Monday, January 27, 2020

ICOE အစီရင်ခံစာ အကောင်အထည်ဖော်နိုင်ရေး EU ကူညီဖို့အသင့်ရှိ


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ICOE ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဥရောပသမဂ္ဂက ကူညီဖို့အသင့်ရှိနေတယ်လို့ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့အညီ လက်ရှိအချိန်မှာ လုံလောက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ကြီးမားတဲ့ချိုးဖောက်မှုတွေအတွက် လုံခြုံရေးတပ်ဖွဲ့တွေ၊ တာဝန်ရှိသူတွေကို တရားမျှတစွာ စီရင်နိုင်ရန် အရေးယူဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေထပ်မံမဖြစ်အောင် ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်အတွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အကြံပြုချက်တွေကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက အတည်ပြုခဲ့တဲ့ ကြားဖြတ်ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်ပက်ပြီး ယာယီအစီအမံတွေကိုချမှတ်ထားရေး ဆောငျရှကျရာမှာ တရားမြှတမှုကိုရှေးရှပွီး ခမြှတျတဲ့အမိနျ့ကို အပွညျ့အဝလိုကျနာဆောငျရှကျမယ်လို့ မျှော်လင့်ကြောင်းလည်း EU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာတပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေနဲ့ လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်မှုနဲ့ အင်အားအလွန်အကျွံသုံးစွဲမှုတှကေို ဝနျခံအသိအမှတျပွုရာမယျ့ကိစ်စဟာ အရေးပါတဲ့ ကနဦးခြေလှမ်းတွေဖြစ်ကြောင်းလည်း ပြောထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ တပ်မတော်သားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ မှားယွင်းမှုတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
Photo: Myanmar President Office


Unicode


ICOE အစီရင်ခံစာ အကောင်အထည်ဖော်နိုင်ရေး EU ကူညီဖို့အသင့်ရှိ

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ICOE ရဲ့ အကြံပြုချက်တွေကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဥရောပသမဂ္ဂက ကူညီဖို့အသင့်ရှိနေတယ်လို့ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အကြံပြုချက်တွေနဲ့အညီ လက်ရှိအချိန်မှာ လုံလောက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ ကြီးမားတဲ့ချိုးဖောက်မှုတွေအတွက် လုံခြုံရေးတပ်ဖွဲ့တွေ၊ တာဝန်ရှိသူတွေကို တရားမျှတစွာ စီရင်နိုင်ရန် အရေးယူဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုေတွထပ်မံမဖြစ်အောင် ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်အတွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ အကြံပြုချက်တွေကို ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက အတည်ပြုခဲ့တဲ့ ကြားဖြတ်ဆုံးဖြတ်ချက်ကို မြန်မာအစိုးရအနေနဲ့ လိုက်နာဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်ပက်ပြီး ယာယီအစီအမံတွေကိုချမှတ်ထားေရး ဆောင်ရွက်ရာမှာ တရားမျှတမှုကိုရှေးရှပြီး ချမှတ်တဲ့အမိန့်ကို အပြည့်အဝလိုက်နာဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်းလည်း EU ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မြန်မာတပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေနဲ့ လူ့အခွင့်အရေး ကြီးမားစွာ ချိုးဖောက်မှုနဲ့ အင်အားအလွန်အကျွံသုံးစွဲမှုေတွကို ဝန်ခံအသိအမှတ်ပြုရာမယ့်ကိစ္စဟာ အရေးပါတဲ့ ကနဦးခြေလှမ်းတွေဖြစ်ကြောင်းလည်း ပြောထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားေရးအဖွဲ့ကတော့ တပ်မတော်သားတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံ မှားယွင်းမှုတွေကို စုံစမ်းစစ်ဆေး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
Zawgyi
Photo: Myanmar President Office

RFA

No comments:

Post a Comment

My Blog List