Monday, January 27, 2020

၀ူဟန်ကော်ရိုနာဗိုင်းရပ်စ်ပိုးကို ပင်လယ်စာနှင့်တောရိုင်းထွက်ကုန်ရောင်းချသည့် စျေးတွင် တွေ့ရှိရ၊ ဗိုင်းရပ်စ်ပိုးသစ်၏ပုံရိပ်ကို ထုတ်ပြန်

No photo description available.
တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားလာသော ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်(2019-nCoV) ကို ပင်လယ်စာနှင့်တောရိုင်းတိရိစ္ဆာန်ထွက်ကုန်ရောင်းချသည့် စျေးအတွင်းမှ သဘာဝထွက်ကုန်များတွင် တွေ့ရှိရကြောင်း တရုတ်နိုင်ငံရောဂါကာကွယ်တားဆီးရေးနှင့်ထိန်းချုပ်ရေးဌာနက ယနေ့ ထုတ်ပြန်ကြေညာသည်။

ဝူဟန်မြို့ Huanan ပင်လယ်စာနှင့်တောရိုင်းတိရိစ္ဆာန်ထွက်ကုန်များရောင်းချသည့်စျေးအတွင်းမှ သဘာဝထွက်ကုန်များကို ယူ၍ စစ်ဆေးကြည့်ရာတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရခြင်းဖြစ်ကြောင်း၊ ထိုစျေးသည် ကော်ရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိရသည့်စျေးဖြစ်ကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၁ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိ သဘာဝကုန်ပစ္စည်း ၅၈၅ မျိုးကို စမ်းသပ်ကြည့်ရာ ၃၅ မျိုးတွင် ဗိုင်းရပ်စ်ပိုးတွေ့ရှိရကြောင်း၊ ဗိုင်းရပ်စ်တွေ့ရှိရသည့် သဘာဝကုန် ၃၃ မျိုးသည် တောရိုင်းတိရိစ္ဆာန် ကုန်ပစ္စည်းများရောင်းချသည့် စျေးအနောက်ဘက်ခြမ်းမှ ကုန်များဖြစ်ကြောင်း၊ အဆိုပါတွေ့ရှိချက်အရ ကော်ရိုနာဗိုင်းရပ်စ်သည် တောရိုင်းတိရိစ္ဆာန်ရောင်းချသည့်စျေးများအတွင်းမှ စတင်ကူးစက်ပျံ့နှံ့လာဖြစ်ကြောင်း သိရှိရသည်။
ယနေ့တွင် ကော်ရိုနာဗိုင်းရပ်စ်ပိုးသစ်၏ ပုံရိပ်ကိုလည်း တရုတ်ကျန်းမာရေးအာဏာပိုင်က ထုတ်ပြန်ကြေညာသည်။
မူရင်းသတင်းကို https://www.scmp.com/…/chinese-premier-li-keqiang-

No comments:

Post a Comment

My Blog List