Thursday, June 04, 2015

တရုတ်က နယ်စပ်တွင် စစ်ရေးဆက်လက်လေ့ကျင့်


မြန်မာ-တရုတ်နယ်စပ် ၌ နှစ်ရက်ကြာမြင့်လာခဲ့ပြီဖြစ် သည့် တရုတ်တပ်မတော်၏ စစ် ရေးလေ့ကျင့်မှုတွင်လေတပ်၊ အ မြောက်တပ်၊ လေကြောင်းရန် ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ မစ်ဆိုင်းလ်ဒုံးကျည်နှင့် ရေဒါ တပ်အစရှိသည်တို့ ပါဝင်ပစ်ခတ် လေ့ကျင့်နေကြကြောင်း တရုတ် နိုင်ငံပိုင်သတင်းဌာနများက ဖော် ပြသည်။

မြန်မာနိုင်ငံ၊ ကိုးကန့်ဒေသ နှင့် ကပ်လျက်တည်ရှိသော တ ရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် တ ရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စစ်လက် နက်များလက်တွေ့အသုံးချပစ် ခတ်လေ့ကျင့်မှုကို ဇွန်လ ၂ ရက် ကစတင်ပြုလုပ်နေခြင်းဖြစ်သည်။ 

တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ၏ယူနန်ပြည်နယ်အတွင်းရှိ ဒေသဌာနများ၊ အမျိုးသားကာကွယ်ရေး တပ်စုဆောင်း ပြင်ဆင်ရေးအေဂျင်စီများနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များလည်း စစ် ရေးလေ့ကျင့်မှုတွင် ပါဝင်နေကြ ကြောင်း သိရသည်။

‘‘မြေပြင်စစ်သား ၈,၀၀၀ လောက်နဲ့ လေတပ်အရာရှိ ရာ ကျော်ပါတယ်’’ဟု ယူနန်ပြည်နယ် အတွင်း ရောက်ရှိနေသည့် အမည်မဖော်လိုသော နယ်စပ်စစ်ရေး စောင့်ကြည့်လေ့လာသူ သတင်း ရင်းမြစ်က ပြောသည်။

တရုတ်လေတပ်နှင့် ကြည်း တပ်တို့၏ စစ်ရေးလေ့ကျင့်မှု ပြု လုပ်မည့်အကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁ရက်က ကြေညာခဲ့သော်လည်း ကြာမြင့်မည့် အချိန်ကာလကန့် သတ်ချက်တစ်စုံတစ်ရာကို ယခု အချိန်ထိ ကြေညာခြင်းမရှိသေး ပေ။ ထို့အတူ တပ်ဖွဲ့ဝင်အင်အား မည်မျှပါဝင်မည်ကိုလည်း ကြေ ညာခြင်းမရှိချေ။

ယခုလေ့ကျင့်မှု၏ ရည်ရွယ် ချက်မှာ စစ်တပ်၏ လေ့ကျင့်လုပ် ဆောင်ချက်၊ ရန်သူဘက်သို့ကင်း ထောက်ခြင်း၊ ထိုးစစ်စွမ်းရည်၊ တပ်အင်အားစုစည်းပြင်ဆင်ခြင်း နှင့် ပြည်သူ့စစ်ဆိုင်ရာ အထောက် အပံ့တို့ကို စမ်းသပ်ရန်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနကို PLA ချန် ဒူးစစ်ဒေသစီနီယာကာနယ် Tang Jibing က ပြော ကြားခဲ့ သည်။

‘‘စစ်ရေးလေ့ကျင့်မှုတွေပြု လုပ်တာက ပူးတွဲအော်ပရေးရှင်း တွေလုပ်နိုင်စွမ်းကို မြှင့်တင်ဖို့အ တွက် ထိရောက်အကျိုးရှိတဲ့ နည်း လမ်းတစ်ခုပါ။ ပြီးတော့ နယ်စပ် အန္တရာယ်နဲ့ လေကြောင်းရန်ကို ကာကွယ်ရေး၊ ပြည်သူလူထုအ သက်အိုးအိမ်စည်းစိမ်ကို ကာ ကွယ်ရေးမှာ မရှိမဖြစ်လိုအပ်ပါ တယ်’’ဟု ၎င်းက ပြောကြားသည်။

