Friday, January 31, 2020

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် တိုင်းရင်းသားအားလုံးနှင့် လက်တွဲဆောင်ရွက်မည်ဟု (UNDP) ပါတီ ကြေညာ


Image may contain: 1 person, standing

ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့အတွက် တိုင်းရင်းသားလူမျိုးစုအားလုံးနဲ့ လက်တွဲဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန် ချထားတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြား လိုက်ပါတယ်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ဇန်နဝါရီ (၃၀)ရက်မှာ မိတ်ဖက်နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားခဲ့တာပါ။ “အဖွဲ့အစည်းတစ်ခုတည်းနဲ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ဒီအားနည်းချက်ကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့ကတော့ တိုင်းရင်းသားလူမျိုးစုအားလုံးနဲ့ လက်တွဲပြီးတော့ ဒီနေ့နိုင်ငံအတွက် အဓိကလိုအပ်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက်ကို သန္နိဋ္ဌာန်ချထားပါတယ်” လို့ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။
(UNDP) ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ခေါင်းဆောင်တွေ ဦးဆောင်ပြီး ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ (UNDP) ပါတီမှာ (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးနိုင်းနိုင်းက နာယက အနေနဲ့ ပါဝင်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကလည်း ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ ပါဝင်ပါတယ်။
လက်ရှိမှာ (UNDP) ပါတီအနေနဲ့ ချမှတ်ထားတဲ့ ပါတီမူဝါဒတွေအပေါ်မှာ နိုင်ငံရေးအခြေအနေလိုအပ်ချက်အရ လုပ်ငန်း အစီအစဉ်တွေ ရေးဆွဲသွားမယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး နော်အုန်းလှက ပြောပါတယ်။ “ပါတီမူတွေကတော့ ရှိပြီးသားပါ။ အဲဒီမူပေါ်မှာမှ နိုင်ငံရေး အခြေအနေအရ လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကို ချပြမှာပါ” လို့ နော်အုန်းလှက ပြောပါတယ်။
တွေ့ဆုံပွဲမှာ (UNDP) ပါတီက အမျိုးသားရေးတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့ အချက်အပါအဝင် အချက် (၅) ချက်ပါဝင်တဲ့ ပါတီကြေညာချက် (၁/၂၀၂၀)ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကို (၁၉၉၀) ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ဖွဲ့စည်းခဲ့စဉ်က ပါဝင်ခဲ့သူတွေ၊ တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ မိတ်ဖက်နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ 
Image may contain: 3 people, people sitting
No photo description available.
Image may contain: 13 people, people standing and indoor
Image may contain: 21 people, people sitting and crowd
သတင်း - ဝေယံထက်ဝင်း
One News Myanmar

No comments:

Post a Comment

My Blog List