Friday, January 31, 2020

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် လူ ၂၁၃ ဦး သေဆုံးပြီး လူ ၁၀၀၀၀ နီးပါး ကုူးစက်ခံရ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ အဖြစ် WHO ကြေညာ

Image may contain: one or more people
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့်လူပေါင်း ၂၁၃ ဦး သေဆုံးပြီး လူပေါင်း ၉၆၉၂ ဦး ကူးစက်ခံထားရကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ကြေညာသည်။

ယမန်နေ့တစ်ရက်တည်းတွင်ပင် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၄၃ ဦးနှင့် ရောဂါကူးစက်ခံရသူ ၁၉၈၂ ဦး ရှိလာခြင်းဖြစ်ပြီး ဝူဟန်မြို့တည်ရှိရာ Hubei ပြည်နယ်တွင် အဓိက ဖြစ်ပွားနေခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။
"ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုက လက်ရှိ အခြေအနေမှာ နိုင်ငံတွေအားလုံးတွေ အားလုံးဆီကို အားနည်းတဲ့ ကျန်းမာရေး စနစ်နဲ့ ဆိုရင် ဗိုင်းရပ်စ်ပိုးကူးစက်နိုင်မှု အလားအလာရှိနေတာကို စိုးရိမ်ပါတယ်။ ဒီအခြေအနေကို ဟန့်တားဖို့ ကျနေ်ာတို့အားလုံး အတူတူ ဟန့်တားတားဆီးပြီး အတူတကွ ရပ်တန့်အောင် လုပ်ဆောင်ရပါမယ်" ဟု WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ထုတ်ပြန်ပြောဆိုလိုက်သည်။
ဝူဟန်ဗိုင်းရပ်စ်ပိုးသည် နိုင်ငံပေါင်း ၂၀ နီးပါးကိုလည်း ကူးစက်ပျံ့နှံ့နေပြီဖြစ်သည်။

Photo Credit - Global Times

No comments:

Post a Comment

My Blog List