Thursday, January 30, 2020

ကြေးနီစီမံကိန်းမှ တရုတ်လုပ်သားများကို တိုင်းအစိုးရဝင်စစ်


Image may contain: one or more people, people standing and outdoor
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ရှိ ယန်စီကြေးနီ စီမံကိန်းအတွင်း ဝူဟန် ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် သီးခြားခွဲထား သော တရုတ်လုပ်သားများနှင့် မိသားစုဝင် ၂၅ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရှောင် တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။
ဇန်နဝါရီ ၂၇ ရက် ညပိုင်းက တရုတ်လူမျိုးများ ကားငါးစီး ဖြင့် ကံကုန်း ကျေးရွာအနီး Camp တွင် ရောဂါရှောင် ရောက်နေ ကြသည်ဟု သတင်းရရှိ၍ တာဝန်ရှိသူများ ရှောင်တခင် ဝင်ရောက် စစ်ပေးရန် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့ သည်။ "ကားငါးစီး ဝင်လာတယ်ဆိုပြီးတော့ သတင်းပို့လို့ ရှောင် တခင်စစ်ဖို့ဆိုပြီးတော့ တောင်းဆိုတော့ ဒီနေ့မနက် တိုင်းဒေသကြီး အစိုးရက စည်ပင်ဝန်ကြီးရယ်၊ နယ်လုံဝန်ကြီးရယ်၊ ခရိုင်လဝက၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းကျန်းမားရေအဖွဲ့နဲ့ ကျွန်မတို့အတူတူ ဝင်စစ်ခဲ့တယ်၊ထူးခြားတာတော့ မတွေ့ခဲ့ပါဘူး"ဟု ယင်းမာပင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောဆိုသည်။

သံသယရှိ လူနာအနေဖြင့် သတ်မှတ်ကာ သီးခြားခွဲထားသည့် တရုတ်နိုင်ငံသား ၂၅ ဦး ရှိပြီး ယခုလအတွင်းမှ ရောက်လာသူ ၁၂ ဦးပါဝင်ကြောင်း သိရသည်။ယန်စီနှင့် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီဝန်ထမ်းများထံ ၎င်းတို့၏ မိသားစုများက လာရောက်ခဲ့ပြီး ပြည်တွင်း၌ လည် ပတ်ခဲ့သဖြင့် ဇန်နဝါရီ ၂၇ ရက်ကတည်းက သီးခြားခွဲထား ခြင်းဖြစ်ကြောင်း ယန်စီကုမ္ပဏီ၏အကြံပေး ဦးအုန်းလွင်မြင့်က ပြောဆိုသည်။

သီးခြားခွဲထားသည့် တရုတ်နိုင်ငံသားများ၏ကျန်းမာရေး၊ လဝကဥပဒေနှင့် အညီနေထိုင်ခြင်းဟုတ်၊မဟုတ်တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့်စစ်ဆေးခဲ့သည်။ ဗီဇာဖြင့် တရားဝင် လာရောက်သူများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး သီးသန့်ခွဲထားသူများအားလတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာမတွေ့ရှိရသော်လည်း ကုမ္ပဏီဆရာဝန်များဖြင့် ဆက်လက်စောင့် ကြည့်သွားမည်ဟု သိရသည်။

"ဝင်လာတာကတော့ ကျွန်မစိတ်ထဲမှာ ဘဝင်မကျတာကတော့ ဒီလောက် ပြဿနာဖြစ်နေတဲ့အချိန်မှာ အခုရက်ပိုင်းအတွင်းကို ဟိုဘက်ကနေ ကိုယ့်နိုင်ငံထဲကို ဝင်ခွင့်ပေးတာကတော့ လေဆိပ်တွေကတာ့ မဖြစ်သင့်ဘူးပေါ့။ အဲဒါ နည်းနည်းတော့ စိတ်တိုင်းမကျဘူး။ဒါက ပြည်ထောင်စုအဆင့်ကနေ ညွှန်ကြားမှလည်း ဖြစ်မှာလေ။ စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုအဆင့်ကိုတင်ပြဖို့ရာ တိုင်းအစိုးရက သူတို့ဌာနတွေကို ညွှန်ကြားသွားပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောဆိုသည်။

ယန်စီကုမ္ပဏီနှင့် ဝမ်ပေါင် ကုမ္ပဏီတို့သည် မုံရွာမြို့တစ်ဖက်ကမ်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိလက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင်ကြေးနီတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ ဖြစ်သည်။

