Thursday, January 30, 2020

ဂျာမနီနိုင်ငံသား အမျိုးသမီးတစ်ဦး ဘုရားဖူးစဉ် ခြေချော်ကျ


Image may contain: 2 people, outdoor and natureImage may contain: one or more people, people standing, tree, plant, outdoor and nature
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာရှိ ပေ(၇၀၀) ခန့်မြင့်တဲ့ တောင်ဝိုင်းတောင်က ဘုရားကို ဇန်နဝါရီ ၂၉ ရက် နေလယ်ပိုင်းက ဂျာမနီနိုင်ငံသား အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ တက်ရောက်ဖူးမျှော်ဖို့ တောင်ပေါ်တက်ရောက်စဉ် ခြေချော် ပြုတ်ကျ ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ချက်အရ သိရပါတယ်။ 
အဲဒီ အမျိုးသမီဟာ တောင်လှေကားထစ်ကနေ ခြေချော်ပြီးတောင်အောက်(၁၀)ပေခန့်ထိပြုတ်ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

အဲလို ပြုတ်ကျခဲ့တာကြောင့် ညာခြေထောက်၊ ခြေသလုံးရိုး(ကျိုး) ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး 191 Report Application အသုံးပြု သတင်းပေးပို့လာသည့်အတွက် ဘားအံမြို့နယ်မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၈)ဦး သွားရောက်ကူညီဆောင်ရွက်ခဲ့တယ်လို့ လည်း သိရပါတယ်။ 

ဒဏ်ရာရရှိသူ အမျိုးသမီးကို တောင်ခြေအထိ ထမ်းစင်ဖြင့်သယ်ဆောင်ကာ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Image may contain: one or more people, outdoor, nature and water
Image may contain: 1 person, outdoor
Image may contain: 2 people, people sitting, outdoor, nature and water
Image may contain: one or more people, outdoor and nature

No comments:

Post a Comment

My Blog List