Monday, December 23, 2019

ဒီမိုကရေစီစနစ် ထူထောင်နေသည့်အချိန်၌ သတင်းစာများ ပြုတ်သွားခြင်းသည် အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြောကြား

Image may contain: 1 person, sitting and indoor
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထူထောင်နေသည့်အချိန်၌ သတင်းစာများ၊ သတင်းမီဒီယာများ ပြုတ်သွားခြင်းသည် အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က ပြောဆိုသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် ပုံနှိပ်မီဒီယာအသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံကာ 'ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရပ် တည်နိုင်ရေးအတွက် ဆွေးနွေးပွဲ'ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ သတင်းမီဒီယာကောင်စီ ရုံးခန်း၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
'မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ထူထောင်နေတဲ့အချိန် သတင်းစာတွေ၊ သတင်းမီဒီယာတွေ ပြုတ်သွားတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ အစိုးရတစ်ရပ်ပြုတ်ကျသွားရင် အစားထိုးလို့ ရတယ်။ သတင်းစာတစ်စောင် ပြုတ်သွားပြီဆိုရင် အစားထိုးလို့မရဘူး။ ဒီမိုကရေစီစနစ် အနှစ်သာရအရ အင်မတန်နစ်နာတယ်'ဟု ၎င်းက ပြောဆိုသည်။
ပုံနှိပ်မီဒီယာနှင့် သတင်းစာမရှိပါက တိုင်းပြည်ပျက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။
'ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေဟာ ပျောက်သွားမှာမဟုတ်ဘူး။ ပုံနှိပ်မီဒီယာမရှိရင် တိုင်းပြည်ပျက်မှာပဲ။ သတင်းစာမရှိရင်လည်း တိုင်းပြည်ပျက်မှာပဲ။ ကျွန်တော်နားလည်တဲ့ ဒီမိုကရေစီဟာ အစိုးရတစ်ဖွဲ့ပဲ ကြီးစိုးပြီး သတင်းစာမရှိရင် အဲဒီတိုင်းပြည်ဟာ သချႋုင်းပဲ။ လွှတ်တော်မှာလည်း ဒီလိုပဲ။ တစ်ပါတီ၊ တစ်ဖွဲ့၊ တစ်ခုတည်းက အာဏာလွှမ်းမိုးသွားလို့ အတိုက်အခံမရှိတဲ့ဟာက သချႋုင်းကုန်းပဲ။ ဒီလိုဆုံးရှုံးနစ်နာမယ့် အတိုင်းအတာကို ကျွန်တော်တစ်ယောက်တည်း ခံစားချက်အရ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီအစည်းအဝေးကို ခေါ်ခြင်းဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က နေပြည်တော် ကောင်စီနယ်မြေရှိ ပြန်ကြားရေးဝန်ကြီး စုပေါင်းခန်းမ၌ ကျင်းပသည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မဏ္ဍိုင်လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲမှရရှိသည့် ရလဒ် ၁၃ ချက်ထဲမှ အချက်ငါးဖြစ်သည့် ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန်အချက်ကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရရှိသော ဆွေးနွေးပွဲ ရလဒ်များအား လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်မည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲ၌ ဆက်လက် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသူရိန်ထွန်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ The Voice Daily မှ တာဝန်ခံအယ်ဒီတာ ဦးအောင်စိုးတို့က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့်အတူ ကိုယ်စားပြု တက်ရောက်ဆွေးနွေးကြသည်။
သတင်း၊ ဓာတ်ပုံ - နောင်လေး
.................................................................
(Unicode Version)
 ဒီမိုကရေစီစနစ် ထူထောင်နေသည့်အချိန်၌ သတင်းစာများ ပြုတ်သွားခြင်းသည် အင်မတန်ဝမ်းနည်းစရာကောင်းကြောင်း သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ပြောကြား
မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထူထောင်နေသည့်အချိန်၌ သတင်းစာများ၊ သတင်းမီဒီယာများ ပြုတ်သွားခြင်းသည် အင်မတန် ဝမ်းနည်းစရာကောင်းကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဟံသာ၀တီဦးအုန်းကြိုင်က ပြောဆိုသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့် ပုံနှိပ်မီဒီယာအသီးသီးမှ တာဝန်ရှိသူများ တွေ့ဆုံကာ 'ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရပ် တည်နိုင်ရေးအတွက် ဆွေးနွေးပွဲ'ကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ သတင်းမီဒီယာကောင်စီ ရုံးခန်း၌ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က အဖွင့်မိန့်ခွန်းတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
'မြန်မာပြည်မှာ ဒီမိုကရေစီစနစ်ကို ထူထောင်နေတဲ့အချိန် သတင်းစာတွေ၊ သတင်းမီဒီယာတွေ ပြုတ်သွားတာဟာ အင်မတန်ဝမ်းနည်းစရာကောင်းတယ်။ အစိုးရတစ်ရပ်ပြုတ်ကျသွားရင် အစားထိုးလို့ ရတယ်။ သတင်းစာတစ်စောင် ပြုတ်သွားပြီဆိုရင် အစားထိုးလို့မရဘူး။ ဒီမိုကရေစီစနစ် အနှစ်သာရအရ အင်မတန်နစ်နာတယ်'ဟု ၎င်းက ပြောဆိုသည်။
ပုံနှိပ်မီဒီယာနှင့် သတင်းစာမရှိပါက တိုင်းပြည်ပျက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောကြားသည်။
'ပုဂ္ဂလိက ပုံနှိပ်မီဒီယာတွေဟာ ပျောက်သွားမှာမဟုတ်ဘူး။ ပုံနှိပ်မီဒီယာမရှိရင် တိုင်းပြည်ပျက်မှာပဲ။ သတင်းစာမရှိရင်လည်း တိုင်းပြည်ပျက်မှာပဲ။ ကျွန်တော်နားလည်တဲ့ ဒီမိုကရေစီဟာ အစိုးရတစ်ဖွဲ့ပဲ ကြီးစိုးပြီး သတင်းစာမရှိရင် အဲဒီတိုင်းပြည်ဟာ သင်္ချိုင်းပဲ။ လွှတ်တော်မှာလည်း ဒီလိုပဲ။ တစ်ပါတီ၊ တစ်ဖွဲ့၊ တစ်ခုတည်းက အာဏာလွှမ်းမိုးသွားလို့ အတိုက်အခံမရှိတဲ့ဟာက သင်္ချိုင်းကုန်းပဲ။ ဒီလိုဆုံးရှုံးနစ်နာမယ့် အတိုင်းအတာကို ကျွန်တော်တစ်ယောက်တည်း ခံစားချက်အရ မလုံလောက်ဘူး။ အဲဒါကြောင့် ဒီအစည်းအဝေးကို ခေါ်ခြင်းဖြစ်ပါတယ်'ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က နေပြည်တော် ကောင်စီနယ်မြေရှိ ပြန်ကြားရေးဝန်ကြီး စုပေါင်းခန်းမ၌ ကျင်းပသည့် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ်မဏ္ဍိုင်လေးရပ် အလုပ်ရုံ ဆွေးနွေးပွဲမှရရှိသည့် ရလဒ် ၁၃ ချက်ထဲမှ အချက်ငါးဖြစ်သည့် ပုံနှိပ်မီဒီယာကဏ္ဍ ရေရှည်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သွားရန်အချက်ကို တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ရရှိသော ဆွေးနွေးပွဲ ရလဒ်များအား လာမည့် ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်မည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲ၌ ဆက်လက် တင်ပြဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးသူရိန်ထွန်း၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူများနှင့် ဖြန့်ချိသူများအသင်းဥက္ကဋ္ဌ ဒေါ်နန်းကလျာဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ The Voice Daily မှ တာဝန်ခံအယ်ဒီတာ ဦးအောင်စိုးတို့က မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီနှင့်အတူ ကိုယ်စားပြု တက်ရောက်ဆွေးနွေးကြသည်။
သတင်း၊ ဓာတ်ပုံ - နောင်လေး

No comments:

Post a Comment

My Blog List