Monday, January 27, 2020

ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်း ၂ ခု ကို လွှတ်တော်သို့တင်သွင်း

Image may contain: indoor
၄၅ ဦး ကော်မတီအနေဖြင့် အခြေခံဥပေဒေပြင်ဆင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းဖြစ်သည့် ပုဒ်မ ၄၃၆(က)နဲ့ ဆက်စပ်သည့် ပြင်ဆင်ချက်များဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု၊ပုဒ်မ ၄၃၆(ခ)နှင့်သက်ဆိုင်သည့် ဥပဒေမူကြမ်းတစ်ခု တို့ကို တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသည့် အဖွဲ့ဝင် ၄၅ ပါဝင်သည့် ခြေဥပြင်ဆင်ရေးပူးပေါင်းကော်မတီ၏ပြင်ဆင်ရေးဥပဒေမူကြမ်းကို ပြင်ဆင်ရေးကော်မတီ၏ ဥက္ကဌ ဖြစ်သူ ဦးထွန်းထွန်းဟိန် (နောင်ချိုမဲဆန္ဒနယ်) အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၃၅ ဦး က လက်မှတ်ထိုးတင်ပြထားသည့် ဥပဒေမူကြမ်းများကို ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နာယက ဦးတီခွန်မြတ် က အသိပေးကြေညာခဲ့သည်။
လွှတ်တော်သို့ တင်သွင်းနိုင်ရေးအတွက်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်း လက်မှတ်ရေးထိုးခြင်းကို ဇန်နဝါရီ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ခြေ/ဥ ပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ကာ ဥပဒေကြမ်း ၃ ခု ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့များမှ ဥပဒေကြမ်း ၂ ခု ကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းထားကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းများကို ပြင်ဆင်ရေးကော်မတီ၏ ဥပဒေမူကြမ်းထွက်ရှိလာမှသာ လွှတ်တော်သို့ တပြိုင်တည်းယှဉ်တွဲတင်ပြရန် ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားကြောင်းသိရသည်။
Zawgyi
ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဥပဒေမူကြမ်း ၂ ခု ကို လွှတ်တော်သို့တင်သွင်း
ဇန္နဝါရီ- ၂၃
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List