မြန်မာနှင့်တရုတ် နှစ်နိုင်ငံ အစိုးရတို့အကြား ၁၉၉၇ မတ်လ ၂၅ ရက်က ချုပ်ဆိုခဲ့သည့် မြန်မာ -တရုတ်နယ်စပ်ဒေသများ စီမံ ခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ် ဆိုထားခဲ့ကြသည်။ ယင်းစာချုပ် အရ အဆိုပါနယ်နိမိတ်ကို ဖြတ် ကျော်ပြီး လက်နက်ဖြင့် ပစ်ခတ် ခြင်းမပြုရ။ နယ်နိမိတ်မျဉ်းအနီး ပေါက်ကွဲစေတတ်သော ပစ္စည်း များ ဖောက်ခွဲရန်လိုအပ်ပါက အ ခြားစာချုပ်ဝင်နိုင်ငံကို အနည်းဆုံး (၂၄) နာရီ ကြိုတင်အကြောင်း ကြားရမည်ဖြစ်သည်။ ယခုစစ် ရေးလေ့ကျင့်မှုနှင့်ပတ်သက်၍ ဇွန်လ ၁ ရက် မြန်မာဘက်လောက် ကိုင်စစ်ဒေသကို တရုတ်ဘက် လင်ချန်းစစ်ဒေသ တာဝန်ရှိသူ များကအသိပေးခဲ့သည်။ သို့သော် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာန ချင်း တရားဝင်ကြိုတင်အသိပေး မှုမရှိခဲ့သည့်အတွက် ဇွန်လ ၁ ရက်ညတွင် မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနက တရုတ်ဘက်သို့ လှမ်း၍ မေးမြန်းခဲ့ရသည်။

လက်ရှိ စစ်ရေးလေ့ကျင့်နေသည့် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ စီရင်စုနှစ်ခုမှာ မြန်မာအစိုးရ တပ်မတော်နှင့် ကိုးကန့်လက်နက် ကိုင်အဖွဲ့ MNDAA တို့အကြား တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း နယ်ကျော်၍ တရုတ်နိုင်ငံနယ်နိ မိတ်အတွင်း လက်နက်ကြီး ကျည် များကျရောက်မှု နှစ်ကြိမ်ဖြစ်ပွား ခဲ့သော နေရာအနီး၊ အခြေအနေ တင်းမာမှုရှိသည့် နယ်စပ်တွင် ဖြစ်သည်။

မတ်လက မြန်မာအစိုးရ တပ်မတော် တိုက်လေယာဉ်တစ် စီးက လမ်းကြောင်းလွဲမှား ကြဲချမိ သော ဗုံးတစ်လုံးကြောင့် တရုတ်လယ်သမား ငါးဦးသေဆုံးခဲ့၍ မြန်မာအစိုးရက တရားဝင်ပြန် လည်တောင်းပန်ခဲ့ရသည်။ မြန် မာသံအမတ်ကို ဘေဂျင်းက ဆင့် ခေါ်ခဲ့ပြီး မြန်မာနှင့် ထိစပ်နေ သော တရုတ်နိုင်ငံအနောက် တောင်ပိုင်းနယ်စပ်ကို ကင်းလှည့် ရန် တရုတ်တပ်ဖွဲ့များ စေလွှတ် ခဲ့သည်။ သေဆုံးသူများအတွက် လျော်ကြေးပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရနှင့်တရုတ်တပ် မတော်ကို မြန်မာအစိုးရက ကမ်းလှမ်းခဲ့သည်။

