ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တစ်လပုံမှန်အသုံးစရိတ်သည် ကျပ်ငွေ ၁ ဒသမ ၄ ဘီလီယံခန့်(ကျပ်သန်းပေါင်း ၁,၄၀၀ခန့်)ရှိ ကြောင်း သတင်းရရှိသည်။ဖော်ပြပါ အသုံးစရိတ်များသည် ခရိုင်၊ မြို့နယ် ၊ ရပ်ကျေး၊ ပါတီရုံးခွဲများအတွက် ထောက်ပံ့စရိတ်၊ စည်းရုံးရေးစရိတ် သုံးစွဲမှု များသာဖြစ်ပြီး ဗဟိုအဆင့် အသုံး စရိတ်များ မပါဝင်သေးကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးစိုးနိုင်က ပြောကြား သည်။
အဆိုပါ ထောက်ပံ့ငွေများ မှာ မြို့နယ်အဆင့် ပါတီအလုပ် အမှုဆောင်တစ်ဦးအား တစ်လလျှင် ကျပ်တစ်သိန်း၊ ရပ်ကျေးပါတီဝင်များအတွက် တစ်လလျှင် စည်းရုံးရေးစရိတ် ကျပ်ငါးသောင်းဖြစ်ကြောင်း ဦးစိုးနိုင်က ဆိုသည်။
‘‘ကျန်တာတွေကို မသုံးဘူး။ တော်တော်ချွေတာတယ်။ ခရီးစ ရိတ်တွေ အဘတို့ကိုယ်တိုင်သွား တယ် မတင်ဘူး။ အသင်းဘဝက တည်းက စုဆောင်းထားတာလေး တွေ ချွေချွေတာတာနဲ့ ပြန်သုံး တာပေါ့။ တချို့လည်း ဘဏ်တို့ဘာတို့က အပ်ထားလို့ရတဲ့ အတိုး လေးနဲ့’’ဟု အသုံးစရိတ်နှင့်ဝင်ငွေ အပေါ် ဦးစိုးနိုင်က ပြော
ကြား သည်။
မေလ ၃၁ ရက်က နေပြည် တော်ရှိ ပြည်ခိုင်ဖြိုးရုံးချုပ်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအစည်းအဝေး သတင်းစာရှင်းလင်းပွဲအပြီး၌ သတင်းထောက်တစ်ဦး၏ မေး
မြန်းမှုကို ပြန်လည်ဖြေကြားခြင်းဖြစ်သည်။
ပါတီအနေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း မရှိ တော့ကြောင်း၊ လက်ရှိ အစိုးရ အနေဖြင့်လည်း မည်သည့် ပံ့ပိုး ကူညီမှုမှ မရှိကြောင်း ၎င်းက ဆို သည်။
‘‘နောက်လာမယ့် ရွေး ကောက်ပွဲအတွက်လည်း ပါတီအ နေနဲ့ ချွေချွေတာတာ သုံးမယ်။ ရှိတဲ့သူ၊ တတ်နိုင်တဲ့သူတွေက လည်း ကိုယ့်ဟာကို ထုတ်သုံးပေါ့။ မတတ်နိုင်တဲ့သူကလည်း မတတ် နိုင်သလိုပေါ့။ အခြေ
ခံတော့ မပူရ ပါဘူး။ တခြားပါတီတွေထက်စာ ရင်တော့ ငွေကြေးက မပူရပါဘူး’’ ဟု ဦးစိုးနိုင်က ဆိုသည်။
နေပြည်တော်ရှိ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တည်ရှိသော နေရာသည်မြေဧက ၈၀ ရှိ
ပြီး အဆိုပါနေရာတွင် ရုံးခန်းများ၊ လွှတ်တော် ကိုယ်စားလှယ်များနေထိုင်ရန် အ ဆောက်အအုံ၊ သင်တန်းကျောင်း များရှိပြီး ပါတီ၏ဗဟိုအစည်း အဝေးများကို ယင်းနေရာတွင် ကျင်းပကြောင်း ဦးစိုးနိုင်ထံမှ သိရသည်။
7Day daily
No comments:
Post a Comment