Monday, January 27, 2020

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ နေ့စဉ်နှင့်အမျှ မြင့်တက်နေကာ ၈၀ ဦးအထိ ရောက်ရှိလာပြီး ပိုးတွေ့ရှိသူ ၂၇၀၀ ကျော်

No photo description available.Image may contain: one or more people and outdoor

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင်း သေဆုံးသူဦးရေ ၈၀ နဲ့ ပိုးတွေ့ရှိသူ ၂၇၀၀ ကျော်ဖြစ်လာခဲ့ပြီး အလွန်တင်းကျပ်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ထုတ်ပြန်ထားခဲ့သလို ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရရုံးပိတ်ရက်ရှည်ကိုလည်း ထပ်တိုးပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံများစွာဟာ ဗိုင်းရပ်စ်စတင်ပြန့်ပွားရာ မြို့မှာရောက်ရှိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင် နေကြပါတယ်။

ရောဂါအဆိုးဝါးဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်ပြင်ပမှာ နောက်ထပ် သေဆုံးမှုသတင်း မထွက်သေးဘဲ နိုင်ငံတဝန်း ရောဂါပိုး ထပ်မံတွေ့ရှိသူ ၇၆၉ ဦးတွေ့ခဲ့ပြီး တစ်ဝက်ခန့်က ဟူပေပြည်နယ်မှ ဖြစ်ကြောင်းနဲ့ ပိုးတွေ့ရှိလူနာ ၄၆၁ ဦးဟာ အခြေအနေစိုးရိမ်ရကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
ရောဂါပိုးကူးစက်မှု အရှိန်တန့်သွားရေး ရည်ရွယ်ကာ လူဦးရေ သန်းပေါင်းများစွာအပေါ် သက်ရောက် မယ့် မကြုံစဖူး စီမံချက်အဖြစ် တရုတ်အစိုးရက နိုင်ငံအလယ်ပိုင်းက ဟူပေပြည်နယ်ကို အသွားအလာတွေဖြတ် ကာ ပိတ်ဆို့ထားခဲ့ပြီဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်နိုင်စွမ်းဟာ အတော်အားကောင်းပုံရကြောင်း သို့ပေမယ့် SARS ရောဂါပိုးလောက်တော့ စွမ်းအားမပြင်းကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေး အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကပ်ရောဂါဘေး ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တရုတ် ဝန်ကြီးချုပ် လီခေကျင်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့က နွေဦး ပွဲတော်ကာလ ရုံးပိတ်ရက်ကို မူလသတ်မှတ်ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကာ လူအစုအဝေး သွားလာမှုတွေ လျှော့ချဖို့အတွက် စာသင် ကျောင်းတွေ စဖွင့်ရက်ကို အကန့်အသတ်မရှိ အပြောင်းအလဲလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြ ပါတယ်။
ဟူပေပြည်နယ်ပြင်ပက ရှန်တုံပြည်နယ်နဲ့ ပေကျင်း၊ ရှန်ဟိုင်း၊ ရှီအန်နဲ့ တီယန်ကျင်းမြို့ကြီးတွေမှာ အဝေးပြေး ဘတ်စ်ကားလိုင်းတွေ အဝင်/အထွက် ပိတ်လိုက်ပြီဖြစ်တာကြောင့် နှစ်သစ်ကူး အားလပ်ရက် ခရီးသွားလာကြမယ့် လူဦးရေသန်းချီကို သက်ရောက်စေခဲ့ပါတယ်။ လူဦးရေထူထပ်တဲ့ တောင်ပိုင်းပြည်နယ် ကွမ်တုံ၊ အလယ်ပိုင်းက ကျင်းရှီနဲ့ မြို့သုံးမြို့မှာလည်း ဒေသခံတွေ နေအိမ်ပြင်ပထွက်သွားလာပါက နှာခေါင်းစွပ်တွေ မဖြစ်မနေတပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။
ဟူပေပြည်နယ်က အစပြုခဲ့တဲ့ ဗိုင်းရပ်စ်ဟာ ယခုအခါ တရုတ်နိုင်ငံဒေသအများအပြားနဲ့ ကမ္ဘာအထိ ကူးစက်ပျံ့နှံ့နေရာမှာ အလှမ်းဝေးကွာလှတဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ရောဂါပိုးတွေ့ရှိတဲ့ နိုင်ငံ တစ်ဒါဇင်ဝန်းကျင်ရှိလာပြီလို့ အတည်ပြုထားပါတယ်။ 
CNA
ကိုလင်း (အကုန်သိ သတင်းဌာန)
Unicode Version
ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးသူ နေ့စဉ်နှင့်အမျှ မြင့်တက်နေကာ ၈၀ ဦးအထိ ရောက်ရှိလာပြီး ပိုးတွေ့ရှိသူ ၂၇၀၀ ကျော်
--- ကိုလင်း (အကုန်သိ သတင်းဌာန) ---

