Thursday, January 30, 2020

၂၀၂၀ရွေးကောက်ပွဲသည် သက်ဆိုင်ရာ ပါတီများအလိုက် အကြိတ်အနယ် ပြိုင်ဆိုင်မှုများ ရှိလာနိုင်မည့် ရွေးကောက်ပွဲဟု ဦးစိုင်းညွန့်လွင် ပြောကြား


Image may contain: 1 person, standing
လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် သက်ဆိုင်ရာပါတီများအကြား ယှဉ်ပြိုင်မှု ပိုမိုများပြားလာမည့် ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
"၂၀၂၀ ရွေးကောက်ပွဲမှာတော့ ယခင်အခင်းအကျင်းနဲ့ မတူတဲ့ပုံစံတွေ ရှိပါလိမ့်မယ်လို့တော့ ထင်တယ်။ ဆိုလိုတာက ယခင် ရွေးကောက်ပွဲများကလို တိုင်းရင်းသားပါတီတွေဟာ ကွဲပြားနေတာ မဟုတ်ဘဲ တစ်ပါတီတည်းအဖြစ် စုစည်းစီးထားတာ တွေ့ရတယ်။ NLD ကလည်း အပြတ်အသတ် အနိုင်ရအောင် ကြိုးပမ်းမယ်ဆိုတာ ပြောထားတာရှိတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေအကြား အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေရှိလာမှာ။ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမယ်လို့တော့မြင်ပါတယ်။ ပါတီအသီးသီးကလည်း ကိုယ့်ပါတီအနိုင်ရရေး ကြိုးပမ်းမှုတွေ ရှိလာလိမ့်မယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီပေါင်း ၁၀၀ ကျော်ရှိနေပြီး NLD ပါတီသည် အာဏာရပါတီတစ်ခု ဖြစ်သည်။

"ဆရာတို့ကတော့ ကြိုးပမ်းသွားဖို့ရှိတယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့ပေါ့။ ၂၀၁၅ရွေးကောက်ပွဲလို အပြတ်အသတ် အနိုင်ရဖို့ ကြိုးစားသွားမယ်။ ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးစားတာဟာ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရမယ့်ကိစ္စပါပဲ" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် နိုဝင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ကိုဖူးသစ်
Isee Media
<Zawgyi>
၂၀၂၀ရွေးကောက်ပွဲသည် သက်ဆိုင်ရာ ပါတီများအလိုက် အကြိတ်အနယ် ပြိုင်ဆိုင်မှုများ ရှိလာနိုင်မည့် ရွေးကောက်ပွဲဟု ဦးစိုင်းညွန့်လွင် ပြောကြား

ဇန်နဝါရီ် ၃၀

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် သက်ဆိုင်ရာပါတီများအကြား ယှဉ်ပြိုင်မှု ပိုမိုများပြားလာမည့် ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

"၂၀၂၀ ရွေးကောက်ပွဲမှာတော့ ယခင်အခင်းအကျင်းနဲ့ မတူတဲ့ပုံစံတွေ ရှိပါလိမ့်မယ်လို့တော့ ထင်တယ်။ ဆိုလိုတာက ယခင် ရွေးကောက်ပွဲများကလို တိုင်းရင်းသားပါတီတွေဟာ ကွဲပြားနေတာ မဟုတ်ဘဲ တစ်ပါတီတည်းအဖြစ် စုစည်းစီးထားတာ တွေ့ရတယ်။ NLD ကလည်း အပြတ်အသတ် အနိုင်ရအောင် ကြိုးပမ်းမယ်ဆိုတာ ပြောထားတာရှိတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေအကြား အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေရှိလာမှာ။ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမယ်လို့တော့မြင်ပါတယ်။ ပါတီအသီးသီးကလည်း ကိုယ့်ပါတီအနိုင်ရရေး ကြိုးပမ်းမှုတွေ ရှိလာလိမ့်မယ်" ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၌ တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီပေါင်း ၁၀၀ ကျော်ရှိနေပြီး NLD ပါတီသည် အာဏာရပါတီတစ်ခု ဖြစ်သည်။

"ဆရာတို့ကတော့ ကြိုးပမ်းသွားဖို့ရှိတယ်။ ရွေးကောက်ပွဲ အနိုင်ရဖို့ပေါ့။ ၂၀၁၅ရွေးကောက်ပွဲလို အပြတ်အသတ် အနိုင်ရဖို့ ကြိုးစားသွားမယ်။ ရွေးကောက်ပွဲ အနိုင်ရရေး ကြိုးစားတာဟာ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရမယ့်ကိစ္စပါပဲ" ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောသည်။

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် နိုဝင်ဘာလအတွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ေြကာင်း သတင်းများ ထွက်ပေါ်နေပြီး တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင်မူ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

ကိုဖူးသစ်

No comments:

Post a Comment

My Blog List