
တရုတ်နိုင်ငံဖြစ်ပွားလျက်ရှိသော ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူနာများကို ကုသရန် ဆေးဝါးမရှိသေး၍ HIV/AIDS ကုသရာတွင် အသုံးပြုရသည့် ဆေးဝါးများကို အသုံးပြုနေရကြောင်း ဘေဂျင်းမြို့ ကျန်းမာရေး ကော်မရှင်က ကြေညာချက်ထုတ်ပြန်ပြောဆိုေြကာင်း CNN သတင်းတွင် ဖော်ပြထားသည်။
HIV/AIDS ကုသရာတွင်အသုံးပြုရသည့် ဆေးဝါးဖြစ်သော Lopinavir နှင့် Ritonavir ကို စမ်းသပ်အသုံးပြုနေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အမေရိကန် National Institutes of Health မှ Dr.Anthony Fauci က လတ်တလော ဝူဟန်ဗိုင်းရပ်စ်ပိုးကို ထိထိရောက်ရောက် ကုသနိုင်သော ဆေးဝါးမရှိကြောင်း၊ အမေရိကန်အနေဖြင့် ဗိုင်းရပ်စ်ပိုးကို ကုသနိုင်သော ဆေးဝါးထုတ်လုပ်ရန် ကြိုးပမ်းနေပြီး နှစ်လချီ ကြာမြင့်နိုင်ကြောင်း ပြောဆိုသည်။
လတ်တလော ကာကွယ်ကုသဆေးဝါးထုတ်နိုင်ရန် အမေရိကန် ပညာရှင်များ၊ တရုတ်ပညာရှင်များက ကြိုးပမ်းလျက်ရှိနေကြောင်း သိရှိရသည်။
လတ်တလော ဝူဟန်ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၈၀ ဦးထိရှိလာနေပြီး ၂၈၀၀ ကျော် ပိုးကူးစက်ခံရထားကြောင်း တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
မူရင်သတင်းကို အောက်ပါလင့်တွင် ဖတ်နိုင်ပါသည်။
Photo Credit - Getty Image
No comments:
Post a Comment