Monday, June 01, 2015

တောင်ကိုရီးယား ကာကွယ်ဝန်ကြီးနှင့် တရုတ်ရေတပ်ဗိုလ်ချုပ် ဒေသတွင်း လုံခြုံရေး ဆွေးနွေး


စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ လုံခြုံရေး ထိပ်သီးအစည်းအဝေးကို တက်ရောက်လာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတို့ တနင်္ဂနွေနေ့က ညီလာခံပြင်ပမှာ သီးခြားတွေ့ဆုံကြပါတယ်။

တရုတ်ရေတပ်ဗိုလ်ချုပ် ဆန်ကျန်ဂေါင် (Sun Jianguo) နဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဟန် မင်ကို (Han Minkoo) တို့ ၂ ဦး ဒေသတွင်း လုံခြုံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပေမယ့် အသေးစိတ်ထုတ်ပြန်ခြင်းတော့ မရှိခဲ့ပါဘူး။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက လေယာဉ်ကွင်းတွေပါရှိတဲ့ ကျွန်းတွေ တည်ဆောက်မှုကို ရပ်ဆိုင်းဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက စနေနေ့က တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံကလည်း အပြင်းအထန် ပြန်ခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ဆန်ကတော့ ဒေသတွင်း ပြည်သူတွေရဲ့ လူမှုဘ၀ မြှင့်တင်ဖို့နဲ့ ရေကြောင်းဘေးအန္တရာယ်အရေးကိစ္စတွေ ပေါ်လာရင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ဖို့၊ သိပံ္ပဆိုင်ရာ သုသေတနလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီကျွန်းတွေ တည်ဆောက်တာလို့ ကာကွယ်ပြောဆိုပါတယ်။

သူ့ရဲ့ေ့ပြာဆိုမှုကို အမေရိကန်နိုင်ငံက သဘောတူလက်ခံသလားလို့ သတင်းထောက်တဦးရဲ့ မေးခွန်းကို အမေရိကန်တွေကိုပဲ မေးမြန်းဖို့ ဗိုလ်ချုပ်ကြီး ဆန်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

DVB


No comments:

Post a Comment

My Blog List