Wednesday, January 29, 2020

ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများလာပြပါက သက်မှတ်ထားသော ဆေးရုံများထံ ချက်ချင်း သတင်းပေးပို့ရန်ညွှန်ကြားထား

Image may contain: 1 person, standing
ပုဂ္ဂိက ဆေးရုံဆေးခန်းများသို့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ သံသယလူနာများ လာပြပါက သက် မှတ်ထားသည့် ဆေးရုံများထံ ချက်ချင်းသတင်းပေးပို့ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မြင့်ထွေးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ဇန်နဝါရီ ၂၇ ရက်ကျင်းပသော အဆုတ်ရောင် ရောဂါစောင့်ကြပ် ကြည့်ရှုမှု လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး အသိပေးရှင်းလင်းပွဲတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ပြည်သူများအနေနဲ့လည်း သံသယရောဂါလက္ခဏာများနဲ့ လူနာများကို တွေ့ရှိတယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် ကျန်းမာရေး ဌာနကို အကြောင်းကြားပေးနိုင်ဖို့ အရေးပေါ်၂၄ နာရီ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပုဂ္ဂလိ က ဆေးရုံ၊ ဆေးခန်းတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ သံသယလူနာများ လာရောက် ပြသမှုရှိရင် လုပ်ထုံးလုပ်နည်းများကို စနစ်တကျဆောင်ရွက်ခြင်း၊ သက်မှတ်ထားသော ဆေးရုံများထံ ချက်ခြင်းသတင်းပေးပို့ ဆောင်ရွက်ခြင်းတို့ကို လုပ်ပေးရမှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်သည့် သံသယလူနာနှင့် အတည်ပြုလူနာများထားရှိရန် ဝေဘာဂီ အထူးကုဆေးရုံ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီး၊ မန္တလေး ဆေးရုံကြီးတို့ကို သက်မှတ်ထားကြောင်း သိရ သည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော ကိုရိုနာဗိုင်းရစ်ပိုးကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါသည် လက်ရှိတွင် ကူးစက်ခံရသူ ၄၀၀၀ ထောင်ကျော်ပြီဖြစ်ကာ သေဆုံးသူ ၁၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)

Unicode Version

No comments:

Post a Comment

My Blog List