Monday, January 27, 2020

သိန်းပေါင်း ၈၄၀၀၀ ကျော်တန်ဖိုးရှိ ICE များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ

Image may contain: 2 people, table, outdoor and food

ကျိုင်းတုံမြို့နယ်အတွင်းမှ သိန်းပေါင်း ၈၄၀၀၀ ကျော်တန်ဖိုးရှိ ICE များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ ၂၃၃၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာဘက်မှ ကတ်တောင်ကျေးရွာဘက်သို့ မိုင်းယောင်းမြို့နယ်၊ မွန်းမိုင်ကျေးရွာအုပ်စု၊ ချေးခင်းကျေးရွာနေသူများဖြစ်သည့် လောတာ ၃၂ နှစ်မောင်းနှင်ပြီး လီဆူ ၃၀ နှစ် စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်ပေါ်တွင် တင်ဆောာင်လာသော ကျောပိုးအိတ်များအတွင်းမှ ICE အလေးချိန် ၃၃၆ ကီလို(ဒေသ ကာလပေါက်စျေး တန်ဖိုးငွေကျပ် ၈၄၀၀၀ သိန်း)၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၇၅ တောင့်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် စကားပြောစက် ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ယင်းအမှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
Credit - CCDAC Myanmar
The Ladies News
သိန်းပေါင်း ၈၄၀၀၀ ကျော်တန်ဖိုးရှိ ICE များနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
--- --- ---

No comments:

Post a Comment

My Blog List