Wednesday, January 29, 2020

အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးကွာဟမှု နည်းလာစေရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား

Image may contain: 1 person, flower
အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးကွာဟမှု နည်းလာ စေရန် ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားပြောဆိုလိုက်သည်။

“ကျွန်မတို့တွေ အစိုးရကျောင်းတွေကို ခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်သလို ပုဂ္ဂလိကကျောင်း တွေ တိုးတက်လာတာကိုလည်း အားပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းကသာ အကောင်း ဆုံးပညာရေးကို ပေးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ မိဘတွေကို မဖြစ်စေချင်ပါဘူး။ အစိုးရကျောင်း တွေရဲ့ အရည်အသွေးနဲ့ ပုဂ္ဂလိကကျောင်းတွေ အရည်အသွေး ကွာဟမှုနည်းလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ယနေ့ နံနက်ပိုင်းက ကျင်းပ သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစု ကြည်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပညာအရည်အသွေးမြင့်မားစေရန်အတွက် ကလေးတစ်ဦးချင်း၏ ပညာသင်ယူမှုအခွင့်အလမ်းရရှိမှု၊ ဆရာတစ်ဦးချင်း၏ အရည်အသွေးပြည့်မီမှု၊ ပညာအရည်အသွေးပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
အခြေခံပညာရေးကဏ္ဍအားပြုပြင်ပြောင်းလဲရာတွင် ပညာရေးနှင့် ဆက်နွယ်နေသူများ၊ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
“လက်ရှိ ပညာရေးစနစ်တွေ သင်ကြားမှုတွေ ပညာရေးစီမံခန့်ခွဲမှုတွေ ဆရာအရည်အသွေးတွေကို လေ့လာစမ်းစစ်ဖို့ လိုပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ဆိုရင် အစိုးရတခုတည်းနဲ့ ဆောင်ရွက်ဖို့ အောင် မြင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မလွယ်ကူတာတင်မကဘူး။ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ကျွန်မတို့ပြောလို့ ရပါတယ်။ ပြည်သူတွေ ပညာရေးနဲ့ပတ်သက်ဆက်နွယ်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ဆောင်ရွက်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
ပညာရေးအသုံးစရိတ်သည် မျှော်မှန်းထားသလောက် မရသေးသော်လည်း ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြင့်ပေးလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
Photo - Paing Nyein
----------------------------------------------------------------------
(Zawgyi)
အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးကွာဟမှု နည်းလာစေရန် ဒေါ်အောင်ဆန်းစုကြည် မှာကြား
ဇန္နဝါရီ ၂၈
ယဉ်ကေနွယ်

အစိုးရကျောင်းများ၏ အရည်အသွေးနှင့် ပုဂ္ဂလိကကျောင်းများ၏ အရည်အသွေးကွာဟမှု နည်းလာ စေရန် ဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားပြောဆိုလိုက် သည်။
“ကျွန်မတို့တွေ အစိုးရကျောင်းတွေကို ခိုင်မာအောင်တည်ဆောက်ကြရမှာဖြစ်သလို ပုဂ္ဂလိကကျောင်း တွေ တိုးတက်လာတာကိုလည်း အားပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကျောင်းကသာ အကောင်း ဆုံးပညာရေးကို ပေးနိုင်တယ်ဆိုတဲ့ အမြင်ကိုတော့ မိဘတွေကို မဖြစ်စေချင်ပါဘူး။ အစိုးရကျောင်း တွေရဲ့ အရည်အသွေးနဲ့ ပုဂ္ဂလိကကျောင်းတွေ အရည်အသွေး ကွာဟမှုနည်းလာအောင် ဆောင်ရွက်ဖို့ လိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) တွင် ယနေ့ နံနက်ပိုင်းက ကျင်းပ သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစု ကြည်က အထက်ပါအတိုင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
ပညာအရည်အသွေးမြင့်မားစေရန်အတွက် ကလေးတစ်ဦးချင်း၏ ပညာသင်ယူမှုအခွင့်အလမ်းရရှိမှု၊ ဆရာတစ်ဦးချင်း၏ အရည်အသွေးပြည့်မီမှု၊ ပညာအရည်အသွေးပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ရေး အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့သည်။
အခြေခံပညာရေးကဏ္ဍအားပြုပြင်ပြောင်းလဲရာတွင် ပညာရေးနှင့် ဆက်နွယ်နေသူများ၊ ပြည်သူများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
“လက်ရှိ ပညာရေးစနစ်တွေ သင်ကြားမှုတွေ ပညာရေးစီမံခန့်ခွဲမှုတွေ ဆရာအရည်အသွေးတွေကို လေ့လာစမ်းစစ်ဖို့ လိုပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ဆိုရင် အစိုးရတခုတည်းနဲ့ ဆောင်ရွက်ဖို့ အောင် မြင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ မလွယ်ကူတာတင်မကဘူး။ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ ကျွန်မတို့ပြောလို့ ရပါတယ်။ ပြည်သူတွေ ပညာရေးနဲ့ပတ်သက်ဆက်နွယ်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်မှသာ ဆောင်ရွက်ဖို့ဟာ အင်မတန်မှအရေးကြီးပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
ပညာရေးအသုံးစရိတ်သည် မျှော်မှန်းထားသလောက် မရသေးသော်လည်း ပညာရေးအသုံးစရိတ်ကို နှစ်စဉ်တိုးမြင့်ပေးလျက်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
#TheFifthWaveNews
Photo - Paing Nyein

No comments:

Post a Comment

My Blog List