Thursday, January 30, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသားပါတီများ အနိုင်ရရှိရေး တစည ကူညီမည်

Image may contain: one or more people, eyeglasses, closeup and indoor
၂၀၂၀ ရွေးကောက်ပွဲတွင် တစည ပါတီ မယှဉ်ပြိုင်သည့် တိုင်းရင်းသားနယ်မြေအချို့ရှိ တိုင်းသားပါတီများ ယှဉ်ပြိုင်အနိုင်ရရေး တစည ပါတီမှ ကူညီမည်ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။
ရန်ကုန်မြို့ တစည ပါတီဌာနချုပ်တွင် ဇန်နဝါရီ ၂၈ ရက်က အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပါတီ ဒုဥ က္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကရင်ပြည်နယ်ဆိုပါတော့ ကရင်ပြည်နယ်မှာ (၇) မြို့နယ်ရှိတယ်။ ကျွန်တော်တို့က ၃မြို့နယ်ပဲပြိုင်မယ်။ အဲဒီလိုပေါ့လေ။ ပြိုင် မယ်ဆိုပေမယ့် မြို့နယ်တိုင်းပြိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ မပြိုင်တဲ့နေရာမှာ တချို့တိုင်းရင်းသား ပါတီတွေပြိုင် မယ်။ အဲဒါကို ကျွန်တော်တို့က ဝိုင်းဝန်းကူညီဆောင်ရွက်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ၊ ချင်းပြည်နယ်တွင် ချင်းအမျိုးသားပါတီ၊ ကရင်ပြည်နယ်တွင် ကရင်ပြည်သူ့ ပါတီ၊ ကချင်ပြည်နယ်တွင် ကချင်ဒီမိုကရေစီပါတီ စသည့် ပြည်နယ်အလိုက် တိုင်းရင်းသား ပါတီအသီးသီးမှ ပြည်နယ်ရှိ ပါတီ ငယ်များကို ပေါင်းစည်း၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လုံးကျွတ် အနိုင်ရရှိရေး ကြိုတင်ပြင်ဆင်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံရေး ပါတီပေါင်း ၉၈ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းကျော်ရှိ ကြောင်း သိရသည်။
Image may contain: outdoor, text that says 'ဗဟိုကော်မတီဌာနချုပ် National Unity Party'
မင်းသီဟန် ( အကုန်သိ သတင်းဌာန )

<<< Unicode Version >>>
၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ တိုင်းရင်းသားပါတီများ အနိုင်ရရှိရေး တစည ကူညီမည်
------- မင်းသီဟန် ( အကုန်သိ သတင်းဌာန ) --------
၂၀၂၀ ရွေးကောက်ပွဲတွင် တစည ပါတီ မယှဉ်ပြိုင်သည့် တိုင်းရင်းသားနယ်မြေအချို့ရှိ တိုင်းသားပါတီများ ယှဉ်ပြိုင်အနိုင်ရရေး တစည ပါတီမှ ကူညီမည်ဟု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဟန်ရွှေက ပြောသည်။
ရန်ကုန်မြို့ တစည ပါတီဌာနချုပ်တွင် ဇန်နဝါရီ ၂၈ ရက်က အကုန်သိ သတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ပါတီ ဒုဥ က္ကဋ္ဌ ဦးဟန်ရွှေက ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကရင်ပြည်နယ်ဆိုပါတော့ ကရင်ပြည်နယ်မှာ (၇) မြို့နယ်ရှိတယ်။ ကျွန်တော်တို့က ၃မြို့နယ်ပဲပြိုင်မယ်။ အဲဒီလိုပေါ့လေ။ ပြိုင် မယ်ဆိုပေမယ့် မြို့နယ်တိုင်းပြိုင်မှာ မဟုတ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ မပြိုင်တဲ့နေရာမှာ တချို့တိုင်းရင်းသား ပါတီတွေပြိုင် မယ်။ အဲဒါကို ကျွန်တော်တို့က ဝိုင်းဝန်းကူညီဆောင်ရွက်မယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ၊ ချင်းပြည်နယ်တွင် ချင်းအမျိုးသားပါတီ၊ ကရင်ပြည်နယ်တွင် ကရင်ပြည်သ့ူ ပါတီ၊ ကချင်ပြည်နယ်တွင် ကချင်ဒီမိုကရေစီပါတီ စသည့် ပြည်နယ်အလိုက် တိုင်းရင်းသား ပါတီအသီးသီးမှ ပြည်နယ်ရှိ ပါတီ ငယ်များကို ပေါင်းစည်း၍ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်နယ်လုံးကျွတ် အနိုင်ရရှိရေး ကြိုတင်ပြင်ဆင်လျက်ရှိသည်။
လက်ရှိတွင် နိုင်ငံရေး ပါတီပေါင်း ၉၈ ပါတီရှိပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၇ သန်းကျော်ရှိ ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List