သတင်း - နိုင်ဝင်းစိုး
(Unicode Version)
ကြေးနီစီမံကိန်းမှ တရုတ်လုပ်သားများကို တိုင်းအစိုးရဝင်စစ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်ရှိ ယန်စီကြေးနီ စီမံကိန်းအတွင်း ဝူဟန် ကိုရိုနာဗိုင်းရပ်စ်သံသယဖြင့် သီးခြားခွဲထား သော တရုတ်လုပ်သားများနှင့် မိသားစုဝင် ၂၅ ဦးကို စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့က ဇန်နဝါရီ ၂၉ ရက် နံနက်ပိုင်းတွင် ရှောင် တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။

ဇန်နဝါရီ ၂၇ ရက် ညပိုင်းက တရုတ်လူမျိုးများ ကားငါးစီး ဖြင့် ကံကုန်း ကျေးရွာအနီး Camp တွင် ရောဂါရှောင် ရောက်နေ ကြသည်ဟု သတင်းရရှိ၍ တာဝန်ရှိသူများ ရှောင်တခင် ဝင်ရောက် စစ်ပေးရန် နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့ သည်။ "ကားငါးစီး ဝင်လာတယ်ဆိုပြီးတော့ သတင်းပို့လို့ ရှောင် တခင်စစ်ဖို့ဆိုပြီးတော့ တောင်းဆိုတော့ ဒီနေ့မနက် တိုင်းဒေသကြီး အစိုးရက စည်ပင်ဝန်ကြီးရယ်၊ နယ်လုံဝန်ကြီးရယ်၊ ခရိုင်လ၀က၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ တိုင်းကျန်းမားရေအဖွဲ့နဲ့ ကျွန်မတို့အတူတူ ဝင်စစ်ခဲ့တယ်၊ထူးခြားတာတော့ မတွေ့ခဲ့ပါဘူး"ဟု ယင်းမာပင်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောဆိုသည်။

သံသယရှိ လူနာအနေဖြင့် သတ်မှတ်ကာ သီးခြားခွဲထားသည့် တရုတ်နိုင်ငံသား ၂၅ ဦး ရှိပြီး ယခုလအတွင်းမှ ရောက်လာသူ ၁၂ ဦးပါဝင်ကြောင်း သိရသည်။ယန်စီနှင့် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီဝန်ထမ်းများထံ ၎င်းတို့၏ မိသားစုများက လာရောက်ခဲ့ပြီး ပြည်တွင်း၌ လည် ပတ်ခဲ့သဖြင့် ဇန်နဝါရီ ၂၇ ရက်ကတည်းက သီးခြားခွဲထား ခြင်းဖြစ်ကြောင်း ယန်စီကုမ္ပဏီ၏အကြံပေး ဦးအုန်းလွင်မြင့်က ပြောဆိုသည်။

သီးခြားခွဲထားသည့် တရုတ်နိုင်ငံသားများ၏ကျန်းမာရေး၊ လ၀ကဥပဒေနှင့် အညီနေထိုင်ခြင်းဟုတ်၊မဟုတ်တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့်စစ်ဆေးခဲ့သည်။ ဗီဇာဖြင့် တရားဝင် လာရောက်သူများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး သီးသန့်ခွဲထားသူများအားလတ်တလောတွင် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လက္ခဏာမတွေ့ရှိရသော်လည်း ကုမ္ပဏီဆရာဝန်များဖြင့် ဆက်လက်စောင့် ကြည့်သွားမည်ဟု သိရသည်။

"ဝင်လာတာကတော့ ကျွန်မစိတ်ထဲမှာ ဘဝင်မကျတာကတော့ ဒီလောက် ပြဿနာဖြစ်နေတဲ့အချိန်မှာ အခုရက်ပိုင်းအတွင်းကို ဟိုဘက်ကနေ ကိုယ့်နိုင်ငံထဲကို ဝင်ခွင့်ပေးတာကတော့ လေဆိပ်တွေကတာ့ မဖြစ်သင့်ဘူးပေါ့။ အဲဒါ နည်းနည်းတော့ စိတ်တိုင်းမကျဘူး။ဒါက ပြည်ထောင်စုအဆင့်ကနေ ညွှန်ကြားမှလည်း ဖြစ်မှာလေ။ စိစစ်တွေ့ရှိချက်ကို ပြည်ထောင်စုအဆင့်ကိုတင်ပြဖို့ရာ တိုင်းအစိုးရက သူတို့ဌာနတွေကို ညွှန်ကြားသွားပါတယ်"ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်မေရီက ပြောဆိုသည်။

ယန်စီကုမ္ပဏီနှင့် ဝမ်ပေါင် ကုမ္ပဏီတို့သည် မုံရွာမြို့တစ်ဖက်ကမ်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်ရှိလက်ပံတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင်ကြေးနီတူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ ဖြစ်သည်။

သတင်း - နိုင်ဝင်းစိုး

No comments:

Post a Comment

My Blog List