Wednesday, January 29, 2020

ပိတ်ဆို့မှုစာရင်းဝင်မြန်မာကုမ်ပဏီကို သယျယူပို့ဆောငျပေးခဲ့လို့ အမရေိကနျကုနျတငျသငျ်ဘောကုမ်ပဏီ ဒေါ်လာတစ်သန်းကျော်ပေးဆောင်ရ


Image may contain: sky, ocean, outdoor and water
မြန်မာနိုင်ငံကိုချမှတ်ထားတဲ့အမေရိကန်ပိတ်ဆို့မှုတွေကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုဖြေရှင်းဖို့ Eagle Shipping International (USA) LLCကုန်တင်သင်္ဘောကုမ္ပဏီဟာ ဒေါ်လာတစ်သန်းကျော်ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။
၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်ကြား မြဝတီထရိတ်ဒင်းကုမ္ပဏီလီမိတက်ကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးခဲ့လို့ဆိုပြီး ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ရတာလို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးဆီကနေ သိရပါတယ်။

အဲဒီကာလမှာ မြဝတီထရိတ်ဒင်းကုမ္ပဏီလီမိတက်ဟာ အမေရိကန်ရဲ့နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ အထဲပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပြီး မြဝတီကို နာမည်ပျက်စာရင်းကနေဖယ်ရှားလိုက်ပါတယ်။

ဒါပေမဲ့ ပြန်မရုတ်သိမ်းခင် မလျော်ကန်တဲ့လုပ်ဆာင်မှုတွေလုပ်ခဲ့တယ်လို့ဆိုရင် လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတွေဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့ တယ်လို့ တွေ့ရှိရသေးတယ်ဆိုပြီး ဝန်ကြီးဌာနကပြောတာပါ။

ဒီကိစ္စကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့ပြီး ဒီအမွေရခဲ့တဲ့ကိစ္စကို နောက်ပြန်ပို့နိုင်ခဲ့ပြီလို့ International (USA) LLCကုန်တင်သင်္ဘော ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီ Eagle Bulk Shipping သင်္ဘောကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂယ်ရီ ဗိုဂယ်က Wall Street ဂျာနယ်ကို အီးမေးကနေဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာပြန်ဖွဲ့စည်းခဲ့တဲ့ Eagle Bulk Shipping ကုမ္ပဏီရဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့သစ်က ချိုးဖောက်နိုင်ခဲ့ချေရှိတဲ့ဖြစ်ရပ်ကို နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးဆီတင်ပြခဲ့တာပါ။

လိုင်စင်လျှောက်ထားမှုငြင်းခဲ့တာနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး ဆီက ခွင့်ပြုမိန့်မရခဲ့တာတွေရှိခဲ့ပေမဲ့ အဲဒီကာလမှာ ပိတ်ဆို့မှုခံထားရ တဲ့မြဝတီကုမ္ပဏီကဖြည့်ဆည်းပေးတဲ့သဲကို စင်ကာပူနိုင်ငံဆီတင်ပို့ရာမှာ ကုမ္ပဏီက သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးကပြောပါတယ်။

Source- Wall Street Journal
Photo- Eagle Shipping International (USA) LLC Facebook
(Zawgyi)

ပိတ်ဆို့မှုစာရင်းဝင်မြန်မာကုမ္ပဏီကို သယ်ယူပို့ဆောင်ပေးခဲ့လို့ အမေရိကန်ကုန်တင်သင်္ဘောကုမ္ပဏီ ဒေါ်လာတစ်သန်း ကျော်ပေးဆောင်ရ

ျမန္မာႏိုင္ငံကိုခ်မွတ္ထားတဲ့အမေရိကန်ပိတ်ဆို့မှုတွေကိုချိုးဖောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုဖြေရှင်းဖို့ Eagle Shipping International (USA) LLCကုန်တင်သင်္ဘောကုမ္ပဏီဟာ ဒေါ်လာတစ်သန်းကျော်ပေးဆောင်ဖို့ သဘောတူခဲ့တယ်လို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၁၁ နဲ့ ၂၀၁၄ ခုနှစ်ကြား မြဝတီထရိတ်ဒင်းကုမ္ပဏီလီမိတက်ကို သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုပေးခဲ့လို့ဆိုပြီး ဒေါ်လာ ၁.၁၃ သန်းပေးဆောင်ရတာလို့ အမေရိကန်ငွေတိုက်ဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေးရုံးဆီကနေ သိရပါတယ်။

အဲဒီကာလမှာ မြဝတီထရိတ်ဒင်းကုမ္ပဏီလီမိတက်ဟာ အမေရိကန်ရဲ့နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ အထဲပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာမှာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းပြီး မြဝတီကို နာမည်ပျက်စာရင်းကနေဖယ်ရှားလိုက်ပါတယ်။

ဒါပေမဲ့ ပြန်မရုတ်သိမ်းခင် မလျော်ကန်တဲ့လုပ်ဆာင်မှုတွေလုပ်ခဲ့တယ်လို့ဆိုရင် လူတစ်ဦးတစ်ယောက်နဲ့ အဖွဲ့အစည်းတွေဟာ ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့ တယ်လို့ တွေ့ရှိရသေးတယ်ဆိုပြီး ဝန်ကြီးဌာနကပြောတာပါ။

ဒီကိစ္စကို အောင်အောင်မြင်မြင်ဖြေရှင်းနိုင်ခဲ့ပြီး ဒီအမွေရခဲ့တဲ့ကိစ္စကို နောက်ပြန်ပို့နိုင်ခဲ့ပြီလို့ International (USA) LLCကုန်တင်သင်္ဘော ကုမ္ပဏီရဲ့ မိခင်ကုမ္ပဏီ Eagle Bulk Shipping သင်္ဘောကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဂယ်ရီ ဗိုဂယ်က Wall Street ဂျာနယ်ကို အီးမေးကနေဖြေကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာပြန်ဖွဲ့စည်းခဲ့တဲ့ Eagle Bulk Shipping ကုမ္ပဏီရဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့သစ်က ချိုးဖောက်နိုင်ခဲ့ချေရှိတဲ့ဖြစ်ရပ်ကို နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးဆီတင်ပြခဲ့တာပါ။

လိုင်စင်လျှောက်ထားမှုငြင်းခဲ့တာနဲ့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံး ဆီက ခွင့်ပြုမိန့်မရခဲ့တာတွေရှိခဲ့ပေမဲ့ အဲဒီကာလမှာ ပိတ်ဆို့မှုခံထားရ တဲ့မြဝတီကုမ္ပဏီကဖြည့်ဆည်းပေးတဲ့သဲကို စင်ကာပူနိုင်ငံဆီတင်ပို့ရာမှာ ကုမ္ပဏီက သယ်ယူပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ငံခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးရုံးကပြောပါတယ္။

Source- Wall Street Journal
#TheFifthWaveNews
Photo- Eagle Shipping International (USA) LLC Facebook

No comments:

Post a Comment

My Blog List