Wednesday, January 29, 2020

ဝူဟန်ဗိုင်းရပ်စ်ကြောင့် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများအား ယနေ့မှစကာ ၅ရက်ယာယီရပ်နားမည်

Image may contain: 2 peopleImage may contain: indoor

ဟောင်ကောင်အခြေစိုက် မြန်ကောင်စစ်ဝန်ချုပ်ရုံး၏ လုပ်ငန်းများကို ယနေ့မှစပြီး ရက်အနည်းငယ် ယာယီရပ်နားလိုက်ပြီဟုသိရသည်။

ကောင်စစ်ဝန်ဆောင်မှု အရေးပေါ် လိုအပ်ပါက ကောင်စစ်ဝန်ချုပ်ရုံး ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့်သော်လည်းကောင်း၊ တယ်လီဖုန်းအမှတ်၊ +852 2845 0810/ +852 6633 8354 သို့ လည်းကောင်းဆက်သွယ်နိုင်သည့် နည်းလမ်းတစ်ခုကိုဖွင့်ထားပြီး၊ဟောင်ကောင်ဒေသနှင့် မကာအိုဒေသသို့ ရောက်ရှိလျက်ရှိကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် သက်ဆိုင်ရာအစိုးရ၊ ကျန်းမာရေးဌာနများမှ ထုတ်ပြန်ထားသည့် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအကြံပြုချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ကြရန်လည်း ကောင်စစ်ဝန်ချုပ်ရုံးက အကြံပြုအသိပေးထားကြောင်းလည်းသိရသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ လုပ်ငန်းများယာယီရပ်နားရခြင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် Coronavirus ကူးစက်ပျံ့နှံ့မှု အခြေအနေ ဆိုးရွာလာသည့်အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရမှ အစိုးရဝန်ထမ်းများအား နေအိမ်များမှ အလုပ်လုပ်ကိုင်ကြရန် ညွှန်ကြားထားရှိခြင်း၊ ပုဂ္ဂလိကလုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ဝန်ထမ်းများအား နေအိမ်များမှသာ အလုပ်လုပ်ကိုင်ရန် စီစဉ်‌ဆောင်ရွက်လျက်ရှိနေသဖြင့် ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းများအား ယနေ့ ၂၉-၁-၂၀၂၀ ရက်နေ့မှ ၂-၂-၂၀၂၀ ရက်နေ့အထိ ယာယီရပ်နားထားခြင်းဖြစ်ကြောင်းကောင်စစ်ဝန်ချုပ်ရုံး ၏ ကြေညာချက်အရသိရှိရသည်။
ကိုမင်း/Myanmar Harp
ပုံစာ။ ။ဟောင်ကောင်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်မြတ်သူဇာသန်းအား ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရ၊ အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam Cheng Yuet-ngorနှင့်အတူတွေ့ရစဉ်။

No comments:

Post a Comment

My Blog List