Wednesday, January 29, 2020

မန္တလေးတက္ကသိုလ်Food Court တည်ဆောက်ရာတွင် သမ္မတရုံးညွှန်ကြားချက်မလိုက်နာ၍ ပါမောက္ခချုပ်ကို အငြိမ်းစားပေး

No photo description available.
မန္တလေးတက္ကသိုလ်တွင် Food Court တည်ဆောက်ရာတွင် နိုင်ငံတော်သမ္မတရုံး က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွ်ခဲ့သည့် မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသီတာဝင်း ကို အငြိမ်းစားပေးလိုက်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။

"အနားပေးလိုက်တာမှန်ပါတယ်"ဟု ဒေါက်တာသိန်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး အမိန့်ကြော်ငြာစာဖြင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဒေါ်သီတာဝင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အငြိမ်းစားပေးလိုက်ခြင်းဖြစ်ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော အမိန့်စာအရ သိရှိရသည်။
အဆိုပါ အမိန့်စာသည် စာအတုမဟုတ်ဘဲ အစစ်အမှန်ဖြစ်သည်ဟု ဒေါက်တာသိန်းဝင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
မန္တလေးပညာရေးကောလိပ်ကျောင်းသား ကိုညီညီဇင်ကလည်း အဆိုပါ အမိန့်စာ ရရှိ၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းထံ ကျောင်းသားများက ဆက်သွယ်မေးမြန်းရာတွင် ဟုတ်မှန်သည်ဟု ဖြေဆိုခဲ့ကြောင်း ပြောဆိုသည်။
မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက Food Court တည်ဆောက်မှု နှင့်ပတ်သက်၍ ကျောင်းအုပ်ချုပ်ရေးအဖွဲ့က မလိမ့်တစ်ပတ် လုပ်ဆောင်သည်ဟုဆိုကာ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်ကို အရေးယူပေးရေး ဆန္ဒပြမှုများနှင့် သပိတ်တိုက်ပွဲ ဆင်နွှဲလျက်ရှိနေချိန်တွင် ပါမောက္ခချုပ်ကို အနားပေးလိုက်ခြင်းဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment

My Blog List