Friday, January 31, 2020

ဝူဟန်မြို့မှ ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားများကို ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်ကြာစောင့်ကြည့်စစ်ဆေးမည်

Image may contain: one or more peopleImage may contain: 1 person, standing
ဝူဟန်မြို့မှ ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားများကို မန္တလေးမြို့ ရှိ ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်၊ ဒေါက်တာရဲလွင်ကသူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

ပြန်လာမည့်ကျောင်းသူကျောင်းသားတွေကို အဖျားရှိ၊ မရှိ၊ ချောင်းဆိုး၊ နှာစေး ရှိ၊ မရှိ တစ်နေ့ နှစ်ကြိမ်စမ်းသပ်စစ်ဆေးပြီးလိုအပ်ပါက ပြည်သူ့ဆေးရုံကြီးကို လွဲပြောင်းကုသပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးအဖွဲ့တွေက ၂၄ နာရီ စောင့်ကြည့်သွားမည်ဟု ရေးသားသားထားသည်။
“ကျွန်တော်ပြောချင်တာက အခုပြန်လာမယ့် ကျောင်းသူ၊ ကျောင်းသားတွေက ရောဂါသည်တွေ လုံးဝမဟုတ်ဘူးဆိုတာကိုပါ” လို့ ဒေါက်တာရဲလွင်က သူ့လူမှုကွန်ယက်မှာ ရေးသားထားပါသည်။
စောင့်ကြည့်ကာလအတွင်း လိုအပ်သည့်အခြေခံအသုံးအဆောင်မှအစ ပြင်ဆင်မှုတွေပြုလုပ်ထားပြီး မိသားစုနှင့် ဆက်သွယ်နိုင်ရေး အတွက်ပါ ကြိုတင်ပြင်ဆင်မှုတွေ စီစဉ်ပေးထားကြောင်းသိရသည်။
“ ဒီကျောင်းသူ၊ ကျောင်းသားတွေကို ပြန်ခေါ်တဲ့အခါမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စနစ်တကျ အထူးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ လိုအပ်တဲ့ကုသမှုတွေကို ပြုလုပ်ဖို့လဲ အထူး စီစဉ်ထားပါတယ်” ဟု အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုကူးစက်တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက စံတော်ချိန်နှင့်အင်တာဗျူးတွင်ပြောသည်။
ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားတွေကို ထားရှိမည့် ကန်တော်နဒီ ဆေးရုံကို ၁၉၉၂ ခုနှစ်က JV7 ကတည်ဆောက်ထားပြီး အသုံးမပြုတာ ကြာပြီးဖြစ်သည့်အတွက် လတ်တလောတွင် မြို့တော်စည်ပင်မှ ဆေးရုံအတွင်းလိုအပ်သည့် ကုတင်၊ ပရိဘောဂများ ဆေးကြောသန့်စင်ရေး၊ ဆေးရုံဝင်းအတွင်း ပေါင်းပင်မြက်ပင် ရှင်းလင်းရေး၊ ရေ၊ မိလ္လာစွန့်ပစ်မှုက အစတာဝန်ယူလုပ်ဆောင် ပေးနေကြောင်းသိရသည်။
ထို့အပြင်လူနှင့်ထိတွေ့မှုမရှိအောင် လုံခြံရေးတပ်ဖွဲ့တွေထားရှိမှာ ဖြစ်သလို ဆေးရုံထွက်အမှိုက်များကိုလည်း PPE ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် သန့်ရှင်းရေးဝန်ထမ်းများက စနစ်တကျ သိမ်းဆည်းပြီး မိးရှို့ဖျက်ဆီးမည်ဟု ဒေါက်တာရဲလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
No photo description available.
Image may contain: one or more people and people standing
Image may contain: one or more people and outdoor
Image may contain: one or more people, tree and outdoor
Image may contain: 3 people, people standing and indoor
Image may contain: 1 person, standing and walking
Image may contain: one or more people, people standing and outdoor
Image may contain: 4 people, people standing, tree, wedding, crowd, sky and outdoor
Image may contain: house, tree, sky, grass, plant, outdoor and nature
Image may contain: people sitting and indoor

သတင်း - ထူးထူး
ဓာတ္ပုံ - Ye Lwin Facebook

(Unicode Version)