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင်း သေဆုံးသူဦးရေ ၈၀ နဲ့ ပိုးတွေ့ရှိသူ ၂၇၀၀ ကျော်ဖြစ်လာခဲ့ပြီး အလွန်တင်းကျပ်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်တွေ ထုတ်ပြန်ထားခဲ့သလို ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အစိုးရရုံးပိတ်ရက်ရှည်ကိုလည်း ထပ်တိုးပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံများစွာဟာ ဗိုင်းရပ်စ်စတင်ပြန့်ပွားရာ မြို့မှာရောက်ရှိနေတဲ့ ၎င်းတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင် နေကြပါတယ်။
ရောဂါအဆိုးဝါးဆုံး ကူးစက်ဖြစ်ပွားနေတဲ့ ဟူပေပြည်နယ်ပြင်ပမှာ နောက်ထပ် သေဆုံးမှုသတင်း မထွက်သေးဘဲ နိုင်ငံတဝန်း ရောဂါပိုး ထပ်မံတွေ့ရှိသူ ၇၆၉ ဦးတွေ့ခဲ့ပြီး တစ်ဝက်ခန့်က ဟူပေပြည်နယ်မှ ဖြစ်ကြောင်းနဲ့ ပိုးတွေ့ရှိလူနာ ၄၆၁ ဦးဟာ အခြေအနေစိုးရိမ်ရကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ပါတယ်။
ရောဂါပိုးကူးစက်မှု အရှိန်တန့်သွားရေး ရည်ရွယ်ကာ လူဦးရေ သန်းပေါင်းများစွာအပေါ် သက်ရောက် မယ့် မကြုံစဖူး စီမံချက်အဖြစ် တရုတ်အစိုးရက နိုင်ငံအလယ်ပိုင်းက ဟူပေပြည်နယ်ကို အသွားအလာတွေဖြတ် ကာ ပိတ်ဆို့ထားခဲ့ပြီဖြစ်ပါတယ်။ ရောဂါပိုး ကူးစက်နိုင်စွမ်းဟာ အတော်အားကောင်းပုံရကြောင်း သို့ပေမယ့် SARS ရောဂါပိုးလောက်တော့ စွမ်းအားမပြင်းကြောင်း တရုတ်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေး အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကပ်ရောဂါဘေး ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် တရုတ် ဝန်ကြီးချုပ် လီခေကျင်း ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာအဖွဲ့က နွေဦး ပွဲတော်ကာလ ရုံးပိတ်ရက်ကို မူလသတ်မှတ်ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကာ လူအစုအဝေး သွားလာမှုတွေ လျှော့ချဖို့အတွက် စာသင် ကျောင်းတွေ စဖွင့်ရက်ကို အကန့်အသတ်မရှိ အပြောင်းအလဲလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြ ပါတယ်။
ဟူပေပြည်နယ်ပြင်ပက ရှန်တုံပြည်နယ်နဲ့ ပေကျင်း၊ ရှန်ဟိုင်း၊ ရှီအန်နဲ့ တီယန်ကျင်းမြို့ကြီးတွေမှာ အဝေးပြေး ဘတ်စ်ကားလိုင်းတွေ အဝင်/အထွက် ပိတ်လိုက်ပြီဖြစ်တာကြောင့် နှစ်သစ်ကူး အားလပ်ရက် ခရီးသွားလာကြမယ့် လူဦးရေသန်းချီကို သက်ရောက်စေခဲ့ပါတယ်။ လူဦးရေထူထပ်တဲ့ တောင်ပိုင်းပြည်နယ် ကွမ်တုံ၊ အလယ်ပိုင်းက ကျင်းရှီနဲ့ မြို့သုံးမြို့မှာလည်း ဒေသခံတွေ နေအိမ်ပြင်ပထွက်သွားလာပါက နှာခေါင်းစွပ်တွေ မဖြစ်မနေတပ်ရမယ်လို့ ညွှန်ကြားထားပါတယ်။
ဟူပေပြည်နယ်က အစပြုခဲ့တဲ့ ဗိုင်းရပ်စ်ဟာ ယခုအခါ တရုတ်နိုင်ငံဒေသအများအပြားနဲ့ ကမ္ဘာအထိ ကူးစက်ပျံ့နှံ့နေရာမှာ အလှမ်းဝေးကွာလှတဲ့ အမေရိကန်ပြည်ထောင်စု အပါအဝင် ရောဂါပိုးတွေ့ရှိတဲ့ နိုင်ငံ တစ်ဒါဇင်ဝန်းကျင်ရှိလာပြီလို့ အတည်ပြုထားပါတယ်။ CNA

No comments:

Post a Comment

My Blog List