုသည်ကို မသိလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

"ဗိမာန်ရှေ့မှာ အခိုင်အမာလုပ်ထားတဲ့ ကွန်ကရစ်တိုင်တွေနဲ့ သံလုံးတွေကို ဖျက်ဆီးသွားတာ။ ဒုန်းဒုန်းနဲ့ထုသံတွေ ကြားလို့ ဘုန်းကြီးကထွက်ပြီး ရဲတွေလာ နေပြီလို့ အော်လိုက်တော့မှ ဆိုင်ကယ် နှစ်စီးနဲ့ ထွက်ပြေးသွားတာကို တွေ့လိုက်ရ တယ်လို့ပြောတယ်။ကျွန်တော်တို့ကတော့ မနက်မှသိတာ"ဟု ရေးမြို့ခံတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဝင်းကပြောဆိုသည္။

ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရေးမြို့မရဲစခန်းက (ပ)၁၁၉/၂၀၂၀၊ ပပက၆(၁)(ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု)ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ် နေအောင်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ညပိုင်းပဲဖြစ်မှာပေါ့။ ၁၀ နာရီနဲ့ ၂ နာရီကြားလို့ ယူဆရတာပေါ့။ သဲလွန်စကတော့အဲဒီမှာ အရက်သောက်သွားတဲ့ အနေအထားလေးတွေ တွေ့ရတယ်"ဟု ရေးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဝင်းမြင့် က စံတော်ချိန်သို့ ပြောဆိုသည်။

၂၀၁၉ ခုနှစ် အာဇာနည်နေ့မတိုင်မီ ရက်ပိုင်းအတွင်းကလည်း အဆိုပါ အာဇာနည် ဗိမာန်ရှိ တိုင်လုံးအချို့ ဖျက်ဆီးခံခဲ့ရဖူးပြီး တရားခံပေါ်ပေါက်ခြင်းမရှိဘဲ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရသည်။

"မနှစ်က အာဇာနည်နေ့မရောက်ခင် တိုင်လုံးအချို့ ဖျက်ဆီးခံခဲ့ရတယ်။ ပြဿနာအကျယ်အကျယ် မဖြစ်ချင်လို့ရယ်၊ ဆေး(မူးယစ်ဆေး)သမားတွေ လုပ်တာလားလို့တွေးလို့ရယ် တိုးတိုးတိတ်တိတ်ပဲ ပြန်ပြုပြင်ခဲ့ပါတယ်။ အခုလည်း ဖျက်ဆီးခံရပြန်ပြီ။ ဒီတိုင်လုံးတွေဟာ သံချောင်းတွေသုံးပြီး ကွန်ကရစ်နဲ့ အခိုင်အမာလုပ်ထားတာမို့ လက်ချည်းသက်သက်နဲ့ ဖျက်လို့မရနိုင်သလို လူတစ်ဦး၊ နှစ်ဦးလောက်နဲ့လည်း တစ်ခဏအတွင်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ယူဆပါတယ်။ ဒီလိုသိမ်ဖျင်းနိမ့်ကျတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကိုလည်း ရှုတ်ချပါတယ်။သက်ဆိုင်ရာ တာဝန်ရှိသူ၊ မြို့နယ်အာဏာပိုင်များအနေနဲ့လည်း ကျူးလွန်သူများကိုအမြန်ရှာေဖွဖော်ထုတ်ပြီး တိတိကျကျ အရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံ အကြောင်းကြားထားပြီးဖြစ်ပါတယ်"ဟု ရေးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဝင်းက ပြောဆိုသည်။

သတင်း - နိုင်ဝင်းစိုး
(Unicode Version)
ရေးမြို့ အာဇာနည်ဗိမာန် ဖျက်ဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် အာဇာ နည်ဗိမာန်ကို ဇန်နဝါရီ ၂၉ ရက် ညပိုင်းက လူတစ်စု၏ ချိုးဖဲ့ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး ကျူးလွန်သူများကို အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်း ရေးမြို့မရဲစခန်းမှ သိရ သည်။

