Monday, January 27, 2020

အခြေခံကျောင်းတွေအတွက် ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတိပေးညွှန်ကြားချက်မရသေး


Image may contain: 3 people, people standing and outdoor
ဝူဟန်-နိုဘယ်လ် ကော်ရိုနာပိုးနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက အသိ ပညာပေးညွန်ကြားတာတွေ မရှိသေးဘူးလို့ အခြေခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။
ညွန်ကြားချက်ရလာရင်တော့ စာသင်ကျောင်းအသီးသီးကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်တည်ဆောက်ဖို့လိုအပ်တာတွေကို လမ်းညွန်ထားပြီးသားလို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာဖြစ်လာရင်နေတာ့ကျောင်းတွေသာမက အဝင်အထွက်တွေအကုန်လုံးပိတ်ရမှာပဲလေ။ ကျောင်း တွေလည်း အဲဒီအချိန် အရေးပေါ်အခြေအနေရဆိုရင်တော့ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်ဖို့ရှိတယ်လေ။ ဒါပေမဲ့ အဲဒါတွေအကြောင်းပြပြီးတော့ ဒီဘက်ကျောင်းတွေအကုန်လုံးပိတ်ထားဖို့ဆိုတာကတော့ မရှိသေးဘူး။”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

အဲဒီလို စာသင်ကျောင်းတွေပိတ်ထားဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ပျံနှံမှုရှိ၊ မရှိဆိုတာ ထုတ်ပြန်တဲ့ အပေါ်မူတည်ပြီး အရေးပေါ်လိုအပ်တဲ့နေရာက စာသင်ကျောင်းတွေကို အရေးပေါ်သလို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူတွေနဲ့တိုင်ပင်ပြီး ပိတ်သင့်ရင်ပိတ်သွားမယ်လို့ သိရပါတယ်။

ကျန်မာရေးနဲ့ အာကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးကတော့ အခြေခံကျောင်းတွေ၊တက္ကသိုလ်တွေနဲ့ YBS တွေပေါ်မှာ QR ကုတ်ပါတဲ့ သတိပေးချက်တွေ ကပ်သွားမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့်
ဝူဟန်-နိုဘယ်လ်ကော်ရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတိထားရမယ့်အချက်တွေကို သိရှိနိုင်မယ်လို့လည်းဒီနေ့ ပြောထားပါတယ်။

အခု မြန်မာနိုင်ငံနဲ့ နီးတဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ဝူဟန်-နိုဘယ်ကိုရိုနာဗိုင်းရက်ကူးစက်ခံထားရတဲ့ လူနာ (၂)ယောက်တွေ့တယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်နေသလို ရွှေလီမြို့ကို ပိုးသတ်ဆေးဖြန်းမယ်လို့လည်း ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။
Source - Omedia
<zawgyi>
အခြေခံကျောင်းတွေအတွက် ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတိပေးညွှန်ကြားချက်မရသေး
Monday, January 27, 2020

ဝူဟန်-နိုဘယ်လ် ကော်ရိုနာပိုးနဲ့ပတ်သက်ပြီး စာသင်ကျောင်းတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနက အသိ ပညာပေးညွန်ကြားတာတွေ မရှိသေးဘူးလို့ အခြေခံပညာဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

ညွန်ကြားချက်ရလာရင်တော့ စာသင်ကျောင်းအသီးသီးကို ဖြန့်ဝေပေးသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ ပညာရေး ဝန်ကြီးဌာနအနေနဲ့ ကျန်းမာတဲ့ လူမှုပတ်ဝန်းကျင်တည်ဆောက်ဖို့လိုအပ်တာတွေကို လမ်းညွန်ထားပြီးသားလို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာဖြစ်လာရင်နေတာ့ကျောင်းတွေသာမက အဝင်အထွက်တွေအကုန်လုံးပိတ်ရမှာပဲလေ။ ကျောင်း တွေလည်း အဲဒီအချိန် အရေးပေါ်အခြေအနေရဆိုရင်တော့ လိုအပ်သလိုတုံ့ပြန်ဆောင်ရွက်ဖို့ရှိတယ်လေ။ ဒါပေမဲ့ အဲဒါတွေအကြောင်းပြပြီးတော့ ဒီဘက်ကျောင်းတွေအကုန်လုံးပိတ်ထားဖို့ဆိုတာကတော့ မရှိသေးဘူး။”လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

အဲဒီလို စာသင်ကျောင်းတွေပိတ်ထားဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ကူးစက်ပျံနှံမှုရှိ၊ မရှိဆိုတာ ထုတ်ပြန်တဲ့ အပေါ်မူတည်ပြီး အရေးပေါ်လိုအပ်တဲ့နေရာက စာသင်ကျောင်းတွေကို အရေးပေါ်သလို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိတဲ့သူေတွနဲ့တိုင်ပင်ပြီး ပိတ်သင့်ရင်ပိတ်သွားမယ်လို့ သိရပါတယ်။

ကျန်မာရေးနဲ့ အာကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးကတော့ အခြေခံကျောင်းတွေ၊တက္ကသိုလ်ေတွနဲ့ YBS တွေပေါ်မှာ QR ကုတ်ပါတဲ့ သတိပေးချက်တွေ ကပ်သွားမှာဖြစ်ပြီး အဲဒီကနေတစ်ဆင့်
ဝူဟန်-နိုဘယ်လ်ကော်ရိုနာနဲ့ ပတ်သက်တဲ့ သတင်းတွေ၊ သတိထားရမယ့်အချက်တွေကို သိရှိနိုင်မယ်လို့လည်းဒီနေ့ ပြောထားပါတယ်။

အခု မြန်မာနိုင်ငံနဲ့ နီးတဲ့ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ဝူဟန်-နိုဘယ်ကိုရိုနာဗိုင်းရက်ကူးစက်ခံထားရတဲ့ လူနာ (၂)ယောက်တွေ့တယ်ဆိုတဲ့ ကောလာဟလတွေထွက်ပေါ်နေသလို ရွှေလီမြို့ကို ပိုးသတ်ဆေးဖြန်းမယ်လို့လည်း ကောလာဟလတွေလည်း ထွက်ပေါ်လာပါတယ်။
Source - Omedia

No comments:

Post a Comment

My Blog List