#LatestNews
 ဝူဟန်မြို့မှ ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားများကို ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်ကြာစောင့်ကြည့်စစ်ဆေးမည်
ဝူဟန်မြို့မှ ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားများကို မန္တလေးမြို့ ရှိ ကန်တော်နဒီဆေးရုံ၌ ၁၄ ရက်စောင့်ကြည့်စစ်ဆေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်၊ ဒေါက်တာရဲလွင်ကသူ၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
ပြန်လာမည့်ကျောင်းသူကျောင်းသားတွေကို အဖျားရှိ၊ မရှိ၊ ချောင်းဆိုး၊ နှာစေး ရှိ၊ မရှိ တစ်နေ့ နှစ်ကြိမ်စမ်းသပ်စစ်ဆေးပြီးလိုအပ်ပါက ပြည်သူ့ဆေးရုံကြီးကို လွဲပြောင်းကုသပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးအဖွဲ့တွေက ၂၄ နာရီ စောင့်ကြည့်သွားမည်ဟု ရေးသားသားထားသည်။
“ကျွန်တော်ပြောချင်တာက အခုပြန်လာမယ့် ကျောင်းသူ၊ ကျောင်းသားတွေက ရောဂါသည်တွေ လုံး၀မဟုတ်ဘူးဆိုတာကိုပါ” လို့ ဒေါက်တာရဲလွင်က သူ့လူမှုကွန်ယက်မှာ ရေးသားထားပါသည်။
စောင့်ကြည့်ကာလအတွင်း လိုအပ်သည့်အခြေခံအသုံးအဆောင်မှအစ ပြင်ဆင်မှုတွေပြုလုပ်ထားပြီး မိသားစုနှင့် ဆက်သွယ်နိုင်ရေး အတွက်ပါ ကြိုတင်ပြင်ဆင်မှုတွေ စီစဉ်ပေးထားကြောင်းသိရသည်။
“ ဒီကျောင်းသူ၊ ကျောင်းသားတွေကို ပြန်ခေါ်တဲ့အခါမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး စနစ်တကျ အထူးစစ်ဆေးမှုတွေ ပြုလုပ်သွားမှာပါ။ လိုအပ်တဲ့ကုသမှုတွေကို ပြုလုပ်ဖို့လဲ အထူး စီစဉ်ထားပါတယ်” ဟု အားကစားနဲ့ ကျန်းမာရေး၀န်ကြီးဌာန ဗဟိုကူးစက်တိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင်ကြီးက စံတော်ချိန်နှင့်အင်တာဗျူးတွင်ပြောသည်။
ပြန်လာမည့်ကျောင်းသူ၊ ကျောင်းသားတွေကို ထားရှိမည့် ကန်တော်နဒီ ဆေးရုံကို ၁၉၉၂ ခုနှစ်က JV7 ကတည်ဆောက်ထားပြီး အသုံးမပြုတာ ကြာပြီးဖြစ်သည့်အတွက် လတ်တလောတွင် မြို့တော်စည်ပင်မှ ဆေးရုံအတွင်းလိုအပ်သည့် ကုတင်၊ ပရိဘောဂများ ဆေးကြောသန့်စင်ရေး၊ ဆေးရုံ၀င်းအတွင်း ပေါင်းပင်မြက်ပင် ရှင်းလင်းရေး၊ ရေ၊ မိလ္လာစွန့်ပစ်မှုက အစတာ၀န်ယူလုပ်ဆောင် ပေးနေကြောင်းသိရသည်။
ထို့အပြင်လူနှင့်ထိတွေ့မှုမရှိအောင် လုံခြံရေးတပ်ဖွဲ့တွေထားရှိမှာ ဖြစ်သလို ဆေးရုံထွက်အမှိုက်များကိုလည်း PPE ၀တ်စုံအပြည့် ၀တ်ဆင်ထားသည့် သန့်ရှင်းရေး၀န်ထမ်းများက စနစ်တကျ သိမ်းဆည်းပြီး မိးရှို့ဖျက်ဆီးမည်ဟု ဒေါက်တာရဲလွင်က သူ့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။
သတင်း - ထူးထူး
ဓာတ်ပုံ - Ye Lwin Facebook

No comments:

Post a Comment

My Blog List