အဆိုပါဗိမာန်မှာ ရေးမြို့ ရန်မျိုး အောင်ရပ်ကွက်၌ တည်ရှိပြီး ဘောလုံး ကွင်းနံဘေးတွင် ကွန်ကရစ်ကျောက်ခုံ အမြင့်ပေါ် တည်ဆောက်ထားခြင်းဖြစ်ရာ အနီးအနားတွင် ဘုန်းကြီးကျောင်းသာရှိ ကာ လူနေအိမ်များမရှိသည့်အတွက် လာ ရောက် ဖျက်ဆီးသူ မည်သူမည်ဝါဆိုသည် ကို မသိလိုက်ရကြောင်း ဒေသခံများက ပြောဆိုသည်။

"ဗိမာန်ရှေ့မှာ အခိုင်အမာလုပ် ထားတဲ့ ကွန်ကရစ်တိုင်တွေနဲ့ သံလုံးတွေ ကို ဖျက်ဆီးသွားတာ။ ဒုန်းဒုန်းနဲ့ထုသံတွေ ကြားလို့ ဘုန်းကြီးကထွက်ပြီး ရဲတွေလာ နေပြီလို့ အော်လိုက်တော့မှ ဆိုင်ကယ် နှစ်စီးနဲ့ ထွက်ပြေးသွားတာကို တွေ့လိုက်ရ တယ်လို့ပြောတယ်။ကျွန်တော်တို့ကတော့ မနက်မှသိတာ"ဟု ရေးမြို့ခံတစ်ဦးဖြစ်သည့် ဦးအောင်နိုင်ဝင်းကပြောဆိုသည်။

ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုနိုင်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရေးမြို့မရဲစခန်းက (ပ)၁၁၉/၂၀၂၀၊ ပပက၆(၁)(ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု)ဖြင့် အမှုဖွင့်ကာ ဒုရဲအုပ် နေအောင်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ညပိုင်းပဲဖြစ်မှာပေါ့။ ၁၀ နာရီနဲ့ ၂ နာရီကြားလို့ ယူဆရတာပေါ့။ သဲလွန်စကတော့အဲဒီမှာ အရက်သောက်သွားတဲ့ အနေအထားလေးတွေ တွေ့ရတယ်"ဟု ရေးမြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူး ဝင်းမြင့် က စံတော်ချိန်သို့ ပြောဆိုသည်။

၂၀၁၉ ခုနှစ် အာဇာနည်နေ့မတိုင်မီ ရက်ပိုင်းအတွင်းကလည်း အဆိုပါ အာဇာနည် ဗိမာန်ရှိ တိုင်လုံးအချို့ ဖျက်ဆီးခံခဲ့ရဖူးပြီး တရားခံပေါ်ပေါက်ခြင်းမရှိဘဲ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က ပြန်လည်ပြုပြင်ခဲ့ကြောင်း သိရသည်။

"မနှစ်က အာဇာနည်နေ့မရောက်ခင် တိုင်လုံးအချို့ ဖျက်ဆီးခံခဲ့ရတယ်။ ပြဿနာအကျယ်အကျယ် မဖြစ်ချင်လို့ရယ်၊ ဆေး(မူးယစ်ဆေး)သမားတွေ လုပ်တာလားလို့တွေးလို့ရယ် တိုးတိုးတိတ်တိတ်ပဲ ပြန်ပြုပြင်ခဲ့ပါတယ်။ အခုလည်း ဖျက်ဆီးခံရပြန်ပြီ။ ဒီတိုင်လုံးတွေဟာ သံချောင်းတွေသုံးပြီး ကွန်ကရစ်နဲ့ အခိုင်အမာလုပ်ထားတာမို့ လက်ချည်းသက်သက်နဲ့ ဖျက်လို့မရနိုင်သလို လူတစ်ဦး၊ နှစ်ဦးလောက်နဲ့လည်း တစ်ခဏအတွင်း မလုပ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်တာလို့ယူဆပါတယ်။ ဒီလိုသိမ်ဖျင်းနိမ့်ကျတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေကိုလည်း ရှုတ်ချပါတယ်။သက်ဆိုင်ရာ တာဝန်ရှိသူ၊ မြို့နယ်အာဏာပိုင်များအနေနဲ့လည်း ကျူးလွန်သူများကိုအမြန်ရှာဖွေဖော်ထုတ်ပြီး တိတိကျကျ အရေးယူဆောင်ရွက်ဖို့ မေတ္တာရပ်ခံ အကြောင်းကြားထားပြီးဖြစ်ပါတယ်"ဟု ရေးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမျိုးဝင်းက ပြောဆိုသည်။

သတင်း - နိုင်ဝင်းစိုး

No comments:

Post a Comment

My Blog List