Monday, January 27, 2020

မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်များလည်း Corona Virus ကို စိုးရိမ်မှုရှိ

Image may contain: 3 people, people standing, people sitting and hatImage may contain: outdoor
တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် Corona Virus ကြောင့် တရုတ်ခရီးသွားများ လာရောက်လေ့ရှိသည့် မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ စိုးရိမ်မှုရှိကြောင်း ကျောင်းတိုက်နေ ဆရာတော် သံဃာတော်များ က ပြောသည်။

ထိုသို့ စိုးရိမ်မှုများရှိသည့်အတွက်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က တရုတ်ခရီးသွားများအနေဖြင့် ရောဂါငြိမ်းသည်အထိ မလာရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ဟု ရေးသားထားသည့် စာများဖြန့်ဝေမှုရှိခဲ့သည် ။
"စိုးရိမ်တာကတော့ ဆရာတော်ကြီးအပါအဝင် ဒီကျောင်းတိုက်က သံဃာတော်တွေ အားလုံးစိုးရိမ်ကြပါတယ် ။ ဆရာတော်ကြီးကလည်း သက်ဆိုင်ရာတွေ နဲ့ တိုင်ပင်တော့ တရုတ်က ဝင်မယ့် ခရီးစဉ်တွေမရှိတော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ဟုတ်ပြီဆိုပြီးနေလိုက်တယ်" ဟု မဟာဂန္ဓာရုံကျောင်းတိုက် မှ ပြည်ပခရီးသွား စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးကေလာသက ပြောသည်။
အဆိုပါစာသည် ကျောင်းတိုက်တာဝန်ရှိသူများက ဖြန့်ဝေခြင်းမဟုတ်သော်လည်း ကျောက်တိုက်အတွင်း နေထိုင်သီတင်းသုံးကြသည့် ဆရာတော် သံဃာတော်များက ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် မန္တလေးသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အများအပြား ဖျက်သိမ်းထားပြီး ကူမင်း - မန္တလေး ခရီးစဉ်မှာ ဆက်လက်ပြေးဆွဲလျှက်ရှိကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကျန်းမာရေးစစ်ဆေးခြင်းများနှင့် လေဆိပ် ဝန်ထမ်းများအား ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
Image may contain: 2 people, people standing, tree and outdoor
Image may contain: 1 person, standing, walking and outdoor
Image may contain: 5 people, people standing and outdoor
Zawgyi
မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်များလည်း Corona Virus ကို စိုးရိမ်မှုရှိ
ဇန္နဝါရီ ၂၇
နိုင်လင်းဦး

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသည့် Corona Virus ကြောင့် တရုတ်ခရီးသွားများ လာရောက်လေ့ရှိသည့် မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော် သံဃာတော်များ စိုးရိမ်မှုရှိကြောင်း ကျောင်းတိုက်နေ ဆရာတော် သံဃာတော်များ က ပြောသည်။
ထိုသို့ စိုးရိမ်မှုများရှိသည့်အတွက်လည်း ဇန်နဝါရီလ ၂၆ ရက်နေ့က တရုတ်ခရီးသွားများအနေဖြင့် ရောဂါငြိမ်းသည်အထိ မလာရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည် ဟု ရေးသားထားသည့် စာများဖြန့်ဝေမှုရှိခဲ့သည် ။
"စိုးရိမ်တာကတော့ ဆရာတော်ကြီးအပါအဝင် ဒီကျောင်းတိုက်က သံဃာတော်တွေ အားလုံးစိုးရိမ်ကြပါတယ် ။ ဆရာတော်ကြီးကလည်း သက်ဆိုင်ရာတွေ နဲ့ တိုင်ပင်တော့ တရုတ်က ဝင်မယ့် ခရီးစဉ်တွေမရှိတော့ဘူးလို့ ပြောတယ်။ ဒါကြောင့် ဟုတ်ပြီဆိုပြီးနေလိုက်တယ်" ဟု မဟာဂန္ဓာရုံကျောင်းတိုက် မှ ပြည်ပခရီးသွား စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးကေလာသက ပြောသည်။
အဆိုပါစာသည် ကျောင်းတိုက်တာဝန်ရှိသူများက ဖြန့်ဝေခြင်းမဟုတ်သော်လည်း ကျောက်တိုက်အတွင်း နေထိုင်သီတင်းသုံးကြသည့် ဆရာတော် သံဃာတော်များက ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် မန္တလေးသို့ ပြေးဆွဲနေသည့် လေကြောင်းခရီးစဉ်အများအပြား ဖျက်သိမ်းထားပြီး ကူမင်း - မန္တလေး ခရီးစဉ်မှာ ဆက်လက်ပြေးဆွဲလျှက်ရှိကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကျန်းမာရေးစစ်ဆေးခြင်းများနှင့် လေဆိပ် ဝန်ထမ်းများအား ကျန်းမာရေး အသိပညာပေးမှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List