Wednesday, January 29, 2020

သီရိလင်္ကာသို့ ပေးပို့လှူဒါန်းထားသော မြန်မာ့စွယ်စုံဆင်အား ညှဉ်းပန်းနှိပ်စက်မှုရှိ၊မရှိ မြန်မာသံအမတ်ကြီးသွားစစ်ဆေး

Image may contain: 1 person, outdoor

မြန်မာအစိုးရက ပေးပို့လှူဒါန်းထားသော Myan Kumara အမည်ရှိ စွယ်စုံဆင်အား ဆင်ထိန်းများက နှိပ်စက်ညှဉ်းပန်းလျက်ရှိကြောင်း သီရိလင်္ကာနိုင်ငံရှိ သတင်းမီဒီယာများနှင့် ဆိုရှယ်မီဒီယာများ၌ သတင်းများ ထွက်ပေါ်လျက်ရှိနေသည့်အပေါ် ကိုလံဘိုအခြေစိုက် သီရိလင်္ကာမြန်မာသံအမတ်ကြီးခေါင်းဆောင်သည့်အဖွဲ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကာ မလိုလားအပ်သော ညှဉ်းပန်းနှိပ်စက်မှုမျိုး မပြုလုပ်ရန် သက်ဆိုင်ရာကို မေတ္တာရပ်ခံခဲ့ကြောင်းသိရသည်။

နှိပ်စက်ခံနေရသော သတင်းများ၊ ဗီဒီယိုဖိုင်များထွက်ပေါ်လာမှုနှင့် စပ်လျဉ်း၍ သီရိလင်္ကာနိုင်ငံအစိုးရ တာဝန်ရှိသူများမှ လိုအပ်သကဲ့သို့ စိစစ်ပေးနိုင်ရေး၊ နှိပ်စက်ညှဉ်းပန်းသူများအား အရေးယူအပြစ်ပေး နိုင်ရေး၊ နောင်တွင် အလားတူ နှိပ်စက်ညှဉ်းပန်းမှုမျိုး မဖြစ်ပေါ်စေရန်အတွက် ကြပ်မတ်ဆောင်ရွက် ပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ ကိုလံဘိုမြို့မှ သီရိလင်္ကာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပေးပို့ ညှိနှိုင်းမေတ္တာရပ်ခံထားမှုလည်းပြုလုပ်ထားပြီး မြန်မာသံအမတ်ကြီးဦးဟန်သူ ကိုယ်တိုင် ဇန်နဝါရီ ၂၃ရက်နေ့ကကိုယ်တိုင်သွားစစ်ခြင်းလည်းဖြစ်သည်ဟုသိရသည်။
အဆိုပါ Myan Kumara အမည်ရှိ စွယ်စုံဆင်ကို မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့အနီးရှိ Bellanwila Temple သို့ ၂၀၁၃ ခုနှစ်က လှူဒါန်းခဲ့သည့် ဆင်ဖြစ်သည်ဟုသိရသည်။
ဘုရားကျောင်း၏ ဒုတိယအကြီးအကဲဆရာတော်က Myan Kumara က ယခုထွက်ပေါ်နေသော သတင်းများ၊ အထင်လွဲမှုများနှင့် ပတ်သက်၍ များစွာ စိတ်မကောင်းဖြစ်မိပါကြောင်း၊ Myan Kumara သည် ၂၀၁၃ ခုနှစ်ကတည်းက Bellanwila Temple သို့ ရောက်ရှိခဲ့ပြီး၊ ကျောင်း၌ ဆင်ဦးစီးများနှင့်အတူ လေ့ကျင့်ထားရှိကာ နှစ်စဉ် စွယ်တော်လှည့်ပွဲများ၊ ဘုရားပွဲများ၌ ထည့်သွင်းအသုံးပြုခဲ့ကြောင်း၊ ယခုအချိန်တွင် ဆင်Myan Kumara သည် ဆင်ပျိုပေါက် အရွယ်ရောက်လာပြီဖြစ်၍ အနည်းငယ်ထိန်းသိမ်းရခက်ခဲပြီး ၎င်း၏ ပြောင်းလဲလာသော အမူအကျင့်များအား ဆင်ဦးစီးများမှ ပြန်လည်လေ့ကျင့် ထိန်းကျောင်းပေးနေရကြောင်း၊ ထိုသို့ လေ့ကျင့်ရာတွင်လည်း ဆင်ဦးစီးများမှ ဆင်အား ထိခိုက်အန္တရယ်ဖြစ်စေသည့် ချွန်းသီး၊ သံတုတ်များ အသုံးမပြုဘဲ ကြိမ်လုံးကိုသာ အသုံးပြုခဲ့ပါကြောင်း၊ ကျောင်းတိုက်အတွင်း ဆင်ထားရှိရာနေရာတွင် CCTV ကင်မရာများ ထားရှိပြီး ဆရာတော်များမှ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်း၊ နောင်တွင် အလားတူကိစ္စများ မဖြစ်ပေါ်စေရေးအတွက် ဆင်ဦးစီးများအား ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်ဟု သိရသည်။
သံအမတ်ကြီးက မလိုလားအပ်သော ညှဉ်းပန်းနှိပ်စက်မှုမျိုး မပြုလုပ်ရန် မေတ္တာရပ်ခံပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List