Monday, January 27, 2020

လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်


Image may contain: 1 person, sitting and outdoor
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပါတီဝင်အဖြစ် ရုပ်သိမ်းခံရသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သို့ ပါတီဝင်အဖြစ် ဝင်ရောက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် စံတော်ချိန်သို့ ပြောကြားသည်။
'အခုပဲ ကျွန်တော်ပြည်သူ့ရှေ့ ဆောင်ပါတီမှာ ပါတီဝင်အခုပဲတင်ခဲ့ပြီး ပြန်ထွက်လာတာပါ။ အခုက ပါတီဝင် အဖြစ် CV ဖောင်တင်လိုက်တာပေါ့လေ။ပါတီဖောင်တင်တော့ ဒေါ်သက်သက် ခိုင်က မနက်ဖြန်ကလည်း လွှတ်တော် ရှိတယ်လေ။ လွှတ်တော်စပြီလေ။ ကျွန်တော်ကလည်း ရန်ကုန်တိုင်းလွှတ်တော်က မနက်ဖြန်ရှိတယ်။ ဒေါ်သက်သက်ခိုင်က မနက်ဖြန် နေ့လယ်မှာရှိတယ်ဆိုတဲ့ အတွက် ကျွန်တော်ကတော့ရေးပြီးတော့ တင်လိုက်ပြီ။ ပါတီဝင်အဖြစ်အသိအမှတ်ပြုမယ်ဆိုရင် ဘာတာဝန်ပေးမလဲစောင့်ကြည့်ရဦးမှာပေါ့။
အရင်တုန်းကလည်း ပါတီနှစ်ခုက ကမ်းလှမ်းထားတယ်လို့ ကျွန်တော် ပြောထားတာရှိပါတယ်။ အခု ကျွန်တော်က ပါတီကိုရွေးတဲ့အခါမှာ အဓိက ကတော့၊ ကျွန်တော့်ရဲ့ အမြင်ကတော့ စီးပွားရေးကိုဦးဆောင်တဲ့ ပါတီကိုပဲရွေးရမှာပေါ့။ ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်အရ စီးပွားရေးကို လက်တွေ့ကျကျလုပ်နေတဲ့သူတွေ ပါဝင်တဲ့အတွက် ကျွန်တော့်ရဲ့စဉ်းစားချက်အရ ဒီပါတီကို သဘောကျတဲ့အတွက် အခု ကျွန်တော် ဝင်လိုက်ပြီလို့ တင်ပြတာပါ'ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီတွင် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အရည်အချင်းရှိသည့် လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ရန် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ ပါတီလိုအပ်ချက်အရ ပါတီခေါင်းဆောင်ပိုင်းက ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးပါက ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ြဖစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

'အခုကျွန်တော် PPP ပါတီကို ဝင်လိုက်တဲ့အတွက် PPP ပါတီရဲ့ သဘောထားကို ကြည့်ရဦးမှာဖြစ်တယ်။ ပြည်သူ့ ကောင်းကျိုးဆောင်ပါတီကို ကြည့်ရတာတော့ မျက်နှာသစ်တွေပေါ့။ သူတို့ရဲ့ ပါတီမူဝါဒကလည်း မျက်နှာသစ်တွေကို ဦးစားပေးမယ့်သဘောရှိတယ်။ ကျွန်တော်က တကယ့်ကို အရည်အချင်းရှိတဲ့ လူငယ်မျက်နှာသစ်တွေ ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်တော်က နောက်ကပဲ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ မျှဝေမယ်။ အဲဒီလောက်ပဲ တာဝန်ယူမယ်။ အကယ်၍ PPP ပါတီရဲ့ လိုအပ်ချက်အရ ဦးကျော်ဇေယျရေ မျက်နှာသစ်တွေလည်း ရှိပါတယ်။ ဦးကျော်ဇေယျလည်း တစ်ထောင့်တစ်နေရာတော့ ပြိုင်သင့်တယ်လို့ ပါတီ EC က ဆုံးဖြတ်ရင် အဲဒီတာဝန်ကို ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ဇန်နဝါရီ ၂၁ ရက် ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးကျော်ဇေယျထံ စာပေးပို့ထားပြီးဖြစ်သည်။

သတင်း၊ ဓာတ်ပုံ - နောင်လေး
(Unicode Version)
လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ပါတီဝင်အဖြစ် ရုပ်သိမ်းခံရသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မဲဆန္ဒ နယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သို့ ပါတီဝင်အဖြစ် ဝင်ရောက်လိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် စံတော်ချိန်သို့ ပြောကြားသည်။

'အခုပဲ ကျွန်တော်ပြည်သူ့ရှေ့ ဆောင်ပါတီမှာ ပါတီဝင်အခုပဲတင်ခဲ့ပြီး ပြန်ထွက်လာတာပါ။ အခုက ပါတီဝင် အဖြစ် CV ဖောင်တင်လိုက်တာပေါ့လေ။ပါတီဖောင်တင်တော့ ဒေါ်သက်သက် ခိုင်က မနက်ဖြန်ကလည်း လွှတ်တော် ရှိတယ်လေ။ လွှတ်တော်စပြီလေ။ ကျွန်တော်ကလည်း ရန်ကုန်တိုင်းလွှတ်တော်က မနက်ဖြန်ရှိတယ်။ ဒေါ်သက်သက်ခိုင်က မနက်ဖြန် နေ့လယ်မှာရှိတယ်ဆိုတဲ့ အတွက် ကျွန်တော်ကတော့ရေးပြီးတော့ တင်လိုက်ပြီ။ ပါတီဝင်အဖြစ်အသိအမှတ်ပြုမယ်ဆိုရင် ဘာတာဝန်ပေးမလဲစောင့်ကြည့်ရဦးမှာပေါ့။
အရင်တုန်းကလည်း ပါတီနှစ်ခုက ကမ်းလှမ်းထားတယ်လို့ ကျွန်တော် ပြောထားတာရှိပါတယ်။ အခု ကျွန်တော်က ပါတီကိုရွေးတဲ့အခါမှာ အဓိက ကတော့၊ ကျွန်တော့်ရဲ့ အမြင်ကတော့ စီးပွားရေးကိုဦးဆောင်တဲ့ ပါတီကိုပဲရွေးရမှာပေါ့။ ကိုယ့်တိုင်းပြည်ရဲ့ လိုအပ်ချက်အရ စီးပွားရေးကို လက်တွေ့ကျကျလုပ်နေတဲ့သူတွေ ပါဝင်တဲ့အတွက် ကျွန်တော့်ရဲ့စဉ်းစားချက်အရ ဒီပါတီကို သဘောကျတဲ့အတွက် အခု ကျွန်တော် ဝင်လိုက်ပြီလို့ တင်ပြတာပါ'ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

ပြည်သူ့ရှေ့ဆောင်ပါတီတွင် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အရည်အချင်းရှိသည့် လူငယ်များ ဝင်ရောက်ယှဉ်ပြိုင်ရန် ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ ပါတီလိုအပ်ချက်အရ ပါတီခေါင်းဆောင်ပိုင်းက ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်ပေးပါက ရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုသည်။

'အခုကျွန်တော် PPP ပါတီကို ဝင်လိုက်တဲ့အတွက် PPP ပါတီရဲ့ သဘောထားကို ကြည့်ရဦးမှာဖြစ်တယ်။ ပြည်သူ့ ကောင်းကျိုးဆောင်ပါတီကို ကြည့်ရတာတော့ မျက်နှာသစ်တွေပေါ့။ သူတို့ရဲ့ ပါတီမူဝါဒကလည်း မျက်နှာသစ်တွေကို ဦးစားပေးမယ့်သဘောရှိတယ်။ ကျွန်တော်က တကယ့်ကို အရည်အချင်းရှိတဲ့ လူငယ်မျက်နှာသစ်တွေ ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်တော်က နောက်ကပဲ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ မျှဝေမယ်။ အဲဒီလောက်ပဲ တာဝန်ယူမယ်။ အကယ်၍ PPP ပါတီရဲ့ လိုအပ်ချက်အရ ဦးကျော်ဇေယျရေ မျက်နှာသစ်တွေလည်း ရှိပါတယ်။ ဦးကျော်ဇေယျလည်း တစ်ထောင့်တစ်နေရာတော့ ပြိုင်သင့်တယ်လို့ ပါတီ EC က ဆုံးဖြတ်ရင် အဲဒီတာဝန်ကို ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၉ ရက်တွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ်မှ ရုပ်သိမ်းလိုက်ကြောင်း ဇန်နဝါရီ ၂၁ ရက် ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးကျော်ဇေယျထံ စာပေးပို့ထားပြီးဖြစ်သည်။

သတင်း၊ ဓာတ်ပုံ - နောင်လေး

No comments:

Post a Comment

My Blog List