Friday, January 31, 2020

ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီတွင် ကော်မတီပြင်ပလူအား အစားထိုးတာဝန်ပေးခြင်းသည် မတရားဟု ကော်မတီဥက္ကဋ္ဌ ပြောကြား


Image may contain: 1 person
လေးနှစ်တာသက်တမ်းရှိလာပြီဖြစ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၏ ကော်မတီအတွင်းရေးမှူးနေရာ အစားထိုးခန့်အပ်မှုတွင် လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ကော်မတီအဖွဲ့ဝင် မဟုတ်သည့် ပြင်ပလူအား တာဝန်ပေးအပ်ခြင်းသည် တရားမျှတမှု မရှိကြောင်း ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောကြားသည်။
“ကျွန်မက အခုလာတဲ့ သူကိုကြိုဆိုတယ်။ ကျွန်မကန့်ကွက်ရတယ်ဆိုတဲ့ဟာက တစ်ခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ သူက ကျွန်မတို့ ကော်မတီရဲ့ အကြောင်းကိုလည်း နားမလည်သေးဘူး။ နောက်တစ်ခုက ကျွန်မတို့ကော်မတီမှာ ကျွန်မ နဲ့တွဲလာတဲ့လူက (၄)နှစ် သက်တမ်း ရှိပါပြီ။ အခုလို တွဲလာတဲ့သူတွေထဲကပဲ ရွေးစေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဝင်ဝင်လာခြင်းမှာ အတွင်းရေးမှူးပိုစ်ကိုယူတယ်။ အတွင်းရေးမှူးဆိုတာက အရေးကြီးတယ်။ သူဘာလုပ်လို့ ဘာကိုင်ရမှန်း နားမလည်သေးဘူး။ နားမလည်သေးတဲ့ Key Post ကို တန်းယူတယ်ဆိုရင် ကျွန်မတိုအတွက် အဆင်မပြေဘူး။ ကျွန်မတို့ နဲ့ လက်တွဲလုပ်လာတဲ့ သူတွေက သူတို့မှာလည်း မျှော်လင့်ချက်ရှိတယ်။ ဒီလူတွေကို ဖြတ်ချပြီးတော့ အပြင်ကနေ ရောက်လာတဲ့ သူက တန်းပြီးတော့ အတွင်းရေးမှူး Key Post ကို ယူတယ်ဆိုရင် ဒါကမတရားဘူးလို့ ကျွန်မက ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ယူဆပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ (၁၁)မြောက် ပုံမှန်အ စည်းအဝေးအပြီးတွင် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အစားထိုးတာဝန်ပေးအပ်မှုအပေါ် ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းအနေနှင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏အတည်ပြုချက်အားရယူကာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တောျ (၁၁)မွောကျပုံမှနျ အစညျးအဝေး (၁၁)ရကျမွောကျနေ့တှငျ တိုငျးလှှတျတောျ၌ဖှဲ့စညျးထားသည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဒဂုံလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျအစား တာမွေလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖြူရောင်
Isee Media
<Zawgyi>
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီတွင် ကော်မတီပြင်ပလူအား အစားထိုးတာဝန်ပေးခြင်းသည် မတရားဟု ကော်မတီဥက္ကဋ္ဌ ပြောကြား

ဇန်နဝါရီ ၃၁
လေးနှစ်တာသက်တမ်းရှိလာပြီဖြစ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၏ ကော်မတီအတွင်းရေးမှူးနေရာ အစားထိုးခန့်အပ်မှုတွင် လွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ကော်မတီအဖွဲ့ဝင် မဟုတ်သည့် ပြင်ပလူအား တာဝန်ပေးအပ်ခြင်းသည် တရားမျှတမှု မရှိကြောင်း ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ကျွန်မက အခုလာတဲ့ သူကိုကြိုဆိုတယ်။ ကျွန်မကန့်ကွက်ရတယ်ဆိုတဲ့ဟာက တစ်ခြားအကြောင်းကြောင့် မဟုတ်ပါဘူး။ သူက ကျွန်မတို့ ကော်မတီရဲ့ အကြောင်းကိုလည်း နားမလည်သေးဘူး။ နောက်တစ်ခုက ကျွန်မတို့ကော်မတီမှာ ကျွန်မ နဲ့တွဲလာတဲ့လူက (၄)နှစ် သက်တမ်း ရှိပါပြီ။ အခုလို တွဲလာတဲ့သူတွေထဲကပဲ ရွေးစေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဝင်ဝင်လာခြင်းမှာ အတွင်းရေးမှူးပိုစ်ကိုယူတယ်။ အတွင်းရေးမှူးဆိုတာက အရေးကြီးတယ်။ သူဘာလုပ်လို့ ဘာကိုင်ရမှန်း နားမလည်သေးဘူး။ နားမလည်သေးတဲ့ Key Post ကို တန်းယူတယ်ဆိုရင် ကျွန်မတိုအတွက် အဆင်မပြေဘူး။ ကျွန်မတို့ နဲ့ လက်တွဲလုပ်လာတဲ့ သူတွေက သူတို့မှာလည်း မျှော်လင့်ချက်ရှိတယ်။ ဒီလူတွေကို ဖြတ်ချပြီးတော့ အပြင်ကနေ ရောက်လာတဲ့ သူက တန်းပြီးတော့ အတွင်းရေးမှူး Key Post ကို ယူတယ်ဆိုရင် ဒါကမတရားဘူးလို့ ကျွန်မက ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ယူဆပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ဇန်နဝါရီ ၃၀ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ (၁၁)မြောက် ပုံမှန်အ စည်းအဝေးအပြီးတွင် ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အစားထိုးတာဝန်ပေးအပ်မှုအပေါ် ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းအနေနှင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း လွှတ်တော်ဥက္ကဋ္ဌမှ လွှတ်တော်၏အတည်ပြုချက်အားရယူကာ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)မြောက်ပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် တိုင်းလွှတ်တော်၌ဖွဲ့စည်းထားသည့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဒဂုံလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျအစား တာမွေလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖြူရောင်

No comments:

Post a Comment

My Blog List