Friday, January 31, 2020

ရန်ကုန်လေဆိပ်တွင် တရုတ်လေကြောင်းလိုင်းဖြင့်လိုက်ပါသော ခရီးသည် တရုတ်နိုင်ငံသား တစ်ဦးကို ဝူဟန်ဗိုင်းရပ်စ်သံသယဖြင့် ဝေဘာဂီသို့ပို့ဆောင်၊ လူနာထံမှ ဆေးစစ်ချက်ကို ထိုင်းသို့ ပို့ဆောင်စစ်ဆေးရဦးမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်China Southern လေကြောင်းလိုငးဖြင့် လိုက်ပါလာသော အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ဖျားနာနေခြင်း၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများရှိနေခြင်းကြောင့် ဝူဟန်ဗိုင်းရပ်စ်သံသယဖြင့် ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်တစ်ဦးက " ဟုတ်တယ်။ လူကြီးတွေတော့ စီစဉ်နေကြပြီ။ တရုတ်နိုင်ငံသား။ သူ့ဆီကို ဆေးစစ်ဖို့ အတွက် ဆေးစစ်ချက်ယူရမှာတွေရှိတယ်။ အဲဒါတွေကို ထိုင်းကို ပို့မယ်။ ဖျားနေတာ။ သေတယ် ဘာညာဆိုတာမဟုတ်ပါဘူး။ ကျန်တဲ့သူတွေလည်း ဘယ်လို ဆက်လုပ်မလဲ အဲဒါလည်း သေချာမသိဘူး။ ဒီလောက်ပဲ ပြောလို့ရမယ်။ ကျန်တာက လူကြီးတွေဖြေပါလိမ့်မယ်" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိအချိန်အထိ ကျန်ခရီးသည်များနှင့်ပတ်သက်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို မသိရှိရသေးဟု ၎င်းက ပြောဆိုသည်။
Photo Credit - Facebook

No comments:

Post a Comment

My Blog List