ထို့နောက် မေလ ၁၄ ရက် ညက မြန်မာနိုင်ငံဘက်မှ ပစ် လွှတ်သည့် လက်နက်ကြီးကျည်များ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရှိ လူဦးရေထူထပ်သော ၀မ်မင်း ကျေးရွာထဲသို့ ကျရောက်ခဲ့ပြီး ရွာ သားငါးဦးဒဏ်ရာရရှိခဲ့ကြောင်း တရုတ်သတင်းဌာနများက အစီ ရင်ခံခဲ့သည်။ ယင်းအဖြစ်အပျက် မှာ နှစ်လအတွင်း ယူနန်ပြည်နယ် နယ်စပ်တစ်လျှောက် သေကျေ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်စေခဲ့ သည့် ဒုတိယမြောက်စစ်ရေးကျူး ကျော်တိုက်ခိုက်မှုဖြစ်သည်ဟု တ ရုတ်သတင်းဌာန South China Morning Post က ထောက်ပြ သည်။ ယင်း မေလ ၁၄ ရက် လက် နက်ကြီးကျည်ကျရောက်ပေါက် ကွဲမှုမှာ မြန်မာ့ တပ်မတော်စစ် ကြောင်းများ၏ ပစ်ခတ်မှု လုံးဝမ ဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၁၈ ရက်တွင် တရုတ်သံအမတ်ကြီး၊ တရုတ်စစ်သံမှူးတို့နှင့် တွေ့ဆုံ ပြောကြားခဲ့သည်။ 

ထို့အပြင် ကိုး ကန့်လက်နက်ကိုင်အဖွဲ့မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာ မိတ်တပ်မတော် (MNDAA) က နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်အ ကြား ဆက်ဆံရေးထိခိုက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်နိုင် သည်ဟု တပ်ချုပ်က ဆိုခဲ့သည်။

ကိုးကန့်တိုက်ပွဲများဖြစ်ပွားသည့် ဖေဖော်ဝါရီလမှစတင်၍ ပြီးခဲ့သည့် လများတစ်လျှောက် မြန်မာနိုင်ငံ မြောက်ပိုင်းကိစ္စအ တွက် စိတ်ပူပန်မှုရှိကြောင်း၊ နယ် စပ်ဒေသ တည်ငြိမ်လုံခြုံရေးအ တွက် အမြန်ဆုံးကြိုးပမ်းစေလို ကြောင်းတို့ကို တရုတ်က ထပ်တ လဲလဲ တိုက်တွန်းနေခဲ့သည်။ထို့အ ပြင် နယ်စပ်ကိုကျော်ဖြတ်ပြီးလက် နက်ကြီးနှင့် ကျည်ဆန်များ ကျ ရောက်နေမှုအတွက် ထိန်းထိန်း သိမ်းသိမ်း လုပ်ဆောင်ရန် မြန်မာ အစိုးရကို အကြိမ်ကြိမ် အရေးဆို ခဲ့သည်။ တရုတ်နိုင်ငံ၏ ‘အလွတ် စိတ်မကျေမနပ်ဖြစ်မှု’ ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့် ရပုဂ္ဂိုလ် ဟွာချောင်ယင်းက ထပ် တလဲလဲ ပြောကြားနေပြီး ‘တတ် နိုင်သမျှ အမြန်ဆုံး’ နယ်စပ်ဒေသ တည်ငြိမ်မှု ပြန်လည်တည် ဆောက်ရန် မြန်မာနိုင်ငံကိုတိုက် တွန်းခဲ့ဖူးသည်။ ထို့နောက် ယခု စစ်ရေးလေ့ကျင့်မှုအစီအစဉ် သည် မတ်လက ဖြစ်ပွားသည့် ပစ်မှတ်လွဲချော် ဗုံးကျရောက် ပေါက်ကွဲမှုဖြစ်စဉ်အပြီး တရုတ် ဘက်က ပထမဆုံး တရားဝင် ကြေညာသည့်စစ်ရေးလေ့ကျင့်မှု ဖြစ်လာခဲ့သည်ဟု ဘေဂျင်းအခြေ စိုက်သတင်းများက ထောက်ပြ သည်။ ဗုံးကျရောက်မှု ဖြစ်ပွားအ ပြီးတွင် တရုတ်သည် နယ်စပ်ဒေ သကို စောင့်ကြည့်ရန် အင်အား ဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဖူး ကြောင်း ယုံကြည်ရသည်။

တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်နေစဉ်
7Day Daily


No comments:

Post a Comment

My Blog List