Thursday, January 30, 2020

ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော


Image may contain: 7 people, people standing
ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပညာ ရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ) အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘယ်နေရာမှာမဆို ခွဲခြားဆက်ဆံမှုတွေ ရှိနေသမျှ ပြဿနာတွေ အမြဲရှိနေပြီး ငြိမ်းချမ်းမှုဆိုတာ ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် အိမ်တွေမှာ၊ ကျောင်းတွေမှာ၊ ရုံးတွေမှာ၊ ပတ်ဝန်းကျင်မှာ၊ ကမ္ဘာကြီးမှာ ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင် ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။ တကယ်တော့ သာတူညီမျှအခွင့်အရေး မရဘူးဆိုရင် “ပစ်ပယ်ခံရခြင်း” ဆိုတဲ့ အကြောင်း အရာတွေ ရှိလာမှာအမှန်ပါပဲ။ ဒါ့ကြောင့် ပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ “ပစ်ပယ်ခံရခြင်း”ဆိုတဲ့ အရာတွေရှိနေတယ် ဆိုတာကို သတိပြု သင့်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ကျောင်းများရှိ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရာတွင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ များမှ ခွဲခြားဆက်ဆံမှုတို့ရှိကြောင်း ကျောင်းသားသမဂ္ဂများထံမှ သိရသည်။
“ပဋိပက္ခအားလုံးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတာဟာသဘာဝပါပဲ။ အဲဒီ ပဋိပက္ခတွေကို အဖြေရှာရင်းအတူတကွ ပေါင်း သင်းဆက်ဆံရေးခိုင်မြဲသွားတာ၊ ပိုမိုကောင်းမွန် ငြိမ်းချမ်းတဲ့ အခြေအနေရရှိသွားတာလည်းရှိနိုင်ပါတယ်”ဟု နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောသည်။
မင်းသီဟန် ( အကုန်သိ သတင်းဌာန )
<<< Unicode Version >>>

ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

------ မင်းသီဟန် ( အကုန်သိ သတင်းဌာန ) -----

ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၂ ၌ ဇန်နဝါရီ ၂၈ ရက်က ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ပညာ ရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ) အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဘယ်နေရာမှာမဆို ခွဲခြားဆက်ဆံမှုတွေ ရှိနေသမျှ ပြဿနာတွေ အမြဲရှိနေပြီး ငြိမ်းချမ်းမှုဆိုတာ ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် အိမ်တွေမှာ၊ ကျောင်းတွေမှာ၊ ရုံးတွေမှာ၊ ပတ်ဝန်းကျင်မှာ၊ ကမ္ဘာကြီးမှာ ခွဲခြားဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင် ရွက်ဖို့လိုမှာ ဖြစ်ပါတယ်။ တကယ်တော့ သာတူညီမျှအခွင့်အရေး မရဘူးဆိုရင် “ပစ်ပယ်ခံရခြင်း” ဆိုတဲ့ အကြောင်း အရာတွေ ရှိလာမှာအမှန်ပါပဲ။ ဒါ့ကြောင့် ပဋိပက္ခဖြစ်ပွားမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ “ပစ်ပယ်ခံရခြင်း”ဆိုတဲ့ အရာတွေရှိနေတယ် ဆိုတာကို သတိပြု သင့်ပါတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ကျောင်းများရှိ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရာတွင် တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ များမှ ခွဲခြားဆက်ဆံမှုတို့ရှိကြောင်း ကျောင်းသားသမဂ္ဂများထံမှ သိရသည်။
“ပဋိပက္ခအားလုံးဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတာဟာသဘာဝပါပဲ။ အဲဒီ ပဋိပက္ခတွေကို အဖြေရှာရင်းအတူတကွ ပေါင်း သင်းဆက်ဆံရေးခိုင်မြဲသွားတာ၊ ပိုမိုကောင်းမွန် ငြိမ်းချမ်းတဲ့ အခြေအနေရရှိသွားတာလည်းရှိနိုင်ပါတယ်”ဟု နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောသည်။

No comments:

Post a Comment

